တရုတ်နိုင်ငံတွင်တက္ကသိုလ်ကျောင်းသူများကို ကိုယ်ပိုင်လုပ်ငန်းတီထွင်လုပ်

2016-05-20 10:15:27 |သတင်းအရင်းအမြစ် 德宏缅文网

 မကြာမီအတောအတွင်းကထုတ်ပြန်ခဲ့သည့် "ဟိုင်နန်ပြည်နယ် အဆင့်မြင့်တက္ကသိုလ်ကျောင်း၏ ကိုယ်ပိုင်လုပ်ငန်း တီထွင်လုပ်ကိုင်နိုင်သည့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုစီမံကိန်းသစ်" တွင် တက္ကသိုလ်ကောလိပ်တိုင်းကို ပြောင်းလဲရ လွယ်ကူသော ပညာရေးစနစ်ကို ကျင့်သုံးရန်တောင်းဆိုထားပြီး တက္ကသိုလ် ကျောင်းတက် နေသည့် ကျောင်းသူ ကျောင်းသားများ မိမိတို့တက္ကသိုလ်ကျောင်း၏ မူလပညာရေးစနစ်အပေါ်မူတည်၍ ကျောင်းနားကာလကို (၂)နှစ်မှ (၅)နှစ်အထိ တိုးချဲ့နိုင်ပြီး မိမိလုပ်ကိုင်မည့်ကိုယ်ပိုင်လုပ်ငန်းအခြေအနေအပေါ်မူတည်၍ မိမိတက်ရောက် နေသည့် တက္ကသိုလ်ကျောင်းနှင့်လည်း ကျောင်းနားကာလကို ဆွေးနွေးအတည်ပြုနိုင်ကြောင်း ဟိုင်နန်ပြည်နယ် ပညာရေးဌာနမှ သိရပါသည်။ ထို့အပြင် တက္ကသိုလ်ကျောင်းဆရာ၊ဆရာမများကို ကျောင်းသူ၊ ကျောင်းသား များအား မိမိကိုယ်ပိုင်လုပ်ငန်းတီထွင်ဆန်းသစ်မှုနှင့် စီးပွားရေးစွမ်းဆောင်မှုများပြုလုပ်ရန်အတွက် တွန်းအားပေးခဲ့ကြောင်း သိရ ပါသည်။

  (ဆင်ဟွာသတင်းဌာနမှကောက်နုတ်ဖော်ပြသည်။)