လှိုင်လှိုင်ထွက်သောပုဂံယွန်းထည်

2016-05-24 09:51:59 |သတင်းအရင်းအမြစ် 吉祥杂志

မြန်မာ့သမိုင်းတွင်နာမည်ကျော်ကြားသောပုဂံမြို့သည်မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပါသည်။ ဧရာဝတီမြစ် အလယ်ပိုင်း ဗယ်ဘက်ကမ်း၊ မန္တလေးမြို့မှ အနောက်တောင် ကီလိုမီတာ (၁၅၀)ကျော်အကွာတွင်တည်ရှိသည်။ ရှေးဟောင်းပုဂံမြို့ထဲတွင် အေးဆေးစွာလျှောက်လှမ်းပါက နေရာတိုင်းတွင်အရွယ်အကြီးအသေး မတူညီသော ဘုရားစေတီများကို လမ်းမ လမ်းဆုံးတွင်  ဖူးမျှော်တွေ့မြင်နိုင်မည်ဖြစ်သည်။ “တံခါးမှ ထွက်သည်နှင့် စေတီပုထိုးကို တွေ့မြင်နိုင်သည်။

ခြေတစ်လှမ်းလှမ်းတိုင်းဘုရားကိုဖူးမြင်နိုင်သည်”ဟုအမှန်တကယ်ပင်ပြောနိုင်ပေသည်။ထိုကြောင့်လည်း ပုဂံသည် “ဗုဒ္ဓဘာသာ အနုပညာ အနှစ်သာရများ စုဝေးရာနေရာ”ဟု သတ်မှတ်ခြင်း   ခံရသည်။“အရှေ့တိုင်းဗုဒ္ဓဘာသာအနုပညာ၏ရတနာသိုက်”လည်းဖြစ်သည်။ပုဂံတွင်ယွန်းထည်ပ

စ္စည်းများလှိုင်လှိုင်ထွက်သည်။ဤနေရာတွင်ရှိသောယွန်းထည်ပစ္စည်းများမှာ ပုံစံအမျိုးမျိုးအဖုံဖုံ ရှိသည်။ ရပ်နီးရပ်ဝေးအထိ နာမည်ကျော်ကြားသည်။ ယွန်းထည်ပစ္စည်းများ အပေါ်တွင် မြန်မာ လူမျိုးတို့၏ မင်္ဂလာလာဘ်ကောင်ဖြစ်သော ဇီးကွက်ပုံကိုလည်း အများဆုံး ဆွဲထားတတ်သည်။

    ကျွန်တော်သည်ကံကောင်းထောက်မစွာဖြင့်ယွန်းထည်ပစ္စည်းထုတ်လုပ်သောလုပ်ငန်းရုံကို

လည်းလေ့လာနိုင်ရုံသာမကအနှစ်သာရရှိသောယွန်းထည်ပစ္စည်းများကိုလည်းဝယ်ယူနိုင်ခဲ့သည်။ လုပ်သားများသည်စင်ထိုးထားသောလုပ်ငန်းရုံတွင်ဖျာပေါ်၌ခင်းကျင်းထိုင်ကြသည်။တစ်ချို့မှာ

ဝါး(သို့) မြင်းအမြီးကို အသုံးပြု၍ ယွန်းထည် ပုံစံငယ်ကို ရက်လုပ်သည်။ တစ်ချို့မှာ ယွန်းထွင်းဓားဖြင့်ယွန်းထည်ကိုတစ်ထပ်ပြီးတစ်ထပ်ပန်းပြောက်များထွင်းသည်။တစ်ချို့မှာလက်ကိုအသုံးပြု၍ယွန်းထည်များကိုချောမွေ့အောင်သုတ်ကြသည်။ယွန်းထည်ပေါ်တွင်ရွှေဆိုင်းများလည်းကပ်ကြသည်။ဤကဲ့သို့သောလုပ်ငန်းရုံများမှာပုဂံရှိနေရာတိုင်းလိုလိုတွင်ရှိသည်ဟုဆို

သည်။ ယွန်းထည်ပစ္စည်းရက်လုပ်မှု အနု ပညာနှင့် ပတ်သက်၍ အိမ်တိုင်းရှိ အခြေခံနည်းပညာမှာ မကွာလှချေ။သို့သော်အရောင်၊ကုန်ကြမ်း၊ဒီဇိုင်းပုံစံ၊ယွန်းအသုံးပြုမှုအကြိမ်အရေအတွက်မှာ မတူညီပေ။ ထို့ကြောင့် ထုတ်ကုန် ပစ္စည်း၏ အရည်အသွေးမှာလည်း ကွာခြားမှုရှိသည်။

    ယွန်းထည်လက်မှုအနုပညာသည်ပုဂံတွင်နှစ်ထောင်ချီရှိသောသမိုင်းပင်ဖြစ်သည်။ယွန်းထည်

လက်မှုအနုပညာသည် ရှေးယခင်က မိရိုးဖလာနည်းပညာအတိုင်း ရက်လုပ်ကြခြင်းဖြစ် သည်။ ကုန်ကြမ်းတွင် မြင်းမြီး၊ ၀ါး၊ သစ်သား၊ ယွန်းထည် အစရှိသည်တို့ကို သုံးခြင်းဖြစ်သည်။ ဓာတုဗေဒဆိုးဆေးများ မပါဝင်ပေ။ ယွန်းထည်ပစ္စည်းတိုင်း၏  ယွန်းမှာ သစ်ပင်အစေးမှ ဖော်စပ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒေသခံ ခရီးသွား ဧည့်သည်များကို ရောင်းချပေးရုံမက၊ အီတလီ၊ ပြင်သစ်၊ ဂျပန်၊မက္ကဆီကို၊ တောင်ကိုးရီးယား၊ ဘူတန် အစရှိသောနိုင်ငံများသို့ လည်း တင်ပို့ရောင်းချသည်။