အမျိုးစုံလင်ဆန်းပြားသောတရုတ်ဟန့်လူမျိုးရိုးရာအကများ

2016-05-24 09:57:24 |သတင်းအရင်းအမြစ် 吉祥杂志

    ရှည်ကြာသောသမိုင်းကြောင်းနှင့်တောက်ပြောင်သောရိုးရာယဉ်ကျေးမှုပိုင်ဆိုင်ထားသောတ

 

ရုတ်ဟန့်လူမျိုးတို့သည်တရုတ်ပြည်၏ပင်မလူမျိုးပင်ဖြစ်သည်။အဓိကအားဖြင့်တရုတ်ပြည်အရှေ့ပိုင်း၊အလယ်ပိုင်းနှင့်အရှေ့တောင်ပိုင်းဒေသများတွင်ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ကျက်နေထိုင်ကြပါ

သည်။

ဟန့်လူမျိုးတို့သည်ရှေးကတည်းကစတင်ပြီးအဆိုအက များဖြင့် အမျိုးစုံလင်ထွန်းကားခဲ့ကာ သမိုင်းတိုးတက်မှုဖြစ်စဉ်နှင့်အတူစဉ်ဆက်မပြတ်ဖွံ့ဖြိုးခဲ့ကြောင်းသိရှိရပါသည်။ဟန့်လူမျိုးတို့၏

ရိုးရာအကများသည်အကြောင်းအရာစုံလင်ရုံမကအမျိုးအစားလည်းများပြားသည်။နေရာဒေသကိုလိုက်၍စတိုင်၊အ၀တ်အစား၊ဖော်ကျူးပုံများလုံးဝမတူတမူထူးခြားလှပါသည်။

    နွေဦးပွဲတော်လှုပ်ရှားမှုမှာစုန့်နှင့်ချင်းအင်ပါယာခေတ်တို့မှစတင်ခဲ့သောအဆိုအကပုံစံမျိုးကိုယ

နေ့ထက်တိုင်ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ရှေးကတည်းကတရုတ်လူမျိုးတို့သည်နဂါးကိုမင်္ဂလာလာဘ်တစ်ပါးအဖြစ်ယူဆခဲ့ကြပါသည်။ကြာရှည်သောသမိုင်းကြောင်းကိုဖြတ်ကျော်ခဲ့

ပြီးသောအခါနဂါးသည်လူအများကိုးကွယ်သောလယ်ယာဆည်မြောင်းများကိုကြီးစိုးနိုင်သောနတ်တစ်ပါးအဖြစ်ကျော်ကြားလာခဲ့ပါသည်။လယ်ယာလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုကြသည့်ဟန့်တရုတ်လူမျိုးတို့သည်မိုးပျံမြေလျှိုးနိုင်သောနဂါးကိုကိုးကွယ်ကြသည်။ပူဇော်ကန်တော့

ကြသည်။ထိုကြောင့်တောင်ပိုင်းမှသည်မြောက်ပိုင်းသို့တိုင်နေထိုင်ကြသောဟန့်လူမျိုးတို့သည်နွေဦးပွဲတော်ရောက်သောအခါဗြောက်အိုးသံအကြားမီးရှူးမီးပန်းများအကြားမှာပုံစံအမျိုးမျိုးရှိသောနဂါးအကကိုကခုန်တတ်ကြပါသည်။ထို့အပြင်ကြက်ကျန်းပြည်နယ်တစ်ဝိုက်မှာခေတ်စားခဲ့သောလှပျိုဖြူတို့တိမ်ဖြူနှင့်ကြာပန်းကိုလက်ဝယ်ကိုင်ဆောင်ကာတင်ဆက်ကပြကြသောအကသည်ကျော်ကြားလှပါသည်။သာယာငြိမ့်ညောင်းသောကြာပန်းအကအပြီးမှာနဂါးထွက်ပေါ်လာပြီးတိမ်

ကြားမှာနဂါးလွင့်မျောနေပုံသည်လွန်စွာမှဆွဲဆောင်မှုရှိလှပါသည်။ကြည့်ရသူပရိသတ်အများရင်သပ်ရှုမောဖွယ်ပင်ဖြစ်နေပါတော့သည်။တောင်ပိုင်းသည်ဆန်ရေစပါးပေါများသောနေရာဖြစ်ပါ

သည်။ကောက်ရိုးဖြင့်နဂါးရုပ်စည်းထားကာနဂါးကိုယ်ထည်တစ်ခုလုံးကိုအမွှေးတိုင်များထွန်းညှိထားကြပြီးညသန်းခေါင်အချိန်အခါမှာကောက်ရိုးနဂါးအကကိုကခုန်ကြပါသည်။ကြယ်ရောင်

အောက်မှာမီးခိုးအကြားတွင်ကခုန်မြူးထူးနေသောနဂါးအကသည်တမူထူးခြားလူကြိုက်များလှပါသည်။ နွေဦးနှစ်သစ်ကူးပွဲတော် တွင်ဟန့်လူမျိုးတို့နေထိုင်ရာ ကျယ်ပြန့်သော ဒေသတစ်ခွင် တွင် ပုံစံအမျိုးမျိုးသောဆန်းကျယ်လှပသည့်နဂါးပုံများပေါ်ထွက်လာနေသည်မှာနဂါးနွယ်ဝင်ဟန့်တရုတ်လူမျိုးတို့၏သမိုင်းရှည်ကြာလှသည့်အကြောင်းယဉ်ကျေးမှုနက်နဲကျယ်ပြန့်လှသည့်အကြောင်း သက်သေထူနေပါတော့သည်။

    ဟန့်တရုတ်လူမျိုးတို့၏“ခြင်္သေ့”အကသည်ဟန့်အင်ပါယာခေတ်တွင်အနောက်တိုင်းဌာနီမှဝင်

 

ရောက်လာခဲ့ခြင်းဖြစ်သည်။ဗုဒ္ဓဘာသာယဉ်ကျေးမှုဝင်ရောက်လာသောအခါနွေဦးနှစ်သစ်ကူးပွဲ

တော်တွင်“ခြင်္သေ့”အကသည်မကောင်းဆိုးဝါးကိုနှိမ်နင်းသောမင်္ဂလာယူသောမရှိမဖြစ်လိုအပ်

သောရိုးရာအကဖြစ်လာပါတော့သည်။“ခြင်္သေ့”အကသည်ယဉ်ကျေးသိမ်မွေ့သည်။ဘောလုံးပစ်

ခြင်း၊ပျဉ်ပြားနင်းခြင်းစသည့်ကကွက်များဖြင့်အံ့မခန်းအစွမ်းပြနိုင်သည်။လူတို့နှင့်ချစ်ခင်ရင်းနှီး

သောကြောင်သဏ္ဌာန်“ခြင်္သေ့ယဉ်”နှင့်ကျားသဏ္ဌာန်ဂျွမ်းဘားအစွမ်းပိုင်နိုင်သော“သိုင်းခြင်္သေ့”တို့သည်အခြေခံအားဖြင့်မြောက်ပိုင်းနှင့်တောင်ပိုင်းတို့၏မတူသော“ခြင်္သေ့”အကပုံစံမျိုးဖြစ်နေပါတော့သည်။

    “ယန်းကော”ခေါ်“ကောက်စိုက်”အကသည်နွေဦးနှစ်သစ်ကူးပွဲတော်တွင်စည်ကားသိုက်မြိုက်

စေသောအကတစ်မျိုးဖြစ်သည်။အဆိုပါ“ယန်းကော”ခေါ်“ကောက်စိုက်”အကသည်တစ်မျိုးတည်းမဟုတ်ပေ။အမျိုးအစားများစွာကိုပေါင်းစပ်ထားသောအနုပညာအကဖြစ်သည်။အဖွဲ့အများအ

ပြားဖြင့်ဖွဲ့စည်းထားသောထိုအကအဖွဲ့သည်လမ်း ကြိုလမ်းကြားနေရာအနှံ့လှည့်လည်ကပြနေရာ မြောက်ပိုင်းသားတို့သည်ထိုသို့သောပူဇော်ကန်တော့ပွဲကျင်းပသည့်နွေဦးနှစ်သစ်ကူးအနုပညာ

တင်ဆက်ကပြမှုများအားလုံးကိုခြုံငုံပြီး“ဆက်ဟော်(မီးပုံအက)”သို့မဟုတ်“ယန်းကော(ကောက်စိုက်အက)”ဟုခေါ်စမှတ်ပြုကြပါတော့သည်။ ထိုအကအဖွဲ့ များကိုလည်း“ယန်းကောအကအဖွဲ့”ဟု ခေါ်တွင် ကြပါ တော့သည်။

ကျေးရွာအသီးသီးမှ ထိုသို့သောစည်ကားသိုက်မြိုက် သည့် ပျော်ပွဲရွှင်ပွဲတင်ဆက်ကပြမှုများ ကျင်းပနေကြပါသည်။ နွေဦးနှစ်သစ်ကူးပွဲတော်သည် နှစ်ဆန်းမှစပြီးပထမလ (၁၅) ရက်နေ့ထိတိုင် လမ်းကြိုလမ်းကြားနေရာတကာမှာပွဲလမ်းသဘင်ကျင်းပလျက်ရှိနေကြရာထိုပွဲခင်းအတွင်း

ရောက်ရှိနေသူများအဖို့မိမိရောက်ရှိနေသောနေရာသည်လူ့ပြည်လား၊နတ်ပြည်လားပင်ခွဲခြားသိရှိနိုင်မည်မဟုတ်တော့ပါ။