ကမ္ဘာ့သက်တမ်းအကြာမြင့်ဆုံတိုင်းရင်းဆေးထုတ်လုပ်ရေးစက်ရုံ

2016-05-24 16:40:51 |သတင်းအရင်းအမြစ် 国际在线

၂၀၁၆ ပင်လယ်ပိုးလမ်းမကြီး တစ်လျှောက်နိုင်ငံမှ မီဒီယာများ တရုတ် ကွမ်တုန်းပြည်နယ်ခရီးစဉ်လှုပ်ရှားမှုတွင် ပါဝင်သူသတင်းထောက်များသည် မေလ၂၃ရက်နေ့တွင် ကွမ်ကျိုးချင်လီကြည့် တရုတ်တိုင်းရင်းဆေး ထုတ်လုပ်ရေးစက်ရုံသို့ လေ့လာကြည့်ရှု ခဲ့သည်။ ချင်လီကြည့်တိုင်းရင်းဆေးထုတ်လုပ်ရေးစက်ရုံကို အေဒီ၁၆၀၀တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အခုအထိ သက်တမ်း ၄၁၆နှစ်ရှိပါပြီ။ ချင်လီကြည့် ဆေးဝါးထုတ်လုပ်ရေး စက်ရုံတီထွင်ထုတ်လုပ်သော ပျားဖရောင်းဆေးလုံးအကြောင်းနှင့် ချင်ဖီခေါ် ကြာရှည်ထားခဲ့သော လိမ္မော်သီးအခုံခြောက်၏အကြောင်းကို သိရှိနားလည်ခဲ့သည်။ ဆေးလုံး၏အပြင်တွင် ပျားဖရောင်းဖြင့် ဖုံးထားလျှင် ဆေးလုံးကို သယ်ယူပို့ဆောင်ရာတွင် ကြာရှည်ခံစေနိုင် သည်။ လိမ္မော်သီးအခုံခြောက်ဖျော်ရည်ကို သောက်လျှင် ချွေးကို ကြေစေနိုင်သည်။

    မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနက သတင်းထောက် ဦးအောင်နေဦးနှင့် ဦးမြတ်စိုးတို့ သည် ဒီတစ်ကြိမ်ခရီးစဉ်တွင် ပါဝင်ခဲ့သည်။