တိုင်(ရှမ်း)တိုင်းရင်းသားတို့၏တံခါးဖွင့်ပွဲတော်

2016-05-27 14:05:41 |သတင်းအရင်းအမြစ် 吉祥杂志

တံခါးဖွင့်နှင့်တံခါးပိတ်ပွဲတော်သည်ထေရဝါဒဗုဒ္ဓဘာသာကိုယုံကြည်ကိုင်းရှိုင်းကြသောတိုင်(ရှမ်း)၊ပုလောင်၊အားချန်း၊ တယ်အောင်တိုင်းရင်းသားတို့၏ ဘာသာရေးဆိုင်ရာပွဲတော်ဖြစ်ပါသည်။တိုင်တိုင်းရင်းသားတို့၏တံခါးပိတ်နှင့်တံခါးဖွင့်ပွဲတော်သည်ပိုမိုပြီးစံပြပုံစံရှိပြီးဘာသာရေးပိုဆန်ပါသည်။တံခါးပိတ်ပွဲတော်ကိုတိုင်တို့၏ ဘာသာစကားအရ “ဟောင်ဝါဆာ့”ဟု ခေါ်ဆိုကြပြီး ဗုဒ္ဓတရားတော်ကို နာခံရန်အချိန်သို့ဝင်ရောက်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ နှစ်စဉ်တိုင်သက္ကရာဇ် (၉) လ (၁၅) ရက်နေ့ (တရုတ်ပြက္ခဒိန် ၆ လလယ်) မှာ တံခါးပိတ်ပွဲသတ်မှတ်ထားသည်။(၃)လအတွင်းကျင်းပရသောဗုဒ္ဓတရားတော်ကိုနာခံခြင်းပြီးဆုံးသောရက်(တိုင်သက္ကရာဇ် ၁၂ လ ၁၅ ရက်နေ့) တွင်တံခါးဖွင့်ပွဲကျင်းပရသည်။တံခါးဖွင့်ပွဲကိုတိုင်တို့၏ဘာသာစကားအရ“အောက်ဝါဆာ့”ဟုခေါ်ဆိုပြီးဗုဒ္ဓတရားတော်ကိုနာခံပြီးထွက်လာခြင်းဟုအဓိပ္ပါယ်ရပါသည်။ဗုဒ္ဓတရားတော်ကိုနာခံခြင်းအစနှင့်အဆုံးပွဲတော်သတ်မှတ်ထားခြင်းဖြစ်ရာစိတ်ဝင်စားရန်အလွန်ပင်ကောင်းလှပါသည်။ထိုတံခါးပိတ်ပွဲနှင့်ဖွင့်ပွဲတို့ကိုရှေးခေတ်ဟိန္ဒူဘာသာဝင်တို့မိုးရာသီအတွင်းအနားယူသည့်ဓလေ့မှ ဆင်းသက်လာဟန်ရှိသည်ဟု အများကလက်ခံထားကြသည်။ (၃)လအတွင်းတံခါးပိတ်သည်မှာဗုဒ္ဓဘာသာဝင်တို့သီလစောင့်ဥပုသ်ပြုကြခြင်းပင်ဖြစ်သည်။

တံခါးပိတ်ပွဲကျင်းပသည့်နေ့မှာတိုင်တိုင်းရင်းသားရွာအတွင်းပွဲတော်ရက်အငွေ့အသက်များဖြင့်ဖုံးလွှမ်းလျက်ရှိနေပါသည်။နံနက်မိုးလင်းလျှင်လင်းချင်းအိမ်တိုင်းအိမ်တိုင်းတွင်ကောက်ညှင်းပေါင်းနှင့်မုန့်ပဲသရေစာများချက်လုပ်ရန်၊အိမ်နီးချင်းဆွေမျိုးများထံပေးပို့ရန်၊ထမင်းဝိုင်းများကိုပြင်ဆင်ရန်အလုပ်များနေကြပါတော့သည်။တံခါးပိတ်ပွဲ (၃) လအတွင်းဘုရားကျောင်းကန်သို့ သွားရောက်ပြီး ဘုန်းတော်ကြီးထံတရားနာရသည်မှာအဓိကလုပ်ဆောင်ရမည့်အလုပ်တစ်ခုပင်

ဖြစ်ပါသည်။ဘုန်းတော်ကြီးဟောကြားသည့်အကြောင်းအရာများမှာဗုဒ္ဓ၀င်သမိုင်အကြောင်းများ၊ဗုဒ္ဓတရားတော်များပါဝင်နေရာတရားနာပရိသတ်များအားနိဗ္ဗာန်ရောက်ကြောင်းတရားများသဘောပေါက်နားလည်စေမည် ဖြစ်ပါသည်။တံခါးပိတ်ပွဲမှအစတံခါးဖွင့်ပွဲအထိ(၃)လတာကာလအတောအတွင်းတိုင်တိုင်းရင်းသားတို့သည်မင်္ဂလာဆောင်ပွဲမကျင်းပရပါ။အိမ်သစ်ဆောက်လုပ်ခြင်း၊ခရီးဝေးထွက်ခြင်းများကိုလည်းလုပ်ဆောင်ခြင်းမပြုလုပ်ရပါ။အာရုံစုစည်းပြီးလယ်အလုပ်၊ကုန်ထုတ်လုပ်ခြင်းအလုပ်လုပ်ဆောင်ရသည်။ဘုရားကျောင်းကန်သို့သွားပြီးဘုရားရှိခိုးရသည်။ တရားအလုပ်လုပ် ရသည်။ဘာသာရေးကိုင်းရှိုင်းသူသက်ကြီးရွယ်အိုများသည်မိမိအသိတရား

ဖြင့် သီလစောင့်ဥပုသ်ပြုကြသည်။ အင်္ကျီအဖြူ ခေါင်းပေါင်းအဖြူများကို ၀တ်ဆင်ကြရသည်။တခါတရံဘုရားကျောင်းကန်မှာနေထိုင်ကြရသည်။ (၇) ရက်တစ်ကြိမ် ကျင်းပသော ဘာသာရေးပွဲများ ကျင်းပကြသည်။ ထိုအချိန်  ရောက်ရှိလျှင်ဗုဒ္ဓဘာသာဝင်ဓမ္မမိတ်ဆွေများသည်အစားအစာ၊ဖယောင်းတိုင်အမွှေးတိုင်များကိုယ်စီဖြင့်ဘုရားဝတ်ပြုကြသည်။ဘုန်းတော်ကြီးထံတရားနာကြရသည်။ဘုန်းတော်ကြီးများကလည်းဝိနည်းအကြောင်း၊သီလအကြောင်း၊ ဗုဒ္ဓ၀င်အကြောင်းတို့ကို ဟောကြားတော်မူကြသည်။ (၃) လ ပြည့်  သောတံခါးပိတ်ပွဲပြီးဆုံးသည့်တိုင်သက္ကရာဇ်(၁၂)လ(၁၅)ရက်နေ့သို့ရောက်ရှိသောအခါတံခါးပိတ်ပွဲတော်ကိုကျင်းပကြပါတော့သည်။ညသို့ရောက်ရှိသောအခါဘုရားကျောင်းဝင်းအတွင်းမီးပန်းများလွှတ်ခြင်း၊မီးပုံးပျံလွှတ်

တင်ကြခြင်း၊ကပွဲများတင်ဆက်ကြခြင်း၊မီးပုံးများရွာအနှံ့လှည့်လည်ကြခြင်းစသည်ဖြင့်ကျင်းပကြရာဥပုသ်လပြီးဆုံးကြောင်းကိုကျင်းပကြပါတော့သည်။ တံခါးဖွင့်ပြီဖြစ်ကြောင်းဖော်ပြကြပါတော့သည်။ထိုညကျော်လွန်ပြီးသောအခါတိုင်တိုင်းရင်းသားရွာများအတွင်းပုံမှန်အနေအထားသိြု့

ပန်လည်ရောက်ရှိသွားကာဘုန်းတော်ကြီးများသာမန်လူအများသည် ခရီးဝေးသို့ထွက်ခွါခြင်း၊ အိမ်ခြံများပြုပြင်တည်ဆောက်ခြင်း၊ ကာလသားလူငယ် မောင်မယ်များ သမီးရည်းစားထား

ကြခြင်း၊ ချစ်သောသူများ ထိမ်းမြားမင်္ဂလာဆောင်ခြင်း စသည်တို့ကိုပြန်လည်လုပ်ဆောင် နိုင်

ကြပါတော့သည်။