ယဉ်ကျေးမှုအနှစ်သာရနက်ရှိုင်းလှသောမြောင်လူမျိုးငွေထည်အဆင်တန်ဆာ

2016-05-27 14:29:28 |သတင်းအရင်းအမြစ် 吉祥杂志

မြောင်လူမျိုးငွေထည် အဆင်တန်ဆာတွင် ၀တ်စုံနှင့် လိုက်ဖက်ညီသော လက်ဝတ်တန်ဆာနှင့် ပန်ဆင်စရာများပါရှိသည်။မြောင်လူမျိုးငွေထည်အဆင်တန်ဆာသည်ရှည်လျားသောသမိုင်းအ

တွင်း တိုးတက် ပြောင်းလဲလာခြင်း၊ မတူညီ  သော ပထ၀ီ  ပတ်ဝန်းကျင်၊  နေထိုင်မှုဘ၀၊  ဓလေ့ထုံးစံ၊ယုံကြည်ကိုးကွယ်မှု၊ဘာသာရေးနှင့်ပြုလုပ်ပုံအတတ်ပညာတို့ဖြင့် ပြည့်စြွုံကယ်ဝသော မြောင်လူမျိုးတို့၏ အဆင်တန်ဆာယဉ်ကျေးမှု ဖြစ်လာခဲ့သည်။ မြောင်လူမျိုးတို့၏ကျယ်ပြန့်သော ဖြန့်ကျက်နေထိုင်မှုနှင့်ထူးခြားသောနေထိုင်မှုပတ်ဝန်းကျင်တို့ကြောင့်မြောင်လူမျိုးတို့၏ပုံစံစုံလင်

သောငွေထည်အဆင်တန်ဆာယဉ်ကျေးမှုကိုဖြစ်ပေါ်စေခဲ့သည်။ငွေထည်အဆင်တန်ဆာသည် မြောင်လူမျိုးအဆင်တန်ဆာယဉ်ကျေးမှုတွင်မရှိမဖြစ်သောအစိတ်အပိုင်းဖြစ်လာသည်။ဖြစ်ပေါ်

လာပုံ၊ဆင့်ကဲထိန်းသိမ်းပုံနှင့်ပြန့်ပွားပုံတို့မှာ တခြားလူမျိုးတို့၏ အဆင်တန်ဆာများ   နည်းတူပင် ယဉ်ကျေးမှုမျိုးစုံတို့၏ သက်ရောက်မှုဖြင့် တမူထူးခြားသော ဆက်ခံဆင့်ပွားမှုနယ်ပယ် နှင့် ဟန်ပန်ရှိလာစေသည်။

    မြောင်ငွေထည် အဆင်တန်ဆာကို ကြည့် ရုံမျှနှင့်ပင် မြောင်လူမျိုးတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို မြင်တွေ့ရ မည် ဖြစ်သည်။ ငွေကြေးပြည့်စုံြွကယ်ဝသော မိသားစုအဖြစ် ပေါ်လွင်စေသလို လူကို စွဲမက်ရှုစားချင်စရာ ယဉ်ကျေးမှုအနု ပညာ၏ ပါဝင်နေမှုကိုပါ တွေ့မြင်ရမည်ဖြစ်သည်။ မြောင် ငွေထည်အဆင်တန်ဆာသည် လူမျိုးစု အမှတ်အသားဖြစ်သောကြောင့် မြောင်လူမျိုးဒေသတစ်ချို့နှင့် အဖွဲ့အစည်း တစ်ချို့ ဆက်သွယ်ရာတွင် အရေးပါအရာရောက်လှသည်။ တရုတ် ပြည်တွင်းရှိ မြောင်လူမျိုးတို့သည် ယူနန်၊ ကွေ့ကျိုး၊ ဟိုင်နန်  နှင့် ဟူနန်အနောက်ပိုင်းဒေသများတွင် အဓိကဖြန့်ကျက်ထားပြီး တူညီသောလူမျိုးစုစနစ်တစ်ခုထဲတွင် တူညီသော ငွေထည်  ကို  ၀တ်ဆင်ကြလေ့ရှိသည်။   ငွေထည်သည်   အဖွဲ့အုပ်စု၏ ခွဲခြားမှု အမှတ်အသားဖြစ်လာသည်။ ငွေထည်ကို အလေး အမြတ်ထားစရာပစ္စည်းအဖြစ် ဘိုးစဉ်ဘောင်ဆက်မှ သားစဉ် မြေးဆက်အထိ ကျစ်ကျစ်လစ်လစ် စုစည်းနိုင်စေသည်။ မင်္ဂလာအထိမ်းအမှတ်အဖြစ်လည်း ထားရှိပြီး မြတ်နိုးစုံမက် လက်ထပ်မင်္ဂလာမှုအတွက်  ကောင်းမွန်သော  အစဉ်အလာရှိ လာစေသည်။ ငွေထည် အဆင်တန်ဆာသည် လက်ဖွဲ့အဖြစ် တစ်သက်တာ လုံခြုံမှုကို ရရှိစေသည်။ ထို့ကြောင့် မြောင် လူမျိုးငွေထည်အဆင်တန်ဆာသည်သာမန်အလှဆင်ရုံသက်သက်မဟုတ်ပဲမြောင်လူမျိုးစုလောကအတွင်း သက်ရှင်  နေထိုင်မှုအဖြစ် လူ့ဘောင်ယဉ်ကျေးမှု၏ ကယ်ရီယာ ၀တ္ထုဖြစ် ပေသည်။ မြောင်လူမျိုးတို့၏  များပြားသော  အဖွဲ့ခွဲများနှင့် မတူညီသော    ဒေသများသည်   ပုံစံများပြားစုံလင်လှသော မြောင်ငွေထည် ယဉ်ကျေးမှုများဖြစ်ပေါ်လာစေသည်။

မြောင်လူမျိုးငွေထည် အဆင်တန်ဆာသည် ပြည်သူ ကြားမှ သတ္ထုထည် ထုလုပ်သော လက်မှုပညာတွင် အမြင့်ဆုံးအဆင့်ကို ကိုယ်စားပြုသည်။ အရည်အသွေးအလွန်ကောင်းမွန် သည်။မြောင်နှင့်တိဗက်လူမျိုးတို့သည်ငွေထည်ပြုလုပ်မှုတွင်  ပို၍ အာရုံစူးစိုက်သည်၊  စိတ်အား  ပို၍  ထက်သန်သည်။ ငွေထည်၏ သဘာဝအလှစွဲဆောင်မှုနှင့် တာရှည်တည်မြဲသော တန်ဖိုးသည် ရှေးကတည်းကပင်လူသားများ၏အလေးအနက်စိတ်ဝင်စားမှုကိုရရှိခဲ့သည်။ သိရှိအသုံးချခဲ့သလို ရှေးရော ခေတ်ပါ လူ့ဘောင် ရှင်သန်မှုအတွက် အနီးကပ်အဖော်အဖြစ် ထားလေ့ရှိခဲ့ကြသည်။  ရုပ်ဝတ္ထုအနုပညာ လောကအတွင်း ထာဝစဉ် တည်မြဲမည့် ကုန်ပစ္စည်းဖြစ်ပေသည်။