တရုတ်ပြည်ရှေးဟောင်းဆေးပညာရတနာ--အပ်စိုက်ကုသနည်းနှင့်ဒေါနခြောက်မီးကင်ကုသ နည်း

2016-05-27 16:03:36 |သတင်းအရင်းအမြစ် 吉祥杂志

တရုတ်အပ်စိုက်ကုသနည်းနှင့်ဒေါနခြောက်မီးကင်ကုသနည်းသည်တရုတ်ပြည်ရှေးခေတ်လုပ်

သားပြည်သူတို့တီထွင်ခဲ့သောတမူထူးခြားသည့်ဆေးကုသနည်းတစ်မျိုးဖြစ်ပါသည်။ရှည်ကြာ

သော သမိုင်းကြောင်း ရှိခဲ့ပါသည်။  လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက လူတို့သည် သတ္တုအပ်နှင့်ဒေါနပင်အမှုန့်တို့ဖြင့်  လူ ကိုယ်ခန္ဓာ၏ သတ်မှတ်ထားသောအစိတ်အပိုင်းများမှာ အပ်စိုက်ခြင်း၊မီးကင်ခြင်းလုပ်ဆောင်ခြင်းဖြင့်ရောဂါများကိုကုသခဲ့ပါသည်။ထိုမှတဆင့်တမူထူး

ခြားသော တရုတ် အပ်စိုက်ကုသသည့် အကြောသီအိုရီကို  တီထွင်ခဲ့ရာ တရုတ်ဆေးပညာ ထူးခြားသော အစိတ်အပိုင်းဖြစ်လာစေကာ ကမ္ဘာမှာ ဂုဏ်သတင်းမွှေးပျံ့ကျော်ကြား လှပါသည်။

တရုတ်အပ်စိုက်ကုသခြင်းနှင့်ဒေါနခြောက်မီးကင်ကုသခြင်းသည်တရုတ်ရိုးရာဆေးပညာ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ထိုအထဲမှာ တရုတ် အပ်စိုက်ခြင်းသီအိုရီ၊ အပ်စိုက်သည့်အချက်အချာနေရာများ၊အပ်စိုက်သည့် နည်းပညာနှင့်ဆိုင်ရာ ကိရိယာများ စသည်တို့ပါဝင်ပါသည်။ ထိုအရာများအားလုံး ပေါ်ပေါက်လာပုံ၊ အသုံးချပုံနှင့်  ဖွံ့ဖြိုးမှုဖြစ်စဉ်  စသည်တို့ အားလုံးသည် တရုတ်ယဉ်ကျေးမှု၏ထူးခြားချက်လက္ခဏာ များ၊ ဒေသဆိုင်ရာ ထူးခြားချက်လက္ခဏာများသိသာထင်ရှား စွာ ရြေွာပမ်းပါဝင်လျက်ရှိကြောင်း၊ တရုတ် အမျိုးသားယဉ် ကျေးမှုနှင့် ရိုးရာသိပ္ပံနည်းပညာများအပေါ်မှာ အခြေခံထား ကြောင်း သိရှိရပါသည်။

တရုတ် အပ်စိုက်မီးကင်ကုသခြင်းသည် နှစ်ရှည်လများ   လက်တွေ့ဆေးကုသရင်း အကြော (၁၄) ကြော၊ ထူးခြားသည့်  အကြော (၈) ကြော၊ အကြောခွဲ (၁၅) ကြော၊ အကြောသေး (၁၂) ကြော၊ အရေပြားကြော (၁၂) ကြော၊ အကြောမျှင်များ၊ အပ်စိုက်အချက်အချာနေရာပေါင်း(၃၆၁) နေရာစသည့်သီအိုရီများကိုပြီးပြည့်စုံစေခဲ့ပါသည်။အပ်စိုက်အချက်အချာနေရာများနှင့်ကုသ

ပျောက်ကင်းသောရောဂါများဆက်နွယ်နေပုံကို တွေ့ရှိရာမှ လူကိုယ်ခန္ဓာသတ်မှတ်ထားသော အချက်အချာနေရာအချို့သည်ထူးခြားစွာဆက်နွယ်မှုရှိနေပုံတို့ကိုတွေ့ရှိကာအပ်စိုက်ခြင်းဆိုင်ရာအကြောသီအိုရီကိုတီထွင်ခဲ့ပါသည်။ ထိုမှတဆင့် အပ်စိုက်ခြင်းဆေးကုထုံး ကုနည်းစနစ်တစ်ခုလုံး ကို တီထွင်ခဲ့ပါသည်။

    တရုတ်အပ်စိုက်ခြင်းနှင့်ဒေါနခြောက်မီးကင်ကုထုံးသည်တမူထူးခြားသောအားသာချက်ရှိ

သည်။ကျယ်ကျယ်ပြန့်ပြန့်အသုံးဝင်သည်။ကုသမှုအကျိုးထက်မြက်သည်။ ကိုင်တွယ် အသုံးပြုရန် လွယ်ကူသည်။ ကုန်ကျစရိတ် နည်းပါးသည်။ ဘေးထွက်အကျိုး နည်းပါးသည်။ ရှေးခေတ်ထန်အင်ပါရာ ခေတ်ကတည်းက   တရုတ် အပ်စိုက်ကုထုံးသည်   ဂျပန်၊ ကိုးရီးယား၊ အိန္ဒိယ၊ အာရပ် စသည့်နိုင်ငံများသို့ ပြန့်နှံ့သွား ခဲ့သည်။ ထို့ပြင် အဆိုပါနိုင်ငံများတွင် ပိုမိုဖွံ့ဖြိုးသွားခဲ့ကာ ဒေသဆိုင်ရာ အငွေ့အသက်များ ပိုမိုလွှမ်းမိုးနေသောအပ်စိုက် ကုထုံးသစ် ဖြစ်ပေါ်လာခဲ့သည်။  ယခုလက်ရှိ အချိန်အထိ အပ်စိုက်ကုသနည်းသည် ကမ္ဘာ့နိုင်ငံနှင့်ဒေသပေါင်း (၁၄၀) ကျော် သို့ပြန့်ပွားခဲ့ကာ လူသားတစ်ရပ်လုံး၏ကျန်းမာရေးနှင့် အသက်အာမခံချက်ပေးရန် ကြီးမားသောအကျိုးစွမ်းဆောင်မှု များပေးဆောင်နိုင်ခဲ့ပါသည်။

တရုတ်အပ်စိုက်ကုထုံးသည်တရုတ်ပြည်ခေတ်အဆက် ဆက် သဘာဝပတ်ဝန်းကျင်မှ ပေါက်ပွားလာသော သိပ္ပံနည်းပညာဖြစ်ပြီး တရုတ်အမျိုးသားတို့၏ ထူးခြားသော စိတ်ဓာတ်၊   အတွေးအခေါ်၊ယဉ်ကျေးမှုအဆီအနှစ်တို့ရြေွာပမ်းပါဝင်လျက်ရှိနေပါသည်။လက်တွေ့မှအတွေ့အ

ကြုံများ၊ ဗဟုသုတများ၊ နည်းပညာများ တရုတ်အမျိုးသားတို့၏ တီထွင်ကြံဆမှုများ ပေါင်းစပ်ပါဝင်လျက်ရှိ နေရာလူသား တစ်ရပ်လုံး၏ယဉ်ကျေးမှုရတနာတစ်ပါးလည်း ဖြစ်နေပါသည်။