ရှေးဟောင်းဆန်လှသောအန်းစိုင်းဒိုးပတ်ဖျော်ဖြေရေး

2016-05-27 16:54:37 |သတင်းအရင်းအမြစ် 吉祥杂志

    တရုတ်နိုင်ငံအန်းစိုင်းဒေသသည်ရှန်ပေကုန်းပြင်မြင့် တွင် တည်ရှိပြီး၊  (၎င်း)င်းဒေသ၏  ဒိုးပတ်ဖျော်ဖြေရေးသမိုင်း ကြောင်းမှာ  ရှည်လျား၍  ဖျော်ဖြေမှု ဟန်ပန်များသည်လည်း ရှေးဟောင်းဆန်လှပါသည်။ လူအများသည်  ပွဲတော်နေ့များ တွင် ၀မ်းသာရွှင်လန်းစွာ ကျင်းပကြခြင်း၊ သီးနှံအထွက်တိုး သည့် အချိန်သမယတွင်  ထောပနာပြုခြင်းတို့တွင်  ဒိုးပတ် ဖျော်ဖြေရေးပွဲများ  တင်ဆက်ကြပြီး၊ ဖျော်ဖြေမှု  အသွင်အပြင် အခမ်းအနားသည်လည်း အလွန်ကြီးကျယ်လှပါသည်။

    အန်းစိုင်းဒိုးပတ်ဖျော်ဖြေရေးသည် မည်သည့်ခေတ် ကာလမှ စတင်ပေါ်ပေါက်ခဲ့သည်ဟု ရှင်းလင်းပြတ်သားစွာ ရေးသားဖော်ပြမထားခဲ့ပါ။ နောက်ပိုင်းတွင် ရိုးရာအကအဖြစ် ဖွံ့ဖြိုးတိုးတက်လာပါသည်။ နှစ်သစ်ကူးပြီးနောက် တောင်သူ လယ်သမားများသည်    ဆောင်းရာသီ   လုပ်ငန်းပါးချိန်တွင် ဒိုးပတ်တီး၍ ပျော်ရွှင်မှုကို   ဖန်တီးယူရာမှ  တဖြည်းဖြည်းနှင့် ဓလေ့ထုံးစံဖြစ်လာကာ  ဆက်လက်၍  အနုပညာ တင်ဆက်မှု အဖြစ် ရှင်သန်ဖွံ့ဖြိုးလာပါသည်။နှစ်ပေါင်းများစွာဆင့်ကဲဆင့်ကဲသင်ပြဆက်ခံပြောင်းလဲတိုးတက်မှုများသည် အန်းစိုင်း    ဒိုးပတ်ဖျော်ဖြေရေးကိုပင်ကိုယ်  တမူထူးခြားသော၊  တစ်ဖက် ကမ်းခတ် ကျွမ်းကျင်လှသောတင်ဆက်မှုသုခုမအနုပညာအဖြစ် ဖြစ်ပေါ်လာစေပါသည်။

    အန်းစိုင်းဒိုးပတ်ဖျော်ဖြေရေးသည်ပုံသဏ္ဌာန်ပြောင်းလဲမှုများပြားလှပြီး၊ဒိုးပတ်ဖျော်ဖြေရေး

အဖွဲ့များသည် လမ်းများ ပေါ်တွင် ဖျော်ဖြေတင်ဆက်ရာတွင် ဗြော၊ အိုးစည်၊ မောင်း၊ လင်းကွင်းများနှင့် တွဲဖက်တီးမှုတ်၍ သီဆိုဟစ်ြွေကးကြပါ သည်။ တခါတရံတွင် သုံး-လေးဖွဲ့ စုစည်း၍ တစ်မိုင်၊ နှစ်မိုင် ကျော် အကွာအဝေးခြားကာ ဖျော်ဖြေကြပါသည်။ ဒိုးပတ်ဆရာများ၏တူညီသော ၀တ်စားဆင်ယင်မှုများသည် ညီညာခန့်ညား လှပါသည်။   ဦးဆောင်သည့်ဒိုးပတ်ဆရာမှဝီစီမှုတ်၍ကြီးကြပ်ကွပ်ကဲလိုက်လျှင်နောက်လိုက်ဒိုးပတ်ဆရာများသည် ၀ီစီသံနှင့်လိုက်၍  ပြောင်းလဲတီးခတ်ကြပါသည်။ ဒိုးပတ် စည်းချက်ဝါးချက်သံများသည် အားမာန်ပြည့်ဝလှ၍စိတ်အာရုံကိုဖမ်းစားနိုင်ပါသည်။ဒိုးပတ်ဆရာများ၏စိတ်အားထက်သန်တက်ြွကစွာတီးခတ်ခြင်း၊လွတ်လပ် ယဉ်ကျေးသိမ်မွေ့စွာ တီးခတ်ခြင်းတို့သည်ပြန့်လွင့်လာလိုက်၊ စုစည်းသွားလိုက်နှင့်  အလှည့်ကျနစွာ ဖြစ်ပေါ်နေခြင်းတို့သည် မြောက်ပိုင်းသားတို့ ၏ ရိုးသားမှု၊ ဖြူစင်သဘောကောင်းမှု၊ ယဉ်ကျေးဖော်ရွေမှု၊ ရွှင်လန်းတက်ြွကမှုနှင့်  စိတ်ဓာတ်ကြံ့ခိုင်မှု ဟန်ပန်များကို သရုပ်သကန် ပေါ်လွင်စေပါသည်။

    ဒိုးပတ် ဖျော်ဖြေမှုများသည်   နေရာနှင့်  အဖွဲ့ဝင်ဦးရေ ကန့်သတ်ချုပ်ခြယ်ထားခြင်း မရှိဘဲ လမ်းမပေါ်၊ အိမ်ခြံဝင်း အတွင်း အစရှိသော နေရာများ အားလုံးတွင် ဖျော်ဖြေကြပြီး၊ ပတ်ဝန်းကျင် ခြားနားမှုများအရ တီးခတ်မှုပုံစံများသည်လည်း မတူညီကြပေ။  တစ်ဦးတစ်ယောက်တည်း ဖျော်ဖြေစဉ်တွင်အားမာန်ဝင့်ကြွားကြံ့ခိုင်လှ၍၊အများစုပေါင်းဖျော်ဖြေစဉ်တွင် ရွှင်လန်းတက်ြွကမြူးတူးလှပါသည်။

    ဒိုးပတ်တီးခတ်ခြင်းသည်အဓိကမှာစိတ်ဓာတ်နှင့်ခံနိုင်ရည်ပြသခြင်းဖြစ်ပါသည်။ဒိုးပတ်ဆ

ရာများသည်တီးခတ်မှုများနှစ်ထောင်းအားရအထွတ်အထိပ်ရောက်ချိန်တွင်အမြဲတမ်းလိုလို ဣနြေ္ဒမဆည်နိုင်လောက်အောင်ဘ၀င်ကြွအားတက်မိကြပြီးသဘောရှိလွတ်လပ်စွာဖြင့်ဒိုးပတ်

စည်းချက်ဝါးချက်သံများထွက်ပေါ်သည်မှာခြေလှမ်းများသည်ပင်စိတ်အားတက်ကြွမှုနှင့်အမျှကောင်းကင်ယံသို့ကြွတက်သွားသယောင်၊တခါတရံတွင်ကျားရိုင်းကြီးအစာခုန်အုပ်သယောင်၊ ဂဠုန်ငှက် အတောင်ပံ ဖြန့်သယောင် ဖြစ်ပေါ်လာစေပါသည်။

   အန်းစိုင်း ဒိုးပတ်ဖျော်ဖြေရေးတွင် ၀ိန်ဒိုးပတ်နှင့် ၀ူဒိုး ပတ်ဟူ၍ ခွဲခြားထားပြီး၊ ၀ိန်ဒိုးပတ်သည် တွန့်လိမ်လှုပ်ရှားစွာဖျော်ဖြေမှုကိုအဓိကထား၍၊ကိုယ်အနေအထားတွန့်လိမ်မှု၊ဖျတ်လတ်လွတ်လပ်စွာ လှုပ်ရှားမှုများကို အသားပေးပါသည်။ ၀ူဒိုးပတ်မှာမူတီး၊ ကန်၊ ကျော်ခွ၊ ဆောင့် စသည်တို့ကို အဓိကအသားပေးဖျော်ဖြေကြပါသည်။ဒိုးပတ်ဖျော်ဖြေမှုများသည်အားမာန်တက်ြွကလွတ်လပ်

ခြင်း၊ ရွှင်မြူးတက်ြွကအားမာန် ပြည့်ဝခြင်း၊ ရဲရင့်အားမာန်ပြည့် လျှမ်းခြင်းများနှင့် ပြည့်စုံ ကြွယ်ဝလှပါသည်။(၎င်း)င်းဒိုးပတ်ဖျော်ဖြေရေးများတွင်“သိမ်မွေ့ပျော့ပျောင်းမှု”ညှို့နိုင်စွမ်းများ

လည်းရှိသလို၊“ကြံ့ခိုင်တောင့်တင်းမ”အားမာန်များလည်းရှိပါသည်။ဒိုးပတ်စည်းချက်ဝါးချက်သံ

များသည်လည်း ရှင်းလင်းပြတ်သားသလို၊ ဒိုးပတ်သံများသည်လည်း ထိန်ထိန်ညီးလှပါသည်။ သရုပ်ပြသမှုများသည်ရှုပ်ထွေးပွေလီ၍ပြောင်းလဲမှုများသည်လည်းအံ့ဘွယ်ကောင်းလောက်

အောင် ထူးကဲလျင်မြန်လှပါသည်။

   အန်းစိုင်းဒိုးပတ်ဖျော်ဖြေမှုများသည်အန်းစိုင်းခရိုင်တွင်အတော်အတန် ပြန့်ပွားရေပန်းစားနေပြီး ထန်ကျားရင်၊ရှီးဟော်ခုံ၊ရန်ဟော်ဝမ်း၊ကျိန်းဝူတုန့်အစရှိသောကျေးရွာများတွင်ပြန့်နှံ့လျက်ရှိပါ

သည်။(၎င်း)င်းကဲ့သို့ထူးကဲလှသောရိုးရာသုခုမ အနုပညာများကိုပြန့်ပွားတိုးတက်စေရန်အတွက် အန်းစိုင်းခရိုင်တွင်“အန်းစိုင်းဒိုးပတ်သုခုမအနုပညာအသင်း”တည်ထောင်ပြီးကျေးရွာအသီးသီး

တွင်လည်း အသင်းခွဲများ တည်ထောင်  ကာ၊ အသင်းများသည်  ပြင်ပယဉ်ကျေးမှု  ဖလှယ်ခြင်းနှင့်ဖျော်ဖြေတင်ဆက်ခြင်းတာဝန်များကိုခံယူထမ်းဆောင်လျက်ရှိပါသည်။(၁၉၈၆)ခုနှစ်တွင်အန်းစိုင်းဒိုးပတ်ဖျော်ဖြေမှုများသည်ဂုဏ်ရောင်ပြောင်မြောက်စွာတာဝန်ခံ၍ပထမဦးဆုံးအ

ကြိမ် တရုတ်နိုင်ငံ ရိုးရာအက ပြိုင်ပွဲကြီးတွင် ဂုဏ်အသရေ အရှိဆုံးဆုကို  ရရှိခဲ့ပါသည်။  ထို့ပြင်ယင်းသည် ရှေ့ဆင့်နောက်ဆင့်ဆိုသကဲ့ သို့ (၁၁) ကြိမ်မြောက်အာရှ အားကစား  ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊ဟောင်ကောင်ကိုအမိနိုင်ငံသို့ပြန်လည်လွှဲပြောင်းခြင်းဂုဏ်ပြုအခမ်းအနား အစရှိသောအဓိကလှုပ်ရှားမှုများတွင်ဖျော်ဖြေကြပြီး(၎င်း)င်း နောက် ဂျပန်နိုင်ငံသို့ သွားရောက်၍  ဖျော်ဖြေတင်ဆက်မှုများလည်း ဆောင် ရွက်ကြပါသည်။ (၁၉၉၆) ခုနှစ်တွင်အန်းစိုင်းခရိုင်သည်   နိုင်ငံတော် ယဉ် ကျေးမှုဝန်ကြီးဌာနမှ “တရုတ်နိုင်ငံ၏ ဒိုပတ်ဖျော်ဖြေရေးကျေးရွာ”ဟု အမည် မှည့်ခေါ်ခြင်း ခံခဲ့ရပါသည်။