Black Tea

2016-06-17 15:18:17 |သတင်းအရင်းအမြစ် 中华网

Black Tea သည် အပြည့်အ၀ကစော်ဖောက်ထားသော လက်ဖက်ခြောက်တစ်မျိုးဖြစ်သည်။ Black Tea ကို တရုတ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ကင်ညာ၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့တွင် အများဆုံးသောက်သုံးကြသည်။

Black Tea သည် လက်ဖက်ခူးပြီးနောက် နေခြောက်လှန်း၊ညှိးသွားလျှင်ဒယ်အိုးတွင်လှိမ့်ပြီးကစော်ဖောက် ပြီးရသည်။ပြီးနောက် ခြောက်သွားအောင်ထားရှိပြီးမှ ရရှိလာခြင်းဖြစ်သည်။ လက်ဖက်စိမ်းထက် ကစော် ဖောက်သည့် အဆင့်တစ်ခုတိုးလာခြင်းဖြစ်သည်။ လက်ခြောက်အရောင်မှာ အမည်းရောင် သို့မဟုတ် နီညိုရောင်ရင့်ရင့်ရှိ သည်။ဖျော်ပြီးပါက လက်ဖက်ရည်အရောင်မှာနီညိုရောင်ဖြစ်ပြီး အနံ့အရသာမှာ အလွန်မွေးပျံ့သည်။ အရသာမှာ ခါးသက်သက်လေးဖြင့် ပိုမိုအရသာရှိပြီးခံတွင်းရှင်းစေသည်။

Black Tea နှင့် Green Tea တို့မတူသည့် အချက်မှာ Green Tea သည် ဖျော်ချိန်ကြာသွားပါက အနံ့အရသာ ပျောက်သွားပြီး Black Tea သည်ဖျော်ချိန် ကြာသွားသည့်တိုင်အောင် အရသာမပျောက်သောကြောင့် အပြင်သို့သယ်ဆောင်သွားရလည်း အဆင်ပြေသည်။ယင်းမှာ Black Teaကိုအနောက်နိုင်ငံများထိ ပျံ့နှံ့ သွားစေခြင်း၏ အကြောင်းအရင်းတစ်ရပ်လည်းဖြစ်သည်။