အိပ်မပျော်သော ဝေဒနာရှင်များ မည်သို့သောအစားအစာများကို စားသုံးသင့်သနည်း။

2016-06-17 15:40:36 |သတင်းအရင်းအမြစ် 德宏缅文网

ငှက်ပျောသီး။ ငှက်ပျောသီးတွင် လူ့ခန္ဓာကိုယ်အတွင်းရှိ Serotonin ဓာတ်နှင့် Melatonin ဓာတ် ကို တည်ငြိမ်စေနိုင် သောအစွမ်းဓါတ်များပါဝင်သည့်အပြင် ခန္ဓာကိုယ်ကြွက်သား တောင့်တင်း မှုကို ဖြေလျော့ပေးနိုင်သော မဂ္ဂနီဆီယမ် (magnesium)ဓာတ်လည်း ပါဝင်သောကြောင့် အိပ်ပျော်စေ လွယ်ပါသည်။

  ဂန္ဓာမာပန်းခြောက်။ ဂန္ဓာမာပန်းခြောက်တွင် စိတ်ကိုတည်ငြိမ်စေသော အာနိသင်ရှိပြီး အာရုံကြော သို့မဟုတ် ကိုယ်ခန္ဓာတင်းမာပြီး အနားယူပေးသင့်သောဝေဒနာရှင်များအတွက် ဂန္ဓာမာပန်းခြောက် ကို လက်ဖက်ခြောက်ကဲ့သို့ ခတ် သောက်သုံးခြင်းသည် အကောင်းမွန်ဆုံးသော သဘာဝဖြေဆေး တစ်မျိုးပင်ဖြစ်ပါသည်။

  ပူနွေးသောနွားနို့။ နွားနို့တွင် Tryptophan ဓာတ်နှင့် ကယ်ဆီယမ်ဓာတ်(Calcium)များပါဝင်ပြီး ထိုကယ်ဆီယမ် ဓာတ်မှာ ဦးနှောက်ကို Tryptophan ဓာတ် အပြည့်အ၀အသုံးပြုနိုင်ရန် ကူညီပေး နိုင်စွမ်းရှိပါသည်။

  ပျားရည်။ ပူနွေးသောနွားနို့ (သို့မဟုတ်) သစ်ခွမွှေးလက်ဖက်ခြောက် (Herbal Tea) အတွင်းသို့ ပျားရည် အနည်းငယ် ထည့်ကာ သောက်သုံးပေးခြင်းဖြင့် အိပ်ပျော်စေလွယ်ပါသည်။ ဤသို့သောက် သုံးခြင်းအားဖြင့် ဂလူးကို့(စ)သကြား ဓာတ်များသည် သင့်ဦးနှောက် အာရုံကြောစနစ်အတွင်းရှိ Orexin ဓာတ်ကို ရပ်တန့်ပေးနိုင်ပါသည်။ Orexin ဓာတ်မှာ မကြာသေးမီက ရှာဖွေတွေ့ရှိထားသော ဦးနှောက်အာရုံကြောကိုကြည်လင်နိုးကြားစေနိုင်သည့် ဓာတ်တစ်မျိုးဖြစ် ကြောင်း သိရပါသည်။

  (တရုတ်ကျန်းမာရေးကွန်ယက်မှကောက်နုတ်ဖော်ပြသည်။)