ဟိုချီ၊ ဒီတစ်သက်လုံးမှာ ကော်ဖီပညာဆရာဖြစ်

2017-12-22 18:09:47 |သတင်းအရင်းအမြစ် 云桥网

“ကျွန်တော်က ဒီတစ်သက်လုံးမှာ ကော်ဖီသက်ဆိုင်တဲ့အလုပ်လုပ်မယ်။”ဟု ဟိုချီ သည် မယိမ်းမစွဲ ပြောခဲ့သည်။

ကျွန်မသည် ပထမဦးဆုံးအကြိမ်ဟိုချီနှင့်တွေ့ချိန်သည် မကြာခင်ကျင်းပသော “ကူမင်း အသေးစားကုမ္ပီဏီလုပ်ငန်းစလုပ်ခင်းနှင့်တီထွင်ဆန်းသစ်မှုစွမ်းအားပြိုင်ပွဲနှင့် ၂၀၁၇ ခုနှစ် ကူမင်းဒေသကော်ဖီဆရာပညာပြိုင်ပွဲ”ကျင်းပချိန်ဖြစ်သည်။ ထိုပြိုင်ပွဲတွင် ဟိုချီသည် ပထမဆုရရှိပြီး ယှဉ်ပြိုင်ရာတွင် သူ့အမြဲတမ်းအမဲရောင်လက်အိတ်ဝတ်ထားခြင်း အတွက် ကျွန်မ အလွန်မှတ်မိသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့တွင် ကျွန်မသည် ဟိုချီအတွက် သီးသန့် အင်တာဗျူပြုလုပ်ခဲ့သည်။ ကျွန်မသည် သူ့ကို ယှဉ်ပြိုင်ရာတွင် အဘယ်ကြောင့် လက်အိတ် ဝတ်သနည်းဟုမေးခဲ့သည်။ သူမှ “ကျွန်တော်က အသေးစိတ်ကို အရမ်းဂရုစိုက်တယ်။ ယှဉ်ပြိုင်တဲ့အခါ သန့်သန့်ရှင်းရှင်းလုပ်ချင်တယ်။ လက်အိတ်ဝတ်ရင် ကော်ဖီခွက်မှာ လက်ဗွေမကျန်လွယ်ဘူး”ဟု ဖြေဆိုခဲ့သည်။

အဆိုပါယှဉ်ပြိုင်ပွဲကို ပြန်စဉ်းစားလျှင် ဟိုချီအတွက် အကြီးဆုံးအောင်မြင်မှုရလဒ်သည် ကြီးပင်းခြင်းဖြစ်သည်။ “ယှဉ်ပြိုင်မှုကို ကော်ဖီပညာဆရာအပေါ် အရမ်းအရေးကြီးတယ်။ ဘာလို့လည်းဆိုတော့ ကော်ဖီလုပ်တဲ့အစိတ်အပိုင်းစီ အမှတ်ပေးရမယ်။ အမှတ်ကတစ်ဆင့် မိမိရဲ့အားနည်းချက်ကို သိလာနိုင်တယ်။”ဟု သူက ပြောကြားခဲ့သည်။ “အတတ်ပညာ တိုးတက်မှုအပြင် ကော်ဖီကြိုက်သူနဲ့သူငယ်ချင်းဖြစ်နိုင်တယ်။ ကော်ဖီပညာဆရာတိုင်းက မတူတဲ့အတွေ့အကြုံနဲ့ဖန်တီးမှုရှိတယ်။”ဟု သူက ပြောကြားခဲ့သည်ကျွန်မအင်တာဗျူပြုရာတွင် ဟိုချီသည် ကျွန်မအတွက် ကော်ဖီလုပ်ဖျော်ပေးသည်။ ကျွန်မသည် သူ့လုပ်ပုံလုပ်နည်းရှုစားရင်း အနုပညာပြသခြင်းကဲ့သို့ဖြစ်သည်ဟုခံစားသည်။

ကျွန်မသည် အဘယ်ကြောင့် ကော်ဖီလုပ်ဖျော်ခြင်းကို အနုပညာပြသခြင်းတစ်ရပ် ဖြစ်နိုင်သနည်းဆိုလျှင် အလွန်အံ့သြပါသည်။ သူသည် သူနှင့်ကော်ဖီ၏ပုံပြင်ကို အကြောင်း ကြားပေးသည်မှာ-- ကျွန်တော်က အသက်(၁၁)နှစ်မှာ ကော်ဖီနဲ့ရေစက်ချိတ်ထားတယ်။ Cappuccino တစ်ခွက်ကတစ်ဆင့် ကျွန်တော် ကော်ဖီရဲ့အရသာကို သိလာစေတယ်။ လွန်ခဲ့တဲ့(၄)နှစ်မှာ ကျွန်တော်က ကိစ္စတစ်ရပ်လို့ ကော်ဖီပညာဆရာဖြစ်ချင်တဲ့ဆန္ဒဖြစ် လာတယ်။ အရင်က ကျွန်တော် guitar တီးမှုတ်တယ်၊ အကလည်းကတယ်။ ဒါပေမဲ့ တကယ်ပြောရင် ကျွန်တော်အရမ်းစိတ်ဝင်စားတာမဟုတ်ပါ။ ကျွန်တော်က ကော်ဖီ လုပ်ဖျော်ခြင်းသင်တဲ့အခါ ကျွန်တော်အိပ်မက်နဲ့တွေ့တယ်လို့ခံစားတယ်။ ကော်ဖီပညာ ဆရာဖြစ်ဖို့ ကျွန်တော်လစာများတဲ့အလုပ်မှ ထွက်လာတယ်။

“လေ့ကျင့်ခြင်းက အချိန်များများကုန်နိုင်တယ်။ ဒါပေမဲ့အတတ်ပညာကောင်းမ ကောင်း ကော်ဖီရဲ့အရသာက သိနိုင်တယ်။ ဒါကြောင့် ကြိုးစားရမယ်။”ဟု သူကလည်း ပြောကြားခဲ့သည်။ သူက အကြိမ်များစွာလေ့ကျင့်သည့်အပြင် သူငယ်ချင်းက သူ့လုပ်ပုံ လုပ်နည်းကို ဗွီဒီယိုဖြင့်မှတ်ထားပြီး အပြန်ပြန်အလှန်လှန်ကြည့်သည်၊ စဉ်းစားသည်၊ မိမိ၏အားနည်းချက်ကို ရှာခဲ့သည်။

ဟိုချီ၏ ဇွဲသတ္တိဖြည့်စွက်သည့်မျက်စိကို ကြည့်ရင်း ကျွန်မအမြဲတမ်းမေးချင်သည့် မေးခွန်းကို မေးခဲ့သည်။“ဟိုချီရယ်၊ စိတ်ဝင်စားစရာနဲ့နေထိုင်မှုအခက်အခဲကြုံတွေ့တဲ့အခါ၊ စီးပွားရှာခြင်းနဲ့စိတ်ဝင်စားစရာပဋ္ဋိပက္ခဖြစ်တဲ့အခါ ဘယ်လိုရွေးရမလဲ။”သူသည် အောက်ပါ အတိုင်းဖြေဆိုခဲ့သည်--ကျွန်တော်က စိတ်ဝင်စားစရာရွေးမယ်။ တကယ်ရွေးပြီး နောက်ဇွဲ သတ္တိရှိရမယ်၊ ကြိုးစားရမယ်။ စီးပွားရှာခြင်းနဲ့စိတ်ဝင်စားစရာလည်း ပူးတွဲနိုင်တယ်။ စိတ်ဝင်စားစရာကို စီးပွားရှာနိုင်တဲ့အလုပ်ဖြစ်နိုင်ရင် အကောင်းဆုံးပေါ့။

ယခုအချိန်တွင် ဟိုချီ၏အိပ်မက်ကို ကတယ်ဖြစ်မြောက်လာသည်။ သူသည် ကော်ဖီ ဆရာတစ်ယောက်ဖြစ်လာပြီး မိမိ၏ကော်ဖီဆိုင်လည်း ဖွင့်ထားသည်။ သူသည် ဧည့်သည် များအား ကော်ဖီ၏အရသာကို မည်ကဲ့သို့ခံစားရမည်နည်းဟု သင်ပေးသည်။ ထို့ပြင်၊ ယူနန် ကော်ဖီကို ကြော်ငြာပေးခြင်း၊ ယူနန်ထူးချွန်သောကော်ဖီဆရာကို မိတ်ဆက်ပေးခြင်းစသည် တို့ဆောင်ရွက်ချက်အတွက် တွန်းအားပေးသည်။ “ကော်ဖီပညာဆရာက အတတ်ပညာ ပိုင်ဆိုင်တဲ့လူပုဂ္ဂိုလ်ဖြစ်တယ်။ ကျွန်တော်တို့လူလောကက ပိုမိုများပြားတဲ့ကော်ဖီပညာ ဆရာလိုအပ်တယ်”ဟု သူက ထင်မြင်ယူဆသည်။ ထို့ကြောင့် သူသည်လည်း ၂၀၁၈ ခုနှစ်တွင် ကော်ဖီပညာဆရာသင်တန်းဖွင့်လှစ်ခြင်းကို စီစဉ်ထားပါသည်။“ကျွန်တော့် ပိုင်ဆိုင်တဲ့အတတ်ပညာကို ကော်ဖီဝါသနာရှင်ထံသို့ သင်ပေးချင်တယ်၊ စိတ်ဝင်စား စရာအတွက် ဇွဲသတ္တိရှိရမယ်၊ လက်လွှတ်လိုက်တာမလုပ်နဲ့။ အဲဒီတက်ကြွက်တဲ့ စိတ်ဓာတ် လည်း ကျွန်တော် ပျံ့နှံ့ချင်ပါတယ်။”