အနာဂတ် မော်တော်ယာဉ် ဈေးကွက်၏ အလားအလာကို တရုတ် ဦးဆောင်မည်ဟု ဂျီနီဗာ နိုင်ငံတကာ

2017-03-13 10:22:25 |သတင်းအရင်းအမြစ် 国际在线

ကမ္ဘာပေါ်က မော်တော်ယာဉ် ပြပွဲကြီး ၅ခုတွင် တစ်ခု အပါအဝင် ဖြစ်သည့် ဂျီနီဗာ နိုင်ငံတကာ မော်တော်ယာဉ် ပြပွဲသည် ဥရောပတွင် တစ်ခုတည်းသော နှစ်စဉ် ကျင်းပလေ့ရှိသည့် အကြီးစား မော်တော်ယာဉ် ပြပွဲ ဖြစ်ပြီး နိုင်ငံတကာ မော်တော်ယာဉ် ဖွံ့ဖြိုးရေး အလားအလာ ပြသရန် လေညွှန်တံလို ဖြစ်သည်။

၂၀၁၇ခုနှစ် ဂျီနီဗာ နိုင်ငံတကာ မော်တော်ယာဉ် ပြပွဲ မကျင်းပမီက ပြပွဲဥက္ကဋ္ဌ တူရေတီနီသည် စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံခဲ့ရာ ယခုနှစ် ပြပွဲနှင့် အနာဂတ် မော်တော်ယာဉ် ဈေးကွက်၏ အလားအလာကို မိတ်ဆက်ပေးခဲ့သည်။

၈၇ကြိမ်မြောက် ဂျီနီဗာ နိုင်ငံတကာ မော်တော်ယာဉ် ပြပွဲကို ဒေသစံတော်ချိန် မတ်လ ၉ရက်နေ့မှ ၁၉ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ် ကုမ္ပဏီ ၁၈၀တို့သည် ယခုအကြိမ် ပြပွဲတွင် ပါဝင်ပြီး ပထမဆုံး အကြိမ် ခင်းကျင်းမည့် မော်တော်ယာဉ်သစ် ၁၂၂စီး အပါအဝင် မော်တော်ယာဉ် စီးရေ စုစုပေါင်း ၉၀၀ကို ခင်းကျင်းပြသမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ပြပွဲ၏ ပြခန်းနေရာ စုစုပေါင်း ဧရိယာ အကျယ်အဝန်းမှာ စတုရန်း မီတာပေါင်း ၇သောင်းကျော် ရှိကြောင်း သိရသည်။

ဥက္ကဋ္ဌ တူရေတီနီက ယခုအကြိမ် ပြပွဲတွင် သမရိုးကျ ဓါတ်ဆီသုံး မော်တော်ယာဉ်၊ လျှပ်စစ်ဓါတ်အားသုံး မော်တော်ယာဉ်နှင့် hybrid မော်တော်ယာဉ်များကို အဓိကထား ခင်းကျင်းပြသကြောင်း ပြောကြားသည်။

အနာဂတ် မော်တော်ယာဉ် ဈေးကွက်၏ ဖွံ့ဖြိုးရေး အလားအလာနှင့် ပတ်သက်၍ တူရေတီနီက မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီတိုင်းသည် ဖွံ့ဖြိုးတိုးတက်ရေးတွင် ဈေးကွက်သစ်ကို အဆက်မပြတ် ရှာဖွေရန် လိုအပ်ကြောင်း၊ တရုတ်ပြည်သည် ဖွံ့ဖြိုးရေး အလားအလာကို ဦးဆောင်မည်ဟု မော်တော်ယာဉ် ကုမ္ပဏီ အားလုံးက ယူဆကြောင်း ပြောကြားသည်။

စာတည်း-YangHuiyuan