ယခုနှစ် ငွေလဲလှယ်နှုန်း တည်ငြိမ်သွားမည်ဟု တရုတ် ဗဟိုဘဏ် ဥက္ကဋ္ဌဆို

2017-03-13 10:36:59 |သတင်းအရင်းအမြစ် 国际在线

တရုတ် ဗဟိုဘဏ် ဥက္ကဋ္ဌ ကျိုးရှောင်ချွမ်းက နိုင်ငံခြားငွေ မူဝါဒများသည် ကြီးမားသည့် ပြောင်းလဲမှု မရှိကြောင်း၊ ယခုနှစ် တရုတ် ယွမ်ငွေ လဲလှယ်နှုန်းသည် အခြေခံအားဖြင့် တည်ငြိမ်မည် ဖြစ်ကြောင်း၊ သို့သော် ပုံမှန် ငွေလဲလှယ်နှုန်း အတက်အကျသည် ပုံမှန် အခြေအနေပင် ဖြစ်ကြောင်းလည်း ယခုလ ၁၀ရက်နေ့က ပီကင်းတွင် ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ကျိုးရှောင်ချွမ်းသည် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး၏ သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခြင်းဖြစ်သည်။

စာတည်း-YangHuiyuan