တရုတ်ရိုးရာပွဲတော်--ကျုံယွမ်ပွဲ

2017-09-06 18:10:59 |သတင်းအရင်းအမြစ် 云桥网

  မနေ့ကသည် တရုတ်စန္ဒရနှစ်သက္ကရာဇ် သတ္တမလ(၁၅)ရက်နေ့ဖြစ်ပြီး တရုတ်ရိုးရာပွဲတော် ကျုံယွမ်ပွဲဖြစ်သည်။ လူသားများသည် ကျုံယွမ်ပွဲကို ကြားရသည်နှင့် အယူသည်းအလွဲစွဲဟု ထင်ကြ မြင်ကြသည်။ သို့ရာတွင် အမှန်စင်စစ် ကျုံယွမ်ပွဲတော်သည် လူတို့ပူဇော်ကန်တော့ကြသည့် ဓလေ့မှ သက်ဆင်းလာခြင်းဖြစ်၏။ ဘိုးဘွားတို့ကို ကြည်ညိုလေးစားလွမ်းဆွတ်ပူဇော်ပသသာဖြစ်သည်။ ယင်း ပွဲတော်နေ့ကျလျှင် လူအများ ကွယ်လွန်သေားလေပြီဖြစ်သော ဆွေမျိုးရင်းချာကို စားကောင်း သောက် ဖွယ်၊ မရဏနိုင်ငံသုံးငွေ စသည်များဖြင့် ပူဇော်ကာ ကောင်းဖို့ရန်အတွက် ဆုတောင်းပတ္တနာပြုပေးကြ လေ့ရှိသည်။

  ကျုံယွမ်ပွဲထုံးတမ်းဓလေ့များတွင် ပေါကြွယ်သောအဓိပ္ပါယ်ဆောင်လေသည်။ ယင်းသည် တရုတ်ယဉ်ကျေးမှုထဲမှ ဘိုးသွားမိဘတို့ကို ကြည်ညိုလေးစားသည့်အစဉ်အလာကောင်းနှင့်မိမိတို့ ကိုးကွယ်သည့်ဘာသာရေး ပြည့်ပြည်စုံစုံပြသထား၏။
ဘိုးဘွားကို ပူဇော်ခြင်း။

  တရုတ်လြူမျိုးတို့က ကျုံယွမ်ပွဲကျလျှင် မိမိတို့၏ကွယ်လွန်သွားလေပြီဖြစ်သောဆွေနီးမျိုးစပ်တို့၏ ဝိညာဉ်က အိမ်ကို ပြန်လာပြီး နောင်လာနောက်သားတို့ကို လာတွေ့မည်ဟု ထင်မြင်ယူဆသည်။ တို့ကြောင့် ပူဇော်ပသရမည့်ဝတ်တရားကို သိကြသည်။ ပူဇော်သည့်အခမ်းအနားကို များသောအားဖြင့် တစ်နှစ်ထဲမှသတ္တမလ၏လကုန်ပိုင်းတွင် ပြုလုပ်ရသည်၊ သို့သော် ဘယ်နေ့ဘယ်ရက်ဟူတော့အချိန် ကန်သတ်ထားခြင်းမရှိပါ။
ရေးမီးဆီကို လွှတ်ခြင်း။

   ရေးမီးဆီကို ကြာပဒုမ္မာမီးဟုလည်းခေါ်သည်။ ( လန်းလန်းဆန်းဆန်းဖွင့်နေသည့်ကြာ ပန်းနှင့်တူ သောကြောင့်) ရေမီးပန်း၏အောက်ခံပေါ်တွင် ဖယောင်းတိုင်သို့မဟုတ် ဆီမီးခွက်ကလေးကို တင်ထား သည်၊ ကျုံယွမ်ပွဲနေ့ညပိုင်းတွင် မြစ်ချောင်းထဲမှမျှောချပါသည်။ ရေမီးဆီလွှတ်ခြင်းမှာ ဘုရားထံ ဆုမွန် ကောင်းတောင်းခြင်းဖြစ်သည်။
မြေကြီးနှင့်ကောက်သီးအနှံပင်များကို ပူဇော်ခြင်း။