တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေးပန်းချီပြပွဲ မန္တလေးသီရိအနုပညာပြခန်းတွင် ကျင်းပ

2017-10-23 17:29:00 |သတင်းအရင်းအမြစ် 云桥网

       အနုပညာသည် နယ်နိမိတ်၊ လူမျိုးခွဲခြားထားခြင်းမရှိပါ ဆိုသည့်စကားနှင့်အတိုင်းပင် တရုတ်-မြန်မာ နှစ်နိုင်ငံမှ ပန်းချီအနုပညာရှင်တို့သည် ခရီးအတူထွက်ကြကာ ပန်းချီလက်တွေ့ရေးဆွဲခဲ့ကြသော ပန်းချီကား များကို ပြသသည့် "မန်စီ-ရွှေလီ-မူဆယ်ရှုခင်းပန်းချီပြပွဲ" အား အောက်တိုဘာလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့ များက မြန်မာနိုင်ငံ မန္တလေးသီရိပန်းချီနှင့်အနုပညာပြခန်းတွင် ခင်းကျင်းပြသသည်။

     ပြပွဲတွင် တရုတ်-မြန်မာ ပေါက်ဖော် ပန်းချီဆရာများ၏ ပန်းချီအနုပညာလက်ရာများမှတဆင့် နှစ်နိုင်ငံ၏ လှပတင့်တယ်သောရှုခင်းများ၊ လူမှုဘ၀များ၊ တိုင်းရင်းသားရိုးရာဓလေ့များ၊ ယဉ်ကျေးမှုများကို တွေ့မြင်ကြရပြီး နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးကို အနုပညာချိတ်ဆက်ခြင်းမှတဆင့် ဆက်လက်မြှင့်တင်သွားကြမည်ဖြစ် ကြောင်း သိရသည်။(သတင်းထောက် ဘဦး)