ပဉ္စမကြိမ်မြောက် အာရှတိုက်မိုက်ကရိုဖလင်အနုပညာပွဲတော် ဆုချီးမြှင့်ခြင်းအခမ်းအနား

2017-11-10 18:20:56 |သတင်းအရင်းအမြစ် 云桥网

  ပဉ္စမကြိမ်မြောက် အာရှတိုက်မိုက်ကရို ဖလင်အနုပညာပွဲတော် ဆုချီးမြှင့် ခြင်းအခမ်းအနားကို အောက်တိုဘာလ(၇)ရက်နေ့က လင်ချမ်းမြို့တွင် ကျင်းပခဲ့ရာ မိုက်ကရိုဖလင်(၄၀)ခုသည် အကောင်းဆုံးမိုက်ကရိုဖလင်အဖြစ် ချိးမြှင့်ခြင်းခံရသည်။ အာရှတိုက်မိုက်ကရိုဖလင် အနုပညာပွဲ တော်သည် တစ်ကြိမ်ထက်တစ်ကြိမ် ကျယ်ပြန့်လာကာ အကျိုး ပို၍ သက်ရောက်သော အနုပညာပွဲတော်ဖြစ်လာသည်။

  ယခုအကြိမ် ဆုချီးမြှင့်ခြင်းအခမ်းအနား၏ အဓိကဆောင်ပုဒ်မှာ "ခေတ် ကာလ၏အိပ်မက်"ဖြစ်သည်။ ဥရောပတိုက်၊ အမေရိကန်၊ စပိန်၊ မြန်မာ၊ ထိုင်းစသည့်နိုင်ငံများမှ ရုပ်ရှင်အနုပညာရှင်များ၊ ယဉ်ကျေးမှုအနုပညာ အဖွဲ့ အစည်းများ၊ မိုက်ကရိုဖလင်တီထွင်ရိုက်ကူးအဖွဲ့များတက်ရောက်ခဲ့ကြပြီး ယခင်နှစ်ကထက်ယခုအကြိမ်သည် ပို၍ နိုင်ငံတကာမှပါဝင်ကာ အဆင့်မီလာ သည်။(သတင်းထောက် ဖွေးဖွေးကြည်လင်)