ယူနန်ကြည်းတပ်စစ်တပ်အကယ်ဒမီသည် တရုတ်နိုင်ငံ(၂ဝ)ရာစုအဆောက်အအုံ အမွေအနစ်စာရင်းထဲတွင

2017-12-18 18:04:17 |သတင်းအရင်းအမြစ် 云桥网

ယခုရက်ပိုင်တွင် တရုတ်နိုင်ငံယဉ်ကျေးမှုအမွေအနစ်အသင်း၊ တရုတ်နိုင်ငံ ဆောက်လုပ်ရေးအသင်းတို့မှ ပူးတွဲပြီး တရုတ်နိုင်ငံ(၂၀)ရာစုအဆောက်အအုံအမွေအနစ် ဒုတိယအသုတ်စာရင်းကို ထုတ်ပြန်ခဲ့ရာ ယူနန်ကြည်းတပ်စစ်တပ်အကယ်ဒမီ ရွေးချယ် ပါဝင်ခဲ့ကြောင်းသိရပါသည်။

ယူနန်ကြည်းတပ်စစ်တပ်အကယ်ဒမီသည် ကူမင်းချိန်ဟွာဖူတွင် တည်ရှိပါသည်။ အရှေ့ ဘက်တွင် ချွေဟူအင်းနှင့်နီးကပ်သည်။ ၁၉ဝ၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၉ဝ၉ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ မူလမျက်နှာပြင်ဧရိယာမှာ (၇)သောင်း စတုရန်း မီတာခန့်ရှိသည်။ တောင်ဘက်သည် တပ်ဖွဲ့လေ့ကျင့်ရေးကွင်းဖြစ်ပြီး မြောက်ဘက်သည် အဆောက်အအုံမျိုးစုံဖြစ်သည်။ ယင်းအချိုးအစားမှာ ကြီးကျယ်ခမ်းနားပြီး ထိုအချိန်အခါက တစ်နိုင်ငံလုံးရှိ စစ်တပ်အကယ်ဒမီထဲမှ ပထမပင်ဖြစ်သည်။ ယခုလက်ရှိကျန်ရစ်သည့် မျက်နှာပြင်ဧရိယာသည် (၃)သောင်းစတုရန်းမီတာခန့်ရှိသောပင်မအဆောက်အအုံဖြစ် သည်။ ပင်မတိုက်၊ စာသင်ခန်း(ခမ်းမ)နှင့် လက်နက်ဂိုဒေါင်များပါဝင်သည်။