ပေါင်စန်းသည် ရှေးခေတ်တောင်ဘက်ပိုးလမ်းကြောင်း၏ အဓိကနေရာတွင်တည်ရှိပြီး မြန်မာနိုင်ငံနှင့် တောတောင် ရေမြေချင်းထိစပ်လျက်ရှိသည်။ အိန္ဒိယ၊ တရုတ်၊ မြန်မာ ၃ နိုင်ငံ၏ကူးသန်းရောင်းဝယ်ရေးတွင် အရေးပါသော အကျိုးပေးမှုရှိသည်။ ပေါင်စန်း၏ရှုခင်းသည် သာယာ၍ ရာသီဥတုလည်းလူနေရန်သင့်တော်သည်။ သမိုင်းရှည်ကြာပြီး ရွှန်းလဲ့တင့်ဆန်းသော လူနည်းစုလူမျိုးများ၏ ယဉ်ကျေးမှုလည်းရှိသည်။
ပေါင်စန်းနှင့်ပတ်သတ်၍ အစောဆုံးစာပေ မှတ်သားမှုမှာ ခရစ်သက္ကရာဇ် မတိုင်မီ၃ရာစုနှစ်မှ စတင်သည်ဟု အဆိုရှိသည်။ ဤနေရာသည် နှစ်ပေါင်းရာကျော်ထွန်းကားခဲ့သည့် အိုင်းလောင်ရှေးနိုင်ငံ ဖြစ်ထွန်းလာရာ အခြေခံ ဒေသဖြစ်သည်။ ''ထုံးတမ်းဓလေ့'' နှင့် ''ဟွာယန်နိုင်ငံမှတ်တမ်း'' စာအုပ်၂အုပ်တွင် မှတ်တမ်းတင်ထားမှုအရ နှစ်ပေါင်း၂၄ဝဝနှစ်အလွန်က လောင်စန်းတောင်တွင် ဆားအိဟုအမည်ရှိသော အမျိုးသမီးတစ်ယောက်ရှိသည်။ သူမသည် တနေ့ငါးဖမ်းနေစဉ် နစ်မြုပ်နေသော သစ်တပင်ကိုတိုက်မိ၍ ညှို့ဓါတ်ဖြစ်ပေါ်လာသကဲ့သို့ ခံစားရသည်။ ပြီးနောက် သူမကိုယ်ဝန်ရှိလာသည်။ ကလေး၁ဝယောက် မွေးဖွားခဲ့သည်။ နောင်တွင် နစ်မြုပ်နေသော သစ်သားပင် သည် နဂါးဖြစ်သွားသည်။ ရေပြင်ပေါ်တွင် ကခုန်ပျံဝဲနေသည်၊ စကားလည်းပြောသည်။ ‘''ကျွန်ုပ်ကလေးတွေကော'' ယခုဘယ်မှာလဲ မေးရာ ကလေး ၉ယောက်သည် နဂါးကိုမြင်သော် ကြောက်လန့်၍ ပြေးကုန်ကြသည်။ နောက်ဆုံး ဆယ်ယောက်မြောက်ကလေးသည် နဂါးကိုကျောပေးထားကာ ထွက်မပြေးပဲ ထိုင်နေခဲ့သည်၊ နဂါးလည်း သူကိုယ်ခန္ဓာကို လျာဖြင့်ရက်သည်။ သူမိခင်က ''ကျောပေးထားသည်မှာ ကိုးဂဏန်းကို ကိုယ်စားပြုသည့်၊ ကြို ထိုင်နေသည်မှာ 'လုံ'၊ ထို့ကြောင့် ¤င်းအမှတ်စဉ် ၁ဝ ကလေးကို ကြိုလုံဟူ၍ အမည်ပေးလိုက်သည်၊ ကြိုလုံကြီးပြင်းလာသောအခါ အခြားနောင်တော်တို့က ကြိုလုံသည် ဖခင်က ချစ်ခင်မှုကြောင့် လျှာဖြင့်ရက်ခြင်းကို ခံရသည်ကြောင့် ¤င်းတို့ညီလေးသည် အလွန်Óဏ် ကောင်းသည်၊ ထို့ကြောင့်သူ့ကို ဘုရင်မြှောက်လိုက်သည်၊ ဤသို့ဖြင့် ကြိုလုံသည် အိုင်းလောင်၌ ပထမဆုံးသော ဘုရင်ဖြစ်လာသည်၊ သူ့နိုင်ငံကို ကျောက်အသုံးအဆောင် ပစ္စည်း၊ ကြေးညို၊ ထွန်ရက်စိုက်ပျိုးခြင်း၊ အဝတ်အစား၊ အစားအစာ၊ မင်္ဂလာကိစ္စ၊ ဘာသာရေးနှင့်နာရေး စသော ထုံးထမ်းဓလေ့တို့ဖြင့် စည်ပင်ဝပြောသော နိုင်ငံဖြစ်လာစေခဲ့သည်။ ယခုထက်တိုင်၊ ပေါင်စန်း၏ ယဉ်ကျေးမှုဓလေ့ ထုံးထမ်းတွင် အိုင်းလောင်ယဉ်ကျေးမှု၏ အရိပ်အရောင်ကို မြင်တွေ့နိုင်သေးသည်။ ဥပမာ – အိုင်လောင်နိုင်ငံသည် နဂါးကိုကိုးကွယ်သည်၊ ယခုအခါ ပေါင်စန်း၌ရှိသော နေရာအတော်များများ၏ နာမည်မှာ ''နဂါး'' ဟူသော အမည် စာလုံး ပါလေ့ရှိသည်။
ပေါင်စန်း၌ ရေသယံဇာတြ<ွကယ်ဝသည်၊ မြစ်ချောင်းများတွင် လန်ချန်းမြစ်၊ နုမြစ်၊ ဧရာဝတီမြစ်ဟူသော နိုင်ငံတကာမြစ်ကြီး ၃သွယ်ရှိသည်၊ ဤနေရာသည် တောင်ကိုကျောထောက်နောက်ခံပြု၍ ရေကာတာကိုမျက်နှာ မူထားသည်၊ နေရောင်ခြည်လုံလောက်၍ ရာသီဥတု ၄ခုစလုံး နွေဦးရာသီကဲ့သို့ သာယာကောင်းမွန်သည်၊ ''နွေဦးမြို့တော်'' ဟု ခေါ်ဝေါ်သမုတ်သည်။ ပေါင်စန်း၏ မြေအနေအထားမှာ ကန့်လန့်ဖြတ်တောင်တန်းတွင် တည်ရှိ နေသော်လည်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းသည်။ နိုင်ငံတော်လမ်းမ – အမှတ် ၃၂ဝ၊ (ယူနန်မြန်မာကားလမ်း) ကို အဓိကလမ်းကြောအဖြစ်ထား၍ ပေါင်ယွင်လမ်းအစရှိသော လမ်းများကို လမ်းခွဲအဖြစ်ထားက ကျေးရွာများ အကြားရှိ များပြားစွာသောလမ်းများကို ကွန်ရက်လမ်းများအဖြစ် သတ်မှတ်၍ တောင်မြင့်နှင့် ရေလမ်းကြောင်းကို ရစ်ပတ်လျက်ရှိသည်မှာ ငွေခါးပတ်တချောင်းကိုပတ်ထားသကဲ့သို့ ဖြစ်နေသည်။ ပေါင်စန်းလေယာဉ် ကွင်းသည် ဒေသခံပြည်သူနှင့် ကုန်သည်များအတွက် လွယ်ကူစွာ အသုံးပြုနိုင်သည်။
ပေါင်စန်း၌ တိုင်းရင်းသားလူမျိုးစု ၃၆ မျိုးရှိသည်။ ¤င်းတွင်လူနည်းစု ၁၃မျိုးရှိသည်၊ မြို့နယ်တွင်းရှိ ကျေးရွာ ၇ဝတွင် အားလုံးပျံ့နှံ့နေထိုင်ကြသည်၊ ¤င်းတွင် လီရှောလူမျိုး၊ သိုင်လူမျိုး၊ ပိုင်လူမျိုး၊ လီဆူးလူမျိုး၊ ပုလောင် လူမျိုး၊ မြောင်လူမျိုး၊ ဝလူမျိုးစသည့် ကျေးလက်မြို့ရွာကြီး ၁၄ ခုရှိသည်။ လူမျိုစုအသီးသီး အတူစု၍ နေထိုင်ကြခြင်း ကြောင့် မတူသောလူမျိုးစုအသီးသီး၏ နေထူးနေမြတ်နှင့် ထုံးထမ်းဓလေ့များသည် ပေါင်စန်းကို တစ်နှစ်ပတ်လုံး အက၊ အဆို၊ သီချင်းတို့ဖြင့် စည်ကားနေစေပါသည်။ ဥပမာ-နှစ်စဉ် တရုတ်ပြက္ခဒိန် ၂လ လဆန်း ၄ရက် နေ့သည် အားချန်းလူမျိုးတို့၏ ''ကိုးလိုနေ့'' ဖြစ်သည်၊ ၅လပိုင်းမှာ မျောင်လူမျိုးစု၏ ဟွားစန်းနေ့ဖြစ်ပြီး ကြီးကြီးကျယ်ကျယ် အကအခုန်တို့ဖြင့် စည်ကားလှပါသည်။ နှစ်စဉ်တရုတ် ၅လပိုင်း ၅ရက်နေ့ တွမ်းယန်ဟွားနေ့ ခေါ် ပန်းဈေးနေ့သည် ရပ်ဝေးရပ်နီးပါမကျန် နာမည်ကျော်ကြားသည်။ နေ့ထူးနေ့မြတ်တွင် ပေါင်စန်းမြို့မှာ ပန်းပေါင်းစုံပွင့်လန်းတာ ဝေဝေဆာဆာမြိုင်မြိုင်ဆိုင်ဆိုင် ရှိသည်။ ငါးများငှက်များဖြင့် ပန်းတွေအကြားထဲတွင် အလှဆင်နေသည်။ ပေါင်စန်းမြို့သူမြို့သားအားလုံး အိမ်အပြင်ထွက်၍ ပန်းမန်ကို ပျော်ရွှင်စွာရှုစားတတ်သည်။ လူမျိုးစုအသီးသီးကလည်း မိမိလူမျိုးစု၏ အဝတ်အစား၊ အစားအစာတို့ကို ဝတ်ဆင်ပြသကြသည်၊ လူမျိုးစုအက၊ တူရိယာတီးမှုတ်ကာ သီချင်းဆိုပြီး တရုတ်ရိုးရာအက ပြသကြသည်၊ ခရီးသည်များမှာ တပျော်တပါးတဝကြီး ကြည့်ရသည်။ ၂ဝဝ၄ ခုနှစ်မှစ၍ ပေါင်စန်းလုံလင်ခရိုင်တွင် အဝါရောင်နဂါးကျောက်စိမ်းကို တွေ့ရှိပြီးနောက် လက်ရာပြောင်မြောက်သော ကျောက်စိမ်းအလှဆင်ပစ္စည်း၊ အိမ်အလှဆင်ပစ္စည်း တို့သည်လည်း ပွဲဈေးတွင် ရှုခင်း အလှတမျိုး ဖြစ်လာကာ ခရီးသည်များ အားရကျေနပ်မှု ရရှိစေခဲ့သည်။
စိမ်ပြေနပြေစီးဆင်းနေသော လန်ချန်းမြစ်သည် ရွှင်လန်းပျော်ရွှင်သော မြေ ပေါင်စန်းကို အားဖြည့်အလှဆင်ကာ ထုံးစံဓလေ့အမျိုးစုံကို လာရောက်သူဧည့်အပေါင်းအား ထုတ်ဖော်ပြသလျက်ရှိသည်။
Photos by Yang Qingliang, Yu Guanming