တိုင်တိုင်းရင်းသားတို့၏ထူးခြားသောဝါးဆစ်ဗူးကောက်ညှင်းထမင်း

2017-12-20 16:39:36 |သတင်းအရင်းအမြစ် 云桥网

ဝါးဆစ်ဗူးကောက်ညှင်းထမင်းသည် တိုင်တိုင်းရင်းသားလူမျိုး၏ ရိုးရာအစားအစာ တစ်မျိုးဖြစ်ပါသည်။ စစ်ဆောင်ပန်းနားက လမ်းကြီးလမ်းငယ်များရှိ အသားကင်ဆိုင်ရှေ့တွင် ဓားဖြင့် ကြံအခွံလှီးသည်နှင့်တူအောင် အပြင်ဘက် ရှိအခွံကို လှီးကာ၊ ငှက်ပျောသီးအခွံနွှာ သည်နှင့်တူအောင်ခွဲလျက် စားသုံးသော စားကောင်းဘွယ်ရာအစာတစ်မျိုးသည် ဝါးဆစ် ဗူးကောက်ညှင်းထမင်းဖြစ်သည်။ ယင်းကို“ဟောင်လန်” ဟု တိုင်လူမျိုးက ခေါ်ကြပါသည်။ “ ဟောင်လန်” ဆိုသည်မှာ တိုင်လူမျိုးစကားဖြစ်ပါသည်၊ တရုတ်ဟန်ဘာသာစကားအရ မွှေးလည်းမွှေးနူးညံ့မှုလည်းရှိသည့်ထမင်းသည် ဝါးဆစ်ဗူး ကောက်ညှင်းထမင်းဖြစ်ရာ၊ စစ်ဆောင်ပန်းနား၏အထူးအစားအစာတစ်မျိုး ဖြစ်ပါသည်။

ဝါးဆစ်ဗူးကောက်ညှင်းထမင်းသည် “ မိုင်ဟောင်လန်” ဟု ခေါ်သောထူးခြားသည့် ဝါးတစ်မျိုးကို ထမင်းချက်ကိရိယာအဖြစ် အသုံးပြုလျက် မီးကင်ခြင်းဖြင့် ချက်သောကောက် ညှင်းထမင်းဖြစ်ပါသည်။ ရိုးရိုးဝါးလုံး၏အချင်းသည် ၃ စင် တီမီတာခန့်ရှိလျက်၊ ဝါးဆစ် ၏အရှည်သည် စင်တီမီတာ ၄ဝ ခန့်ရှိပါသည်။ ဝါးဆစ်ဗူးအတွင်း အလွန်မွှေးကြိုင်သော အဖြူရောင်ဝါးသား ထူတစ်ထပ်ရှိပါသည်။ ထိုဝါးမျိုးသည် မလေ့ပေါက်သောဝါးတစ်မျိုး ဖြစ်ပါသည်။ ဝါးဆစ်ဗူးကောက် ညှင်းထမင်းနှင့် စပ်လျဉ်း၍ ရိုးရာပုံပြင်တစ်ခုရှိပါသည်။ အတိတ်က တောင်ယာစပါးစောင့်ကြည့်သောတဲတွင်နေသော အဘိုးအိုတစ်ယောက်သည် မတော်တဆ ထမင်းချက်သောအိုး ပျက်စီးခဲ့ပါသည်။ ထမင်းချက်ရန်အဆင်ပြေသော ကိရိ ယာရှာမတွေ့သည့်အတွက် ဘေးပတ်လည်တွင်ရှိသောဓလေ့ ပေါက်ဝါးတောတွင လက် မောင်းလောက်အလုံးကြီးသော နုနုလေးဝါးဆစ်ဗူးကို ဖြတ်လျက် “အိုး” အဖြစ် အသုံးပြု ကာထမင်းချက်ပါသည်။ ထမင်းကျက်သည်နှင့် အမွှေးနံ့ ထွက်ပေါ်လာပါသည်။ ထို အဘိုးအိုသည် ဝါးဆစ်ဗူးအခွံကို ခွါလိုက်သောအခါ၊ အဖြူရောင်ဝါးသားဖုံးအုပ်ထားသော ထမင်းကို တွေ့လိုက်ပါသည်။ ထိုထမင်းမျိုးသည် မွှေးလည်းမွှေး ပျော့လည်းပျော့ပါသည်။ အဘိုးအိုကမြိန်ရှက်စွာ စားသုံး၏နေစဉ်၊ တောလိုက်မုဆိုးနှစ်ဦးသည်မမျှော်လင့်ဘဲ နှင့်ရောက်ရှိလာသည်။ အဘိုးအိုနေသောတဲရှေ့ရောက်တော့၊ “ဘာသုံးဆောင်နေသလဲ၊ အရမ်းမွှေးတာဘဲ”ဟုပြောဆိုပါ သည်။ “ဟောင်လန်” ကိုစားပါသည် ဟုအဖြေပေးရင်း ထို တောလိုက်မုဆိုးတို့ကိုလည်းပေးလျက်၊ အရမ်းစားလို့ ကောင်းလားပါဟုပြောလိုက်ပါ သည်။ ဖြူဖွေးသော ဝါဆစ်ဗူးကောက်ညှင်းထမင်းသည် အလွန်မွှေးလျက် အခြားထမင်းထက် ပိုစားလို့ကောင်းပါသည်။ ထိုတောလိုက်မုဆိုးနှစ်ဦးတို့သည် အဘိုးအိုပေးသောဝါးဆစ် ဗူးကောက်ညှင်းထမင်းကို မြိန်ရှက်စွာစားပြီးသည်နှင့်တပြိုင်တည်းတွင် မိမိပါလာသော ကောက်ညှင်းဆန်နှစ်ထုပ်ကို အသုံးပြုလျက် အဘိုးအိုဖြတ်တောက် လာသောဝါးဆစ်ဗူးကို အသုံးပြုကာ၊ ကောက်ညှင်း ထမင်းကိုချက်ပါသည်။ မိသားစုတို့စားလို့ရအောင် အိမ်အထိ ပြန်လည်ယူဆောင်သွားခဲ့ပါသည်။ ထိုအချိန်မှစလျက် လူသားတို့သည် ယခုလိုထမင်းကင် ရန် အဆင်ပြေသောဝါးဆစ်ဗူးမျိုးနှင့် စပ်လျဉ်းသည့်အကြောင်းကိုသိရှိလာရာ၊ “ မိုင်ဟောင် လန်” ဟုခေါ်တွင်လာပါသည်။ နောက်ပိုင်းတွင်တိုင်းလူမျိုးများသည် ယခုလိုဝါးမျိုးကိုစိုက်ပျိုး လာတတ်ပါသည်။ “ မိုင်ဟောင်လန်” ဟု ခေါ်သောဝါးမျိုးကြီးလာသောအခါ၌ ကောက်ညှင်း ထမင်းချက်ရန် အသုံးပြု လာပါသည်။ဒေသခံဟန်လူမျိုး များသည် ထိုဝါးမျိုးကို ဝါးမွှေးဟု ခေါ်ကြပါသည်။

ဝါးမွှေးကောက်ညှင်းထမင်းသည် အရသာအလွန် ကောင်းမွန်ပါသည်။ ကောက်ညှင်း အမွှေးနှင့် ဝါးအမွှေးတို့ကို ရောယှက်ထားရာ၊ အရောင်လည်းလှ၊ မွှေးလည်းမွှေးလျက်၊ အရသာလည်း ထူးခြားကောင်းမွန်သောတိုင်းရင်းသားလူမျိုးစု ရိုးရာစားကောင်းသောက် ဘွယ်အစာတစ်မျိုးဖြစ်လျက်၊ ဒေသခံများ၏အကြိုက်နှင့် ခရီးသည်များ ၏နှစ်သက်မှုတို့ကို ခံရပါသည်။ လူကြီးများသည်ကလေးကိုခေါ်ဆောင်လျက်ဈေးသွားသောအခါ၊ ဝါးမွှေး ကောက်ညှင်းထမင်းကို ဝယ်ပေးလျက် ချော့လေ့ရှိပါသည်။ ကမ္ဘာလှည့်ခရီးသည်များသည် ဆစ် ဆောင်ပန်းဏားရောက်တိုင်း ဝါးမွှေးကောက်ညှင်းထမင်းကို မြည်းလေ့ရှိပါသည်။