တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူတို့၏သင်္ကေတသဘောဆောင်သော တိရစ္ဆာန်များ မတူခြားနားချက်

2017-12-21 17:47:18 |သတင်းအရင်းအမြစ် 云桥网

ကျွန်တော်က မြန်မာနိုင်ငံကို ရောက်ရှိခြင်းစတွင် ဒေသခံများနှင့် ပေါင်းသင်းဆက်ဆံ ရာ၌ “ခင်ဗျားဘယ်နေ့မှာမွေးတာလဲ။” တစ်ဖက်က မေးမြန်းလေ့ရှိပါသည်။ ၃ဝ နှစ် ကျော်ကြာပြီမို့မိမိကမည်သည့်နေ့တွင် မွေးဖွားသည်ကို ကျွန်တော်တကယ်မမှတ်မိတော့ပါ။ မိမိ၏ အသက်၊ သင်္ကေတသဘောဆောင်သော တိရစ္ဆာန်၊ သွေးအုပ်စု၊ နက္ခတ်စသည်များ ကို မှတ်မိသေးသည်။ သို့သော် မိမိက မည်သည့်နေ့တွင် မွေးဖွားခြင်းဆို သည်ကို အဘယ်
ကြောင့်မှတ်ထားသင့်သည်ကို လုံးဝနားမလည်ပါ။

မြန်မာနိုင်ငံတွင် နေထိုင်သည့်အချိန်ကြာလာသည်နှင့်အမျှ ကျွန်တော်က မြန်မာ့ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို တစ်ဖြည်းဖြည်း သိရှိကျွမ်းကျင်လာလေသည်။ မြန်မာ လူမျိုးတို့၏ သင်္ကေတသဘောဆောင်သောတိရစ္ဆာန် များမှာ မွေးဖွားသောနေ့နှင့် အထူး သက်ဆိုင်သည်ကို ကျွန်တော်က ထိုစဉ် မှ သဘောပေါက်နားလည်ခဲ့သည်။

မြန်မာလူမျိုးတို့က မိမိမွေးဖွားသောနေ့အတိုင်း သင်္ကေတသဘောဆောင်သော တိရစ္ဆာန် သတ်မှတ်ထားသည့်ဓလေ့ ရှိပါသည်။ သင်္ကေတသဘောဆောင်သော တိရစ္ဆာန် မှာ စုစုပေါင်း (၈)ကောင်ရှိသည်။

သီတင်းပတ်တွင် ခုနှစ်ရက်ပါရှိသည်။ သို့သော် မြန်မာလူမျိုးတို့သည် ထုံးစံအတိုင်း ဗုဒ္ဓဟူးနေ့အချိန်ကို နှစ်ပိုင်း ခွဲထားသောကြောင့် သီတင်းပတ် တွင် ရှစ်ရက်ရှိသကဲ့သို့ မြန်မာလူမျိုးတို့၏ သင်္ကေတသဘောဆောင်သော တိရစ္ဆာန်မှာရှစ်ကောင်ရှိလာလေသည်။ တနင်္ဂနွေသားသမီးတို့ကို ဂဠုန်ဟု ခေါ်သည်။ တနင်္လာသားသမီးတို့ကို ကျားဟုခေါ်သည်။ အင်္ဂါသားသမီးတို့ကို ခြင်္သေ့ဟုခေါ်သည်။ ဗုဒ္ဓဟူးသားသမီးတို့ကို ဆင်ဟုခေါ်သည်။ ရာဟု သားသမီးတို့ကို ဟိုင်းဆင်ဟုခေါ်သည်။ ကြာသပတေးသားသမီးတို့ကိုြ<ွကက်ဟုခေါ်သည်။ သောကြာသား သမီးတို့ကို ပူးဟုခေါ်သည်။ စနေ သားသမီးတို့ကို နဂါးဟုခေါ်သည်။

သင်္ကေတသဘောဆောင်သော တိရစ္ဆာန်တိုင်းက ဝိသေသများဖြင့် ထွေပြားစုံလင် သည့်ဒဏ္ဍာရီကို ဖော်ပြပါသည်။ ယင်းဒဏ္ဍာရီများကိုအခြေခံပြုပြီး တွေးခေါ်မြော်မြင်မှု သဏ္ဍာန်ဝိဂြိုဟ်ဖွင့်သည့်စနစ်တစ်မျိုး ဖြစ်ပေါ်လာ၍ လူထုရိုးရာယဉ်ကျေးမှုနယ်ပယ်အတွင်း ရုပ်ပုံလွှာဒဿနိကဗေဒ ဖြစ်လာလေသည်။ ဥပမာအားဖြင့် ဂဠုန်သားသမီးအများစုတို့က စိတ်ကောင်းစေတနာမှန်ပြီး သဒ္ဒါတရားထက်သန်သည်။ သူတို့သည် စိန်ခေါ်မှုများရင်ဆိုင် တတ်သည့်အပြင် အခက်အခဲများကိုတွေ့လျှင် ဇွဲမလျှော့ဘဲ ရဲရဲ ရင့်ရင့် ရှေ့ရှုချီတက်သည်။ သူတို့သည် ကိုယ်အားနှင့် ဉာဏ်အားသန်မာ ပြည့်ဖြိုးသည့်အပြင် ဒုက္ခရောက်သည့်အခါ အကောင်းဘက်ကို အမြဲမြင်၍ ပျော်ပျော်နေတတ်သည်။ များသောအားဖြင့် ခြင်္သေ့သား သမီးနှင့်ကျားသားသမီးတို့က ဉာဏ်ကောင်းဖြစ်ပြီး အသေးအဖွားကို အာရုံထက်မြက် စွာအကဲခတ်နိုင်သည်။ သူတို့သည် ခေါင်း ဆောင်ဖြစ်သည့်အရည်အသွေး ရှီပြီး မင်းဆွေ စိုးမျိုးဟန်ပါသည်။ ထို့အပြင် သူတို့က မိမိကိုယ်ကို ချုပ်ထိန်းနိုင်သည်နှင့်အတူ စွဲမြဲကြံ့ ခိုင်သည့် ဇွဲသတ္တိလည်း ရှိသည်။ သူတို့က ပြတ်ပြတ်သားသား စီမံခန့်ခွဲ့ဆုံးဖြတ်တတ်၍ မိမိရည်ရွယ်ချက်အကောင်အထည်ဖော်အောင် မဖြစ်မနေလုပ်ဆောင်တတ်သည်။ ပူးသား သမီးတို့ကမူ အနုပညာ ရွှင်လာသည့်Óဏ်နှင့် တီထွင်ဖန်တီးစွမ်း ပြည့်ပြည့်ဝဝရှိသည်။ ဦးနှောက်ထဲမှာ ထောင်ချီသော ကြံဆချက်များ အမြဲရှိနေသော်လည်း ကိစတစ်ခုကို အာရုံ စိုက်ပြီး ကြိုးပမ်းဆောင်ရွက်လုပ်ရာတွင် ဆုတ်ဆိုင်းဖြစ်နေ သကဲ့သို့ သည်ခံစိတ်လည်းလုံးဝ မရှိပါ။ များသောအားဖြင့် နဂါးသားသမီး တို့၏ ဉာဏ်အစွမ်းက ကောင်းမွန်သည်။ သူ တစ်ပါးကို မအားကိုးဘဲ မိမိက မိမိကိုယ်ကိုပဲ စိုးမိုးခြယ်လှယ်နိုင်ကြောင်းကို သူတို့ထင်မြင် ယူဆ ကြောင့် ကိစ္စကို တစ်ဦးချင်း လုပ်ဆောင်လေ့ရှိသည်ကို နှစ်ကြိုက်ပါ သည်။

သဘောတရားအရဆိုလျှင် မြန်မာလူမျိုးများသည် သီတင်းပတ်အတွင်းလူတိုင်းမွေး နေ့တစ်နေ့ရှိသည်။ သို့သော် အပတ်တိုင်း မွေးနေ့ပွဲပြုလုပ်သည့်လူ မရှိပါ။ စင်စစ်အားဖြင့် မြန်မာလူမျိုးတို့သည် မွေးနေ့တွင် ဘုရားသွားရှိခိုးပြီး ရုပ်ပွားတော်ရေသွန်းသည့်ဓလေ့ ရှိပါသည်။ “ရုပ်ပွားတော်ရေသွန်းခြင်း”ဆိုသည်မှာ ဘုရားတရားကြည်ညိုသောစိတ် သဘော ထားရှိသည်ကို ဖော်ပြရန် မိမိသင်္ကေတသဘောဆောင်သောတိရစ္ဆာန်ကို ကိုယ်စားပြုသည့် ရုပ်ပွားတော်အတွက် ရေသွန်းလောင်းပေးခြင်းဖြစ်ပါ သည်။ ဤဓလေ့ကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကြီးတွင် အထင်အရှား တွေ့မြင်နိုင်ပါပေသည်။ ရွှေတိဂုံ စေတီတော်ကြီး၏ ပတ်လည်တွင် စေတီရံ (၆၄)ဆူရှိပြီး စေတီရံများမှာ အရပ် (၈) မျက်နှာ ခွဲထားပါသည်။ မတူသောအရပ်မှာ မတူသောသင်္ကေတသဘောဆောင်သည့် တိရစ္ဆာန်ကို ကိုယ်စားပြုပါသည်။ ဘုရားရုပ်ပွားတော်တိုင်း၏ အနီးတွင် ရေအိုးတစ်လုံးနှင့် အတူ ရေခွက်ကလေးတစ်ခွက်ထားရှိပါသည်။ လူတိုင်းက ရေခွက်ကလေးဖြင့် ရုပ်ပွား တော်ကိုရေသွန်းလောင်းပေးသည်။ ရုပ်ပွားတော်ကိုရေသွန်းအခါ ကိုယ့်အသက် အလိုက် ရေတွက်ပြီး သွန်းလောင်းရပါသည်။

တရုတ်နိုင်ငံတွင် မြန်မာနိုင်ငံနှင့်မတူပါမူ လူတစ်ယောက်မွေးဖွားသည့် နှစ်အတိုင်း သင်္ကေတ သဘောဆောင်သောတိရစ္ဆာန်ကို သတ်မှတ်ထားသည့်အစဉ်အလာရှိပါသည်။ “ရူရှန်း ဆယ့်နှစ်ကောင်”(သင်္ကေတ သဘောဆောင်ကြသည့်တိရစ္ဆာန်ဆယ့်နှစ်ကောင်) ဖြစ်၍ “ရှင်းရှောက်ဆယ့် နှစ်ကောင်”ဟုလည်းခေါ်သေးသည်။ ပြည်သူတို့က တိရစ္ဆာန် (၁၂)ကောင် (ြ<ွကက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ြေ>ွမ၊ မြင်း၊ သိုး၊ မြောက်၊ ကြက်ဖ၊ ခွေး နှင့်ဝက်)ကိုတရုတ်လူမျိုးတို့ အချိန်ကာလပြသောအမှတ်လက္ခဏာ (၁၂) မျိုးနှင့် တွဲဖက်၍ အသုံးပြုသည်။ သမိုင်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ သင်္ကေတနှစ်နံဆယ့်နှစ်ကောင် က လူထုရိုးရာကိုးကွယ်မှုခံယူချက်ထဲတွင် တစ်ဖြည်းဖြည်းပါဝင်လာသည်။ ထိမ်းမြား မင်္ဂလာ၊ လူ့ဘဝ၊ ကုသိုလ်ကံ စသည်တွင် ဖော်ပြသည်။ သင်္ကေတသဘောဆောင်သော တိရစ္ဆာန်တိုင်းက ဝိသေသများဖြင့် ထွေပြားစုံလင်သည့်ဒဏ္ဍာရီကို ဖော်ပြပါသည်။ ယင်း ဒဏ္ဍာရီများကို အခြေပြုပြီး တွေးခေါ်မြော်မြင်မှု သဏ္ဍာန်ဝိဂြိုဟ်ဖွင့်သည့် စနစ်တစ်မျိုးဖြစ် ပေါ်လာ၍ လူထုရိုးရာယဉ်ကျေးမှုနယ်ပယ်အတွင်း ရုပ်ပုံလွှာ ဒဿနိကဗေဒ ဖြစ်လာလေ သည်။ ဥပမာအားဖြင့် မင်္ဂလာဆောင်ရာတွင် သတိုးသားနှင့်သတို့သမီး၏ သင်္ကေတနှစ်နံ ဆယ့်နှစ်ကောင်တွဲဖက်ခြင်း၊ ဘုရားပွဲတွင် ဆုတောင်းခြင်းစသည်တို့ဖြစ်သည်။

သင်္ကေတနှစ်နံဆယ့်နှစ်ကောင်သည် တရုတ်နိုင်ငံ၏သမိုင်းရှည်လျားသော လူထု ယဉ်ကျေးမှုသင်္ကေတဖြစ်ပါသည်။ ရှေးသရောအခါမှ မျက်မှောက်ကာလအထိ သင်္ကေတ နှစ်နံဆယ့်နှစ်ကောင်၏သဏ္ဍာန်နှင့် သရုပ် ဆောင်သောအဓိပ္ပာယ်ဖော်ပြသည့် ကဗျာ လင်္ကာ၊ နွေဦးပွဲတော်နှစ်ချိုးစပ် စာတန်း၊ ပန်းချီ၊ လက်ရေးလက်သားနှင့် လူထုရိုးရာ လက်မှုအနုပညာပစ္စည်း အများအပြားရှိပါသည်။ တရုတ်နိုင်ငံအပြင် ကမ္ဘာ့နိုင်ငံများက တရုတ်နိုင်ငံနွေဦးပွဲတော်အတွက် ဆုတောင်းမေတ္တာပို့ပေးရန် နွေးဦးပွဲတော် ကာလအတွင်း သင်္ကေတနှစ်နံဆယ့်နှစ်ကောင်စာပို့တံဆိပ်ခေါင်းထုတ်ဝေ လေ့ရှိပါသည်။