ယူနန်ဆောင်းယဉ်စွန်းရာသီချိန်တွင် အဘယ်စားရမည်နည်း။

2017-12-22 18:03:14 |သတင်းအရင်းအမြစ် 云桥网

အချိန်သည် မသိမသာကုန်သွားပြီး တရုတ်နိုင်ငံသည် အအေးချမ်းဆုံးအချိန်ရက်နေ့ကို ဝင်ရောက် နေပြီဖြစ်သည်။ ဤနေ့သည် ဆောင်းယဉ်စွန်းရာသီချိန်ဟု ခေါ်သည်။

ဆောင်းယဉ်စွန်းရာသီချိန်သည် တရုတ်စန္ဒရသက္ကရာဇ်တွင် အရေးကြီးသော ရာသီချိန်ဖြစ်ပြီး တရုတ်အမျိုးသားတို့၏ ရိုးရာအစဉ်အလာပွဲတော် ဖြစ်ပါသည်။ ဤနေ့တွင် ကမ္ဘာလုံး၏မြောက်ခြမ်း၌ နေ့ခင်းပိုင်းအတိုဆုံးနှင့် ညပိုင်းအရှည်ဆုံးအချိန်ဖြစ်ပြီးမင်္ဂလာပြည့်စုံရက်တစ်ရက်လည်းတရုတ်လူမျိုးတို့ ထင်မြင်ယူဆသည်။

ဆောင်းယဉ်စွန်းရာသီချိန်တွင် အဘယ်စားရမည်နည်း။

ဆောင်းယဉ်စွန်းရာသီချိန်ရောက်ခါ တရုတ်နိုင်ငံတစ်နိုင်ငံလုံးတွင် ပြည်သူပြည်သားများသော အားဖြင့်သည် ဖက်ထုတ်နှင့်မုန့်လုံးရေပေါ်စားလေ့ရှိသည်။ သို့ရာတွင် ယူနန်ပြည်နယ်သည် တိုင်းရင်း သားလူမျိုးစုယဉ်ကျေးမှုပေါများကြွယ်ဝသည်၊ ထို့ကြောင့် ဆောင်းယဉ်စွန်းရာသီချိန် အစားအစာ ယဉ်ကျေးမှုလည်း ပေါများကြွယ်ဝသည်။

ဓလေ့ထုံးစံနှင့်အညီ ကူမင်းမြို့သူမြို့သားများသည် မုန့်လုံးရေပေါ်ကို စားကြိုက်သည်။ ဆောင်း ယဉ်စွန်းရာသီချိန်ပွဲတော်ရောက်လျှင် ရုံးဆင်းပြီးနောက် မိသားစုအားလုံးစုဝေးမည်။ သက်ကြီးရွယ်အို သည် မင်္ဂလာရခြင်း၊ လစာများခြင်း၊ အသက်ရှည်ခြင်းနှင့် ကံကောင်းခြင်းစသည့်ဆုတောင်းခြင်းကိုယ်စား သော မုန့်လုံးရေပေါ်ကို ပြုတ်စားမည်။ ပန်းကန်လုံးတိုင်းတွင် မုန့်လုံးရေပေါ်လေးလုံးရှိပြီး မုန့်လုံးရေပေါ် အတွင်း ပဲမှုန့်ညက်ချို၊ မြေပဲ သို့မဟုတ် ဝက်သားနဲ့သကြားထည့်လေ့ရှိသည်။

ယွီရှီးဒေသသည် ဤနေ့တွင် ပဲမှုန့်မုန့်လုံးရေပေါ်ကို စားလေ့ရှိသည်။

လီကျမ်းဒေသသည် တိုင်းရင်းသားလူမျိုးစုများစွာစုဝေးနေထိုင်ပြီး တစ်ကမ္ဘာလုံးခရီးသည်များလည်း ရှိသည်။ ထို့ကြောင့် လီကျမ်းသည် ရိုးရာအစားအစာလည်းစား၊ အခြားဒေသအစားအစာလည်းများသည်။

ဆောင်းယဉ်စွန်းရာသီချိန်ပွဲတော်တွင် ဖက်ထုတ်၊ မုန့်လုံးရေပေါ်စားလေ့ရှိသည်။ ထို့ပြင်၊ အချို့လူသား တွေလည်း ကွယ်လွန်သူဆွေမျိုးရင်းခြားကို အမှတ်တရအခမ်းအနားကျင်းပသည်။ သို့ရာတွင် လီကျမ်း မြို့သားများသောအားဖြင့်သည် ကောက်ညှင်းဆံကို သုံးဆောင်လေ့ရှိသည်။

တာလီမြို့သူမြို့သားများအတွက် ချီပါးဟုခေါ်သည့် မုန့်တစ်မျိုးကို စားရမည်။ ချီးပါးမုန့်သည် ကောင်းမွန်သောကောက်ညှင်းဆန်ဖြင့် ထောင်းလုပ်သည်။ ကင်ပြီးနောက် ပျားရည်နှင့်သုတ်စားသည်။ တစ်နှစ်လုံး အလုပ်ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့်ရရှိသောစီးပွားချမ်းသာမှုကို ဂုဏ်ပြုနိုင်သည့် အဓိပ္ပါယ် ပါသည်။

တိဗက်သက္ကရာဇ် ဆောင်းရာသီ(၂၆)မှ(၂၉)ရက်အထိ၊ တီချင်းတိဗက်ပြည်နယ်ခွဲသည်“ကယ်သုံး”ပွဲတော်ကို ထောပနာပြုသည်။ “ကယ်သုံး”ဆိုသည်မှာ အစားအစာ(၉)မျိုးဖြင့် ထမင်းလက်ဆုံစားသည်။ ဒေသခံတို့သည် ရှုန်းကျန့်လင်ဘုရားကျောင်းသို့သွားပြီး ဤနှစ်၏သစ်သီးအောင်မြင်မှုကို ဂုဏ်ပြုသည်၊ လာမည့်နှစ်ငြိမ်းချမ်းရေးရရှိနိုင်စေရန်၊ ကံကောင်းစေရန် ဆုမွန်ကောင်းတောင်းသည်။

ချိုရှုန်းစသည့်နေရာတွင် ရွာတိုင်း ဝက်သတ်ထမင်းကျွေးပွဲကို ကျင်းပသည်။ တကယ်ပြောမည်ဆို လျှင် စားကောင်းသောက်ဖွယ်သုံးဆောင်ခြင်းရန် ကျင်းပသည်မဟုတ်ပါ။ အိမ်နီးချင်းများ၊ ဆွေမျိုးများ စုဝေးပြီး အပြန်အလှန်ဖလှယ်ရန် ချစ်ကြည်ရေး၊ အချစ်မေတ္တာတိုးတက်စေရန် ရည်ရွယ်ထားသည်။

ဝင်ရှန်း၊ ဟုန်ဟို၊ တယ်ဟုန်ပြည်နယ်ခွဲစသည့်ဒေသတွင် လူတွေသည် ဆိတ်သားစားမည်။

မုန့်လုံးရေပေါ်၊ ဖက်ထုတ်၊ အသား ……မည်ကဲ့သို့မဆို မိသားစုနှင့်အတူနေထိုင်နိုင်ပြီး ထမင်း လည်း အတူစားနိုင်သည်မှာ နွေးထွေးမှုဖြည့်စွက်နေသည့်ချမ်းသာကြွယ်ဝခြင်းဖြစ်သည်ထင်သည်။