ရောက်ခါစ သူများထက် တယ်ဟုန်တိုင်(ရှမ်း)၊ ဂျင်းဖောတိုင်းရင်းသားလူမျိုးကိုယ်ပိုင်အုပ်ချုပ် ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့တွင် နှစ်နှစ်ကျော်အလုပ်လုပ်ခဲ့သော ဖူခွမ်မိုင်သည် ဤနေရာတွင် ရှိသမျှကို ပိုမိုသိကျွမ်းသည်။ မြန်မာနိုင်ငံကျေးရွာမှ လာသည့် ဖူခွမ်မိုင်သည် ဟိုတယ်တစ်ခုတွင် အလုပ်လုပ်နေ သည်။ သူမက သတင်းထောက်အား ထိုကဲ့သို့ပြောပြသည်။ သူမက မောင်နှမ(၅)ယောက်ရှိသည်။ သူမသည် အိမ်သုံးစရိတ်ကို ပံ့ပိုးရန် ရွှေလီမြို့တွင် အသက်မွေး ဝမ်းကျောင်းရှာသည်။
“ရွှေလီမြို့ရောက်ခါစက ဒီနေရာမှာ နေထိုင်စားသောက်ရေး အဆင်မပြေမှာကို စိုးရိမ်မိတယ်။ ဒေသခံတွေနဲ့ မဆက်ဆံတတ်မှာကို စိုးရိမ်မိတယ်။ တရုတ်လူမျိုးက ကျွန်မတို့အပေါ် ချစ်ခင်မှုမရှိမှာကို စိုးရိမ်မိပါတယ်”ဟု ဖူခွမ်မိုင်က ဆိုသည်။ “နှစ်နှစ်ကျော်ကျော် ဆက်ဆံကြည့်ပြီးနောက် ကျွန်မ စိတ်ပူ စရာ မရှိတော့ဘူး။ ဒေသခံတွေက ကျွန်မတို့မြန်မာ လူမျိုးကို ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံ ကြတယ်။ ကိုယ့်အိမ် ရောက်နေသလိုပဲ”ဟု သူက ဆက်လက်ဖော်ပြသည်။
တစ်နှစ်ကြာလေပြီဖြစ်သော်လည်း ထိုစဉ်က နေမကောင်းဖျားနာ သည့်ခံစားမှုကို ပြောမိလျှင် ဖူခွမ်မိုင်က အလွန်စိတ်လှုပ်ရှားနေသေးသည်။ လွန်ခဲ့သောတစ်နှစ်က ညသန်းခေါင်းတစ်ခုတွင် ဖူခွမ်မိုင် ဖျားနေပါသည်။ ထိုတုန်းက သိကျွမ်းသူလည်း နည်းသေးသည်။ သူမနှင့် အတူနေသော တရုတ် သူငယ်ချင်းတစ်ဦးနှင့်အခြားသူငယ်ချင်းများက လာရောက်ကူညီကြသည်။ ညသန်းခေါင်ချိန်ဖြစ် သောကြောင့် အငှားကားလည်းရှာမရပေ။ သို့ဖြင့်တစ်ခန်းထဲ အတူတူနေသော တရုတ်အဆောင်ဖော် က သူမကို ကျောပိုးပြီး ဆေးရုံသို့ အမြန်ပို့ပေးခဲ့သည်။ ထိုနေ့များတွင် တရုတ်အဆောင်ဖော်များက သူမကို ဂရုတစိုက်ပြုစုကြသည်။ သူမက ကိုယ့်အိမ်ထဲမှာလို နွေးထွေးမှုကို တကယ်ခံစားမိသည်။
“ကျွန်မ တရုတ်နိုင်ငံမှာ အတော်အဆင်ပြေပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်ရင် မြန်မာလူမျိုး တွေကို ပြောပြမယ်။ တရုတ်လူမျိုးဟာ ကျွန်မတို့ကို ကိုယ့်ရဲ့ ဆွေမျိုးရင်းချာလို ဆက်ဆံတယ်။ ကျွန်မတို့ ချစ်ကြည်ရေး အမြဲခိုင်ခံ့ပါစေ”ဟု ပြုံးရယ်ကာ သတင်းထောက်မေးသမျှကို ဖူခွမ်မိုင်က ဖြေကြားပါသည်။
သတင်းအရင်းအမြစ်။ ။တယ်ဟုန်ပြည်နယ်ခွဲ စည်းလုံးညီညွတ်ရေး သတင်းစာမှ ကောက်နုတ်သည်။
ဘာသာပြန်။ yunnangateway