မြင့်မြတ်သောနှလုံးသားပိုင်ရှင်တို့၏ ကြီးကျယ်သောစွမ်းဆောင်ရည်

2018-02-12 17:32:34 |သတင်းအရင်းအမြစ် 云桥网

တရုတ်နိုင်ငံသားများသည်  ပြည်ပနယ်ချဲ့ရန်ကို  ခုခံကာကွယ်ရန်  ကိုယ့်နိုင်ငံတည်တံ့ခိုင်မြဲရန် ဦးတည်ချက်ဖြင့် ကာ ကွယ်ရေးနှင့် လုံခြုံရေးအဟန့်အတားအကာအကွယ်အဖြစ်မဟာ တံတိုင်း ရှည်ကြီးကို အသက်သွေးချွေးမြောက်များစွာ ပေးဆပ်၍တည်ဆောက်ခဲ့ကြပါ သည်။ ယခုအခါတွင် ကမ္ဘာ့အံ့ဖွယ်(၇)ရပ်၌ ပါဝင်ပြီး ယူနက်စကိုကလည်းကမ္ဘာ့ယဉ်ကျေးမှုဆိုင် ရာအထိမ်းအမှတ်ဗိမာန်ကြီး အဖြစ် မော်ကွန်းမှတ်တမ်းတင်ထားပါသည်။Great Wall ၏အရှည်သည် (၂၁၁၉၆.၁၈)ကီလိုမီတာရှိ ကြောင်း မျက်မှောက်အခါ၌ တိတိကျကျတိုင်းတာ ဖော်ထုတ်နိုင်ခဲ့ပါသည်။ ရှေးဟောင်းသုတေသန ဆိုင်ရာလေ့ လာချက်များအရ မဟာတံတိုင်းရှည်ကြီးတစ်လျှောက်၌ ယဉ်ကျေးမှုအမွေအနှစ် နေရာ (၄၃၇၂၁)နေရာရှိကြောင်းဖော်ထုတ်ရရှိပါသည်။

ပေကျင်းမြို့သည် မြောက်ပိုင်းတရုတ်လွင်ပြင်၏  မြောက်ဘက်ဆုံးအပိုင်းတွင်  တည်ရှိပါသည်။ မြို့၏အနောက်ဘက်နှင့် မြောက်ဘက်တို့၌ ရန်ရှန်(Yan Shan)နှင့်ထိုင်ဟန် (Tai Hang) တောင်တို့က အတွင်းပိုင်းမွန်ဂိုးလျားကုန်းမြေမြင့်နှင့် သီးခြားကာရန်ထားသည်။ နှစ်ထောင်ပေါင်းများစွာက တောင်ကြားချိုင့်ဝှမ်းများအား ရေနှင့်လေတို့၏ တိုက်စားမှုများကို ၎င်းတောင်တန်းများက ခံစားခဲ့ကြရ သည်။ နောက်ပိုင်းတွင် တောင်နှင့်မြောက်ပိုင်းဒေသများအတွက် အရေးကြီးသောဆက်သွယ်မှု လမ်းကြောင်းဖြစ်ခဲ့သည်။ ထိုကြောင့် ပေကျင်းနှင့်နီးသော Great Wall ၏အပိုင်းသည် ထိုဆက်သွယ်မှု လမ်းပေါက်ကို ပိတ်ဆို့နိုင်ရန် စစ်ဘက်ဆိုင်ရာခံတပ်တစ်ခုအဖြစ် ဆောက်လုပ်ခဲ့ရခြင်းဖြစ်ပေသည်။ Great Wall သည် လွန်လေပြီး သောရှေးယခင်ကတည်းကကျယ်ဝန်းရှည်လျားလှသည့်တရုတ်                   နိုင်ငံ၏ပိုင်နက်တစ်နံတစ်လျားတစ်လျှောက်တွင် အရေးကြီးလှ သောစစ်မက်ရေးရာကာကွယ် ရေးဆိုင်ရာခံတပ်ကြီးတစ်ခုဖြစ်သည်။ LiaoningဒေသရYalu  မြစ်မှအစပြု၍ အနောက်ဘက် တစ် လျောက်တောင်များ၊ သဲကန္တာရများနှင့် နှင်းဖုံးလွှမ်းသော ကုန်းမြေမြင့်များပေါ်တွင် သွယ်တန်းလျက်ရှိ ပါသည်။GreatWall ကို ဘီစီ(၇)ရာစီုမှစတင်၍ အေဒီ(၁၇)ရာစုနောက် ဆုံးမင်း Ming နန်းဆက်အုပ်စိုး စဉ်ကာလအထိ နှစ်ပေါင်း   (၂ဝဝဝ)ကျော်ကြာ တည်တောက်ခဲ့ရပါသည်။Badaling Great Wall ၏ အရှေ့ဘက်တံခါးဝ၌  ကျောက်စာထွင်း၍မော် ကွန်းတင်ထားသည်မှာ “Ju yong မြို့၏အစွန်”ဟူ၍လည်း                                        ကောင်း၊ အနောက်ဘက်တံခါးဝ၌ “တောင်ပိုင်းနယ်နမိတ်၏စစ်မဟာဗျူဟာထွက်ပေါက်”ဟူ၍ လည်းကောင်း ရေးထိုးထား ခဲ့ပါသည်။

မဟာတံတိုင်းရှည်ကြီးသည် တရုတ်လူမျိုးတို့၏မလျော့သောဇွဲလုံ့လ၊ သတ္တိတို့ကို ဖော်ပြသော သင်္ကေတတစ်ရပ် အဖြစ် ပေါ်ထွန်းလာခဲ့ပါသည်။ မဟာတံတိုင်းရှည်ကြီးအားကာ ကွယ်ရေးဆိုင်ရာ ခံစစ်မျဉ်းအဖြစ် ကြိုးစားတည်ဆောက်ခဲ့ကြသော တရုတ်နိုင်ငံသားများသည် အမိနိုင်ငံကို တန်ဖိုးထား  အလေးဂရုပြုခြင်း၊ ငြိမ်းချမ်းရေးကို ချစ်ခင်မြတ်နိုးခြင်း၊ ကျူးကျော်ရန်ကို ကြောက်ရွံ့နောက်တွန့်ခြင်း စိုးစိမျှမရှိခြင်း၊ အမိမြေကို အရိုးကျေကျေအရေခန်းခန်းသွေးတစ်စက်ကျန်သည်အထိ ခုခံကာကွယ် သွားမည်ဖြစ်ခြင်းကို ပီပြင်ထင်ရှားစွာ ဖော်ကျူးလိုက်သကဲ့သို့ရှိပါပေသည်။ မဟာတံတိုင်းရှည်ကြီးသည်  တရုတ်နိုင်ငံ၏ရှည်လျားခဲ့သောသမိုင်းဆိုင်ရာအထိမ်းအမှတ်နှင့် ယဉ်ကျေးမှုဆိုင်ရာရတနာတစ်ပါးဟု ဆိုနိုင်ပါသည်။

ပေကျင်းဒေသပိုင်းဆိုင်ရာမဟာတံတိုင်းရှည်ကြီး၏ ဆောက်လုပ်ရေးကို ရန်(Yan) ခေါင်းဆောင်လက်ထက်ဘီစီ ၄၇၅-၂၂၁ ကစတင်ခဲ့သည်။ အင်အားကြီးသောစစ်ခေါင်း ဆောင်(၇)ဦး အနက်(၁)ဦးဖြစ်သော ရန်(Yan )သည် စစ်ရေး စွမ်းရည်ဖြင့် နိုင်ငံတည်ထောင်နေသော ကာလဖြစ်ပေရာ နောက်အစဉ်အဆက် မင်(Ming)မင်းဆက်တိုင်အောင်တစ်စိုက်မတ် မတ်အကောင်အထည်ဖော် ခဲ့ကြသည်။ Ming၊ Rin၊ Han၊ Wei၊  Jin၊ Qi၊  Zhou၊ Sui နှင့် Tang  မင်းဆက်တိုင်အောင်စီမံကွပ်ကဲ ခဲ့ကြရာMingမင်းဆက်သည် ပေကျင်းသို့ ပြောင်းရွှေ့၍မြို့ တော်တည်ထောင်ခဲ့ပြီး မဟာတံတိုင်း ရှည်ကြီးသည် ပိုမိုကျစ် လစ်ခိုင်မာလာပြီး ခံစစ်အသွင်လက္ခဏာပိုမိုတောင့်တင်းလာခဲ့ပါသည်။

    

တရုတ်အတိုင်းအတာဖြင့် လီပေါင်း(၁ဝဝဝဝ)မဟာတံ တိုင်းရှည်ကြီးအဖြစ် တရုတ်နိုင်ငံသားများက သိရှိကြသော မဟာတံတိုင်းရှည်ကြီးသည် လူသားတို့တည်ဆောက်ခဲ့သည့်အ ဆောက်အဦးများအနက် အကြီးမားဆုံးဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ မြောက်ဘက်နယ်ခြားကို ကာကွယ်နိုင်ရန် ဘီစီ(၅ဝဝ) တွင် စတင်တည်ဆောက်ခဲ့သည်။ ယူနက်စကိုကမဟာတံတိုင်း ရှည်ကြီးကို ကမ္ဘာ့အမွေအနှစ်များစာရင်း၌ ၁၉၈၇ ခုနှစ်တွင် ထည့်သွင်းခဲ့သည်။ ထိုကာလထက်နှစ်ပေါင်း(၁ဝဝ)ကျော်စော သောကာလကပင် ကမ္ဘာ့အံ့ဖွယ်(၇)သွယ်တွင် ပါဝင်ခဲ့ပြီးဖြစ်ကြောင်းမှတ်တမ်းများရှိပါသည်။ မဟာတံတိုင်းရှည်ကြီးသည် တရုတ်နိုင်ငံ၏မော်ကွန်းပုံရိပ်ကြီးအဖြစ် အထင်အရှားရပ်တည် လျက်ရှိနေပါသည်။

မဟာတံတိုင်းရှည်ကြီးတွင် ထင်ရှားသောနေရာဒေသများအဖြစ် ပေကင်းဧရိယာအတွင်းရှိ မဟာ တံတိုင်းBa da ling ဒေသတံတိုင်း ၊Ju yong  ထွက်ပေါက်၊Ju yong  ထွက်ပေါက်ရှိ တိမ်စဉ်တန်း များ၊ Mu tian yu ဒေသတံတိုင်း၊Si ma tai ဒေ သတံတိုင်း၊Jin shan ling ဒေသတံတိုင်း စသည်ဖြင့် နေရာ ဒေသအလိုက်အံ့ချီးဖွယ်ရာများအံ့မခန်းတည်ရှိနေပါသည်။ ထူးဆန်းခြင်း၊ လှပခြင်း၊ အံ့မခန်းခြင်း၊ ချီးကျူးဖွယ်ဖြစ်ခြင်း၊ ရှုမဝလောက်အောင်တင့်တယ်ခြင်း၊ ရှုမဆုံးလောက်အောင်သာ မောဖွယ်တောင်း ခြင်းစသည်တို့ဖြင့်“ဘယ်ပန်းချီရေးလို့မမှီအောင်”အလှချင်းပြိုင်နေကြရာ ကမ္ဘာ့အဆင့်ဝင်ယဉ်ကျေးမှု အမွေအနှစ်ကြီးပင်ဖြစ်ပါသည်။

တရုတ်နိုင်ငံသို့ လာရောက်သူတိုင်းမဟာတံတိုင်းရှည် ကြီး( Great Wall )သို့ မရောက်ဘူးလျှင် တရုတ်နိုင်ငံရောက်ဧည့်သည်တော်မမည်ဆိုသည်မှာ တရားကိုယ်စားကိုယ့်သဘော သာမက အမှန် တစ်ကယ်ပင် မှန်ကန်နေသည်မှာ မုချပင်ဖြစ်ပါပေသည်။

ကခိုင်ကြည်

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006