ဟုဝါသည် ရွှေလီမြို့အနောက်မြောက်ပိုင်းတောတောင်ကြားအတွင်းရှိ ရွာကလေးတစ်ခုဖြစ်ပြီး မြန်မာနှင့်တောင်တစ်လုံးသာကွာဝေးသည်။ ဟုဝါရွာတွင် နာမည်ကျော်လူငယ်တစ်ယောက်ရှိရာ နာမည်က တွန့်ပစ်ချင်းဟု ခေါ်ပါသည်၊ သူ့ကို လူတကာက“ကြက်သေနာပတိ”ဟု ခေါ်ကြသည်။
တွန့်ပစ်ချင်းသည် ရွာအဆင့်အစိုးရဝန်ထမ်းဖြစ်ပြီး အရပ်အမောင်း ရိုးရိုးဖြစ်သည်။ အသားနည်း နည်းမဲသည်၊ ရယ်လားမောလား အကျင့်ရှိပြီး စိတ်စေသနာထက်သန်လှသည်။
၂ဝဝ၉ ခုနှစ်က တက္ကသိုလ်မှ ဘွဲ့ရသော တွန့်ပစ်ချင်းသည် ရွာအဆင့် အစိုးရဝန်ထမ်းအဖြစ် ဟုဝါရွာ သို့ရောက်ရှိလာပါသည်။ ငယ်စဉ်က မြို့ထဲတွင် နေထိုင်ခဲ့သည့်တွန့်ပစ်ချင်း သည် ဟုဝါသို့ ရောက်စက တောတောင်ကြားရှိအရာအားလုံးအပေါ် အလွန်စိတ်ဝင်စားပါသည်။ တောင်ပေါ်ကတိုက် ခတ်နေသော လေ၊ ပျံသန်းနေသောကျေးငှက်များနှင့် ရွာသားတို့ မီးဖိုဆောင် မှမီးခိုးများတလူလူလွင့်တက်ပုံ စသည် တို့က သူ့အား အလွန်သန့်ရှင်းအေးမြ သောကမ္ဘာလောကတစ်ခုသို့ ရောက်ရှိလာသည်ဟု ခံစားမိစေ သည်။ သို့ရာ တွင် ဤသို့သောစိတ်ချမ်းသာမှုမှာ မကြာရှည်ပါ။
ဟုဝါရွာတွင် နေထိုင်သူတို့မှာ များသောအားဖြင့် ဂျင်းဖောလူမျိုးဖြစ်ပြီး သူတို့သည်(၁ဝ)စတုရန်း ကီလိုမီတာကျယ်သော တောင်ကြားတွင် တကွဲတပြားစီနေကြသည်။ ကြံပင်စိုက်ပျိုးခြင်းသည် ရပ်သူရပ်သားများအတွက် အကောင်းဆုံး စီးပွားရှာနည်းလမ်းဖြစ်၏။ လူတိုင်းတစ်နှစ်လုံးဝင်ငွေမှာ တရုတ်ယွမ်(၂ဝဝဝ)ခန့်သာရှိသည်။ “နေအိမ်က တကယ် မိုးအိမ်ဖြစ်တယ်၊ လမ်းက လည်းရွှံ့နွံ လမ်းဖြစ်တယ်။ တဲအိမ်ထဲမှာ မီးလှုံ့ထမင်းချက်ဖို့ မြေတွင်းတစ်ခုပဲရှိတယ်။ လျှပ်စစ်ပစ္စည်းဆိုရင် လက်နှိပ်ဓာတ်မီးတစ်ချောင်းတည်းရှိတာပေါ့။”ထိုအချိန်က အခြေအနေကို ပြန်တွေးတောရာတွင် တွန့်ပစ်ချင်းသည် စိတ်အတော်ညှိုင်းငယ်လေးလံပါသည်။ ထိုစဉ်က တွန့်ပစ်ချင်းသည် ရွာသူရွာသား များ၏ဘဝအခြေအနေကို မိမိ၏စွမ်းရည်ဖြင့် ပြောင်းလဲစေလိုသည်။ ကိစ္စတစ်ခုခုပြုလုပ် မှဖြစ်မည်ဟု စဉ်စားခဲ့သည်။
“ဟိုအချိန်မှာ မြို့ထဲက လူတစ်ယောက်ဟာ ကျွန်တော့်ကို ကြက်ပို့ပေးခိုင်းတယ်။ ဒီလိုကိစ္စကို သုံးလေးငါးကြိမ် ကြုံတွေ့ခဲ့တယ်။ ဒါကြောင့်ကျွန်တော်က ဒီလုပ်ငန်းအလားအလာကောင်းတယ်၊ ဒါနဲ့စီးပွားရှာနိုင်တယ်။ ဟုဝါရွာထဲမှာ အိမ်တိုင်းကြက်မွေးလို့ အခြေခံရှိတယ်။ တကယ်လုပ်ငန်း တစ်ခုအဖြစ် လုပ်ချင်ရင်မခက်ပါဘူး”ဟု တွန့်ပစ်ချင်းက ထင်မြင်သည်။ ယင်းကို အဆင် ပြေပြေ ချောချောမွေ့စွာ ဆောင်ရွက်နိုင်သည်ဟုလည်း ယူဆပါသည်။ သို့ရာတွင် တကယ့်လက်တွေ့အခြေ အနေမှာ ကြက်မွေးမြူစတွင် အလွန်ခက်ခဲ၏။ တွန့်ပစ်ချင်းသည် သူငယ်ချင်းနှင့်အတူ တစ်ယောက် တရုတ်ယွမ်ငွေ(၆ဝဝဝဝ)စီကို စိုက်ထုတ်ပြီး ကြက်မွေးမြူလာသည်။ လယ်ယာအလုပ် လုံးဝမလုပ်တတ် သည့်မြို့သားတစ်ယောက်ဖြစ်သည့်တွန့်ပစ်ချင်းသည် နေ့စဉ်နေ့တိုင်းကြက်မွေးခန်းတွင် ကြက်ကလေး ပေါက်စများ ဝယ်ယူ ခြင်း၊ ကြက်ကလေးများ ဖောက်ခြင်း၊ ကြီးပင်းလာသည့်အထိ စောင့်ရှောက်ခြင်း စသည့် ကိစ္စအရပ်ရပ်ကို ကိုယ်တိုင်လုပ်ဆောင်ရသည်။
လုပ်ငန်းစတင်တည်ထောင်ခြင်းသည် အဆင်ပြေချောမွေ့နိုင်သည့် အရာမဟုတ်ချေ။ ပထမ အသုတ်မွေးထားသည့်ကြက်အကောင်(၁ဝဝဝ) သည် နည်းပညာနှင့်အတွေ့အကြုံအားနည်းသော ကြောင့် (၅ဝဝ)ခန့်သေသွားသည်။ တစ်နှစ်ကြာသော်၊ သူ့သူငယ်ချင်းလည်း ရင်းနှီးငွေကို နှုတ်ယူ သွားသည်၊ ကြက်နာကျသည်ကိုလည်း ကြုံတွေ့ခဲ့သည်။ ဤဒဏ်ရာဒဏ် ချက်များကြောင့် စိတ် ဆင်းရဲငြိုငြင်သော်ငြားလည်း သူသည် စိတ်မလျှော့ပါ။
“ဖေဖေကို နားဝင်အောင် ဖျောင်းဖျနားချခဲ့တယ်။ သူက မြို့ထဲက နေအိမ်ကိုအာမခံလုပ်ပြီး ငွေချေးတယ်။ ပြီးတော့သူငယ်ချင်းရဲ့ြေ<ွကးငွေတွေ ဆပ်လိုက်တယ်။”စိတ်ဓာတ်ကြံ့ခိုင်မောက်မာ သောတွန့်ပစ်ချင်းသည် မိမိက မိမိကို နှိုးဆော်သည်မှာ--ဒီတစ်ခါတော့ မုချထမြောက်အောင်မြင်ရမယ်၊ ဘာအခက်အခဲတွေ့တွေ့ ဆက်လက်ကြိုးပမ်းရမယ်။ ဝါးခြမ်းပြားများ ဖြင့် ပြီးစလွယ်ဆောက်ထားသည့် အိမ်ကလေးတွင် တွန့်ပစ်ချင်းသည် နံနက်စောစော အိပ်ရာထပြီး ညဥ့်နက်ကျတော့မှ အိပ်ရာဝင်လေ သည်။ သူသည် အင်တာနက်နှင့်စာအုပ်အတွင်းမှ ကြက်မွေးမြူရေးပညာနှင့်အတွေ့အကြုံရှာဖွေလေ့လာ သည်၊ ထို့ပြင်၊ တောင်သူလယ်သမားထံမှ ပညာသင်ယူ သည်။ သူသည် နည်းပညာကို အဆက်မပြတ် သင်ကြားပြီး စဉ်းစားတွေးတောသည်၊ ကြက်မွေးခန်းသို့သွားရာ လမ်းကြောင်းကို ပေါက်တူးဖြင့် တစ်ချက်ပြီးတစ်ချက်တူးကာ ဖောက်လုပ်သည်၊ ရုံးဆင်းတော့ ကြက်များ ကို သယ်ဆောင်ပြီး မြို့ပြသို့သွားရောင်းချသည်။