ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် ကျွန်တော်တို့သတင်းထောက်သည် “၂၀၁၈ ခုနှစ် ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး အလုပ်ရုံ တီဗွီအစည်းအဝေး”မှသတင်းအရသိရသည်မှာ-- ၂၀၁၇ ခုနှစ် ယူနန် တစ်ပြည်နယ်လုံး၏ စားသုံးကုန်လက်လီရောင်းချရေးတန်ဖိုးသည် စုစုပေါင်း တရုတ်ငွေ(၆၄၂.၃၁)ဘီလီယံသို့ရောက်ရှိပြီး ပြီးခဲ့သောနှစ် ကာလတူထက် (၁၂.၂%)တိုးများလာသည်။ ထို့ပြင် တစ်ပြည်လုံးနှင့်နှိုင်းယှဉ်လျှင် (၂%) ထက်ပိုမြင့်လာပြီး တိုးမြှင့်နှုန်းအရှိန်အဟုန်သည် တစ်ပြည်လုံး၏ တတိယ နေရာသို့ ရောက်ရှိပြီဖြစ်သည်။
၂၀၁၇ ခုနှစ် တရုတ်နိုင်ငံ GDP တိုးတက်မှုအတွက် ထောက်ပံ့တွန်းအား ပေးခဲ့သော လက်ကားရောင်းဝယ်ရေး၊ လက်လီရောင်းဝယ်ရေး၊ တည်းခိုရေး နှင့်စားသောက်ရေးလုပ်ငန်း(၄)ခုသည် ကာလတူအချိန်ထက် (၁၇.၂%)၊ (၁၂.၈%)၊ (၁၄.၇%)နှင့်(၁၇.၁%) အသီးသီးတိုးမြှင့်လာသည်။
ထို့ပြင် ယူနန်သွင်းကုန်ပို့ကုန်ငွေပမာဏသည် ဒေါ်လာစုစုပေါင်း (၂၃.၃၉၄) ဘီလီယံသို့ ရောက်ရှိကာ (၁၉.၉%)ကို တိုးများလာသည်။