နယ်စပ်ခရီးသွားလုပ်ငန်းဖြင့် တိုင်(ရှမ်း)တိုင်းရင်းသားကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာ

2018-03-01 11:26:01 |သတင်းအရင်းအမြစ် 云桥网

နေ့ခင်းအချိန်နေရောင်ခြည်သည် ကမ္ဘာမြေပေါ်သို့ နွေးထွေးစွာကျရောက်နေသည်။ မိုင်းကျင်လှ ကျေးရွာ ရွာတွင်းရွာပြင်တွင် ခရီးသွားများဖြင့် စည်ကားနေသည်။ ယုကွမ်ခန်တစ်အိမ်လုံးသည် စိတ်လှုပ်ရှား စွာအလုပ်များနေကြသည်။ သင်းပျံသောရနံ့များသည် စားဖိုဆောင်ထဲမှပျံ့လွင့်လာသည်။ ကြိုတင်စာရင်းပေးထားပြီးဖြစ်သော ခရီးသည်(၁၂ဝ)ဦးသည် သူတို့အိမ်သို့ တိုင်တိုင်းရင်းသားရိုးရာဟင်းလျာများကို လာရောက်သုံးဆောင်ကြမည်ဖြစ်သောကြောင့်ဖြစ်သည်။

ဓာတ်ပုံအရင်းအမြစ်၊ online picture

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင်တည်ရှိသော ယူနန်ပြည်နယ် မိုင်းဟိုင်ခရိုင်တာလော့မြို့ မိုင်းကျင်လှကျေးရွာသည် စံပြရိုးရာတိုင်(ရှမ်း)တိုင်းရင်းသား ကျေးရွာတစ်ရွာဖြစ်သည်။ မြန်မာ နိုင်ငံနှင့်မြစ်တစ်သွယ်သာခြားကာ လှမ်းမြင်နေရသည်။ နယ်နိမိတ်အမှတ်အသားမိုင်တိုင်နှင့် အလွန် နီးသောကြောင့် “တရုတ်မြန်မာပထမရွာ”ဟုလည်းခေါ်တွင်ခြင်းခံရပါသည်။

ဓာတ်ပုံအရင်းအမြစ်၊ online picture

ပြည်ပတံခါးဖွင့်ဝါဒကိုလက်တွေ့ကျင့်သုံးပြီးနောက် တာလော့သို့ နယ်စပ်ဒေသနေထိုင်မှုပုံစံများကို လေ့လာခံစားကြရန် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်အများအပြားကို ဆွဲဆောင်နေပါသည်။ နယ်စပ်ဒေသရှေ့တန်းတွင်ရှိသော ဝေးလံခေါင်းပါးသည့်ကျေးရွာအတွင်းရှိ ရွာသူရွာသားများ၏ လူနေမှုဘဝမြင့်တင်နိုင်ရန်အတွက် ဒေသခံအစိုးရသည် နယ်စပ်ဒေသကျေးရွာအပန်းဖြေခရီးသွား စီမံကိန်းကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရင်းနှီးမြှုပ်နှံသူဖိတ်ခေါ်ခြင်းဖြင့် ယူနန်ရွှေဒေါင်းခရီးသွားအဖွဲ့ကုမ္ပဏီလီမိတက်ကို ဆွဲဆောင်လာပြီး “ကျေးရွာ+လုပ်ငန်းရှင် +တောင်သူလယ်သမား”စသည့်ကျေးရွာလုပ်ငန်းရှင်များအကျိုးတူပူးပေါင်းဆောင်ရွက်မှုစနစ်မှတစ်ဆင့် ရွာသူရွာသားများကို လုပ်ငန်း၏ နေ့စဉ်လည်ပတ်အုပ်ချုပ်မှုတွင်ပါဝင်လာအောင်ဖန်တီးစေခဲ့ပြီး အကျိုးအမြတ်ကို အတူမျှဝေခံစားနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

ဓာတ်ပုံအရင်းအမြစ်၊ online picture

ယခုလက်ရှိအချိန်တွင် မိုင်းကျင်လှမှ ရွာသူရွာသားများသည် နှစ်စဉ်ဇုန်ဝင်ကြေးအမြတ်ဝေစုနှင့် မြေငှားရမ်းခ တရုတ်ယွမ်ငွေ(၂)သန်း ရရှိသည်။ ရှုခင်းသာအုပ်ချုပ်ရေးကုမ္ပဏီတွင် အိမ်ထောင်စုတစ်ခုလျှင် အနည်းဆုံး(၁)ဦး အလုပ်ဆင်းနေကြသည်။ လူတစ်ဦးချင်းစီ၏နှစ်စဉ်လုပ်အားခသည် တရုတ်ယွမ်ငွေ(၄.၅၇)သောင်း ရရှိသည်။ ရှုခင်းသာဇုန်တွင် ဈေးဆိုင်ခန်းလေးများကို တည်ဆောက် ပေးထားပြီး ရွာသူရွာသားများအတွက် ဆိုင်ခန်းများကို အခမဲ့ခင်းကျင်းခွင့်ပေးထားသည်။ ရွာသူရွာသား များသည် မိမိမြေယာမှ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် အထူးကုန်ပစ္စည်းများကို ရောင်းချနိုင်သည်။ ထို့အပြင် ရှုခင်းသာဒေသတွင် လယ်တောအစားအသောက်များ ရောင်းချသောဆိုင်(၁ဝ)ဆိုင်ကျော် ရှိသည်။ အားလုံးကို ရွာသူရွာသားများက အုပ်ချုပ်နေကြပြီး ရှုခင်းသာမှတာဝန်ရှိသူက စနစ်တကျ အုပ်ချုပ်ညွှန်ကြားပေးသည်။

ဓာတ်ပုံအရင်းအမြစ်၊ online picture

ယခုလက်ရှိမိုင်းကျင်လှရွာတွင် နှစ်ရှည်ပင်များစွာ မိုးမျှော်သည်ထိရှိနေသည်။ ပန်းမန်များစွာ ဖူးပွင့်နေသည်။ မျက်စိအေးစေသောအစိမ်းရောင်ရှုခင်းများသည် မျက်စိတဆုံးပျံနှံ့နေသည်။ များစွာသော တိုင် (ရှမ်း)တိုင်းရင်း သားယဉ်ကျေးမှုများကို ပေါ်လွင်စေရန်အတွက် ကုမ္ပဏီသည် ကျေးရွာရှုခင်းသာ လမ်းတစ် လျှောက်တွင်ရှိသော ရွာသူရွာသားများ၏ အောက်ထပ်နေအိမ်ကို ငှားရမ်းထားပြီး အိမ်ကိုပြုပြင်မွန်းမံခြင်းများ လုပ်ဆောင်ပေးခြင်း၊ ဇာတ်စင်များစသည့် အခြေခံအဆောက်အဦးများကို ပြီးပြည့်စုံအောင် တည်ဆောက်ပေးသည်။ တိုင်(ရှမ်း)တိုင်းရင်းသားရိုးရာနည်းပညာ ကျွမ်းကျင်ပညာရှင်များကိုဖိတ်ခေါ်ပြီး ပိတ်စအရောင်ဆိုးခြင်း၊ သကြားလုံးကြိတ်ခြင်း၊ နှီးယက်ခြင်း၊ ပန်းပဲထုခြင်း၊ အရက်နှပ်ခြင်း၊ မီးပန်းပြုလုပ်ခြင်း၊ စက္ကူပြုလုပ်ခြင်း၊ ဒုတိယမျိုးဆက်တိုင် (ရှမ်း)အဆောက်အဦးပြသခြင်း၊ ချည်ထိုးခြင်း၊ ချည်ငင်ခြင်း၊ ကြွေထည်မြေအိုးဖုတ်ခြင်း စသည့် တိုင်(ရှမ်း)တိုင်းရင်းသားရိုးရာလက်မှုအနုပညာ အဆင့်ဆင့် လုပ်ဆောင်မှုများ၊ လက်မှုလက်ရာပစ္စည်းများ ခင်းကျင်းပြသခြင်းနှင့် ရောင်းချခြင်းများကို လုပ်ဆောင်စေသည်။ ရရှိသောဝင်ငွေအားလုံးကို ကျေးရွာရွာသူရွာသားများ၏ ဝင်ငွေအဖြစ် ပေးအပ်သည်။ ယမန်နှစ်က မိုင်းကျင်လှသို့ လာရောက်လည်ပတ်ခဲ့သည့်ဧည့်သည်အရေအတွက်မှာ (၅.၂)သိန်း ကျော်သို့ ရောက်ရှိခဲ့ပြီဖြစ်ကာ ရွာသူရွာသားများ၏ နှစ်စဉ်ဝင်ငွေသည်လည်း တရုတ်ယွမ်ငွေ (၂၅၇၉ဝ) ယွမ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006