မတ်လ(၁)ရက်နေ့တွင် တယ်ဟုန်ပြည်နယ် ပွဲကျင်းပရာ မန်စီမြို့တွင် လူဦးရေ (၃)သောင်းကျော်ပါဝင်တက်ရောက်သော အရွက်စိမ်းဧည့်ခံပွဲသည် စည်ကားခဲ့ပါသည်။ အလွန်လှပသောဂျင်းဖောမယ်များသည် အလှဆင်ပြီး စားပွဲဘေးမှ လျှောက်လာသည်။ သူမတို့၏ တိုင်းရင်းသားဝတ်စုံအပေါ်ရှိ ငွေထည်အလှပစ္စည်းများသည် သာယာသောအသံ ထွက်ပေါ်နေသည်။ သူမတို့သည် ဆွေမျိုးရင်းခြားအတွက် ဆန်ဖြင့်ချက်ထားသည့်အရက်ကို ထည့်ရင်း “ဒါဟာ ကျွန်မတို့ရဲ့ပွဲတော်၊ ဒီမှာကျွန်မတို့ရဲ့ဇာတိ”ဟု ပြောသည်။
ကျွန်မတို့၏သတင်းထောက်သည် အရွက်စိမ်းဧည့်ခံပွဲတွင် ရှင်းကျန့်ကိုတွေ့ဖူးသည်။ သူသည် တယ်ဟုန်ပြည်နယ်ခွဲအစိုးရ၏ဖိတ်ကြားချက်ကြောင့် “၂၀၁၈ ခုနှစ် တရုတ်- တယ်ဟုန်ပြည်နယ်ခွဲဂျင်းဖောတိုင်းရင်းသားနိုင်ငံတကာ မနောပွဲနှင့် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု နိုင်ငံတကာ micro မှတ်တမ်းတင်ရုပ်ရှင်ပြပွဲ”သို့ပါဝင်တက်ရောက် ရန်အတွက် စစ်ဆောင်ပန်းနား၏ ဂျင်းဖောတိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တယ်ဟုန်ပြည်နယ်ခွဲသို့ ရောက်ရှိသည်။
သူသည် သတင်းထောက်အား ပြောကြားသည်မှာ--ကျွန်တော်က တစ်သက်လုံး ဒီနေရာဟိုနေရာအမြဲတမ်းရွှေ့ပြောင်းနေထိုင်ပြီး တစ်နေရာမှာ တည်ငြိမ်အေးဆေးနေ ချိန်ကမရှိပါဘူး။ တယ်ဟုန်က ကျွန်တော့်အဖေရဲ့ဇာတိပါ။ ကျွန်တော်လည်း ဒီမှာနေခဲ့ပါတယ်။ ကျွန်တော်က ဂျင်းဖောလူမျိုးပေမဲ့ အခု ဂျင်းဖောစကားသိပ်မပြော တတ်ဘူး။ ဒါပေမဲ့ ဒီမှာက ကျွန်တော့်ဇာတိပါ”။
သူသည် တယ်ဟုန်ရောက်သည်နှင့် ငိုလိုက်မိပါကြောင်း၊ နောင်တွင် မိမိသားသမီးအားခေါ်လာချင်ကြောင်း၊ မိမိသားသမီးတို့ ယခုခေတ်တွင် အီလက်ထရွန်နစ်ဆက်သွယ်မှုများစွာရှိသော်လည်း ဇာတိအတွက် အချစ်မေတ္တာကို မမေ့စေလိုကြောင်း စသည့်ဖြင့်လည်း ဆက်လက်ပြောခဲ့သည်။
ထို့ပြင် အရွက်စိမ်းဧည့်ခံပွဲတွင် လူဦးရေ(၁၀)ဦးပါဝင်သောထိုင်ဝမ်ဒေသအဖွဲ့ကို ကျွန်မတို့သတင်းထောက်တို့မှ အလွန်စိတ်ဝင်စားသည်။
အသက်(၂၇)နှစ်ရှိ Lamay သည် အဆိုပါအဖွဲ့၏အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ “ကျွန်တော်က ပထမဦးဆုံးအကြိမ် တယ်ဟုန်ကို ရောက်တာပါ။ ဒါပေမဲ့အရမ်းခင်တယ်။ ဘာလို့လည်းဆိုတော့ ဒီဒေသ ဂျင်းဖောညီအကိုမောင်နှမတို့ရဲ့ စားစရာသောက်စရာက ကျွန်တော့်ဇာတိကနဲ့တူတယ်။ ဒါကြောင့် ဒီကိုရောက်တာဟာ မိမိနေအိမ်မှာရောက်နေသလိုပဲ ဖြစ်တယ်။”
"ထိုင်ဝမ်နှင့်ပြည်မဒေသရှိ ဂျင်းဖောတိုင်းရင်းသားတို့က အတူတူကြိုးစားပြီး ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်တယ်။ ထိုင်ဝမ်နဲ့ပြည်မဒေသရဲ့ဂျင်းဖောတိုင်းရင်းသားတွေက မိသားစုတစ်ခုတည်းသာဖြစ်တယ်”ဟု ဆက်လက်ပြောသည်။
မိတ်ဆက်ခြင်းအရ သိရသည်မှာ-- အရွက်စိမ်းဧည့်ခံပွဲသည် ဂျင်းဖောတိုင်းရင်းသားတို့ ရှေ့ဟောင်းအစဉ်အလာစားသောက်မှုဓလေ့ဖြစ်သည်။ စားပွဲပေါ်တွင် ငှက်ပျောရွက်ဖြန့် ခင်းထားပြီး ထမင်း၊ ဟင်းတွေကိုလည်းငှက်ပျောရွက်ဖြင့် ထုတ်ထာခြင်းက ပန်းကန်လုံးဖြင့်ထည့်စားခြင်းကို အစားထိုးစေသည်။ စားဖွယ်ပစ္စည်းများကလည်း အကုန်လုံးသဘာဝပစ္စည်းများသာဖြစ်ပြီး ညစ်ညမ်းမှုမရှိပေ။