တရုတ်ခရီးသွားဧည့်သည်များအား ဧည့်ခံကြိုဆိုနိုင်ရန် အရှေ့တောင်အာရှနိုင်ငံများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိ

2018-03-07 18:19:16 |သတင်းအရင်းအမြစ် 云南日报

တရုတ်နိုင်ငံ နိုင်ငံတော်ခရီးသွားဌာန ကိန်းဂဏန်းအချက်အလက်စင်တာ၊ CTRIP ခရီးသွားလုပ် ငန်းကိန်းဂဏန်းအချက်အလက်သုတေသနစခန်းနှင့် MaFengWo ခရီးသွားလုပ်ငန်း ကိန်းဂဏန်းအချက်အလက်သုတေသနစခန်းတို့သည် " ၂၀၁၈ ခုနှစ် နွေဦးပွဲတော်ကာလအတွင်း တရုတ်ခရီးသွားဧည့်သည်များ နိုင်ငံခြားသို့ခရီးသွားလာမှု ကိန်းဂဏန်းအချက်အလက် အစီရင်ခံစာ" အား ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ပူးတွဲထုတ်ပြန်ခဲ့ကြသည်။ ၎င်းအစီရင်ခံအရ ၂၀၁၈ ခုနှစ် နွေဦးပွဲတော်ကာလ အတွင်း တရုတ်ခရီးသွားဧည့်သည်များ နှစ်သက်သောဒေသမှာ ရာသီဥတုသာယာသည့် အရှေ့တောင်အာရှဒေသဖြစ်သည်။ တရုတ်ခရီးသွားဧည့်သည်များသည် ထိုင်း၊ ဂျပန်၊ စင်္ကာပူ၊ ဗီယက်နမ်နှင့် မလေးရှား စသည့်နိုင်ငံများသို့ အဓိကသွားရောက်လည်ပတ်ကြကြောင်း သိရသည်။

China UnionPay နှင့် CTRIP ခရီးသွားလုပ်ငန်းအဖွဲ့တို့ ပူးတွဲထုတ်ပြန်သော " ၂၀၁၈ ခုနှစ် နွေဦးပွဲတော်ကာလအတွင်း တရုတ်ခရီးသွားဧည့်သည်များ နိုင်ငံခြားသို့ခရီးသွားလာမှု ကိန်းဂဏန်း အချက်အလက် အဆင့်မြင့်အစီရင်ခံစာ"အရ ၂၀၁၈ ခုနှစ် နွေဦးပွဲတော်ရုံးပိတ်ရက်ကာလအတွင်း နိုင်ငံခြားသို့သွားရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည်ဦးရေမှာ စံချိန်သစ်တင်ကာ ၆.၅သန်းရှိပြီး ယမန်နှစ်အလားတူကာလထက် (၅.၇)% တိုးလာကြောင်းတွေ့ရသည်။ ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့မှ နောက်ဆုံးထုတ်ကိန်းဂဏန်းအချက်အလက်အရ နိုင်ငံခြားသို့ခရီးလာမှု စုစုပေါင်းတန်ဖိုးပမာဏ၏ ငါးပုံတစ်ပုံမှာ တရုတ်ခရီးသည်များဖြစ်ကြောင်း တွေ့ရသည်။ စင်္ကာပူ The United Morning Post မှ သတင်းအရ နောင်လာမည့်(၁၀)နှစ်တွင် ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အလုပ်နေရာ လေးပုံတစ်ပုံထိ တိုးများသွားမည်ဖြစ်ရာ အဓိကတွန်းအားပေးသူမှာ တရုတ်ခရီးသွားဧည့်သည်ဖြစ်သည်ဟု ဖော်ပြထားသည်။

နိုင်ငံခြားသို့ခရီးထွက်သည့် တရုတ်ခရီးသွားဧည့်သည် အရေအတွက်နှင့် စားသုံးမှုပမဏအားဖြင့် ကြီးမားသည့်အတွက်ကြောင့် အရှေ့တောင်အာရှနိုင်ငံများက တရုတ်ခရီးသွားဧည့်သည်များကို အထူးဂရုပြုလာကြသည်။ တရုတ်ခရီးသွားဧည့်သည်များအား ဧည့်ခံကြိုဆိုနိုင်ရန် လေဆိပ်၊ ရထားလမ်း၊ ဟိုတယ်နှင့် အထင်ကရဥယျာဉ်စသည့်အခြေခံအဆောက်အအုံများ တည်ဆောက်ရေးတွင် အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိကြသည်။
(ယူနန်နေ့စဉ်သတာင်းထောက် ဟန်ချန်ယန်)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006