လင်ချမ်းစက်မှုဇုန်တွင် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" လမ်းတစ်လျှောက်ရှိ သဘာဝကျသော မြစိမ်းရောင်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နေ

2018-03-16 18:38:07 |သတင်းအရင်းအမြစ် 云南日报

လင်ချမ်းစက်မှုဇုန်။

လင်ချမ်းစက်မှုဇုန်သည် တီထွင်ဆန်းသစ်ခြင်း၊ တစ်ပြေးညီဖြစ်ခြင်း၊ တံခါးဖွင့်လှစ်ခြင်း၊ အတူတကွမျှဝေခြင်းဟူသော ဖွံ့ဖြိုးမှုအတွေးအခေါ်ကို တက်ကြွစွာ ကျင့်သုံးလျက်ရှိသည်။ သစ်တော၊ သတ္တု၊ လျှပ်စစ် စသည့် လင်ချမ်း၏သဘာဝက အထူးပေးအပ်ထားသော သယံဇာတအရင်းအမြစ်ကို အားသွန်ခွန်စိုက် အသုံးချလုပ်ကိုင်ခြင်း၊ ၎င်းစက်မှုလုပ်ငန်းဇုန်ကို တောင်အာရှနှင့် အရှေ့တောင်အာရှသို့ အကျယ်အပြန့် အကျိုးပြုသော ဇီဝဆေးဝါးကုသမှုနှင့် မြစိမ်းရောင်ကျန်းမာရေးစားသောက်ကုန် ထုတ်လုပ်ခြင်းအခြေခံစခန်း၊ နိုင်ငံတော်အဆင့် ဂျာမေနီယမ်ပစ္စည်းဆိုင်ရာ အဆင့်မြင့်နည်းပညာ စက်မှုလုပ်ငန်းအခြေခံစခန်းနှင့် နည်းပညာစနစ်ကျသော သားဖောက်ခြင်းအခြေခံစခန်းအဖြစ် ကြိုးပမ်းအားထုတ် တည်ဆောက်ခြင်းနှင့် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" လမ်းတစ်လျှောက်ရှိ သဘာဝကျသော မြစိမ်း ရောင်စက်မှုလုပ်ငန်းကို ၀င်းလက်နေသည့်ပုလဲကဲ့သို့ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

လင်ချမ်းသိပ္ပံနှင့်နည်းပညာတီထွင်ဆန်းသစ်မှုဇုန်။

၎င်းစက်မှုဇုန်တည်ရှိရာ လင်ချမ်းမြို့သည် တမူထူးခြားသော ပထဝီမြေနေရာဖြစ်ကာ ရှေးကတည်းကပင် "တောင်ပိုင်းပိုးလမ်းမကြီး"တွင် လည်းကောင်း၊ "အနောက်တောင်ပိုင်း ပိုးထည်နှင့် လက်ဖက်ခြောက်ရှေးဟောင်းလမ်းမကြီး"တွင်လည်းကောင်း အချက်အချာကျ သောနေရာဖြစ်သည်။ လင်ချမ်းအတွင်းရှိ ခရိုင်သုံးခုသည် မြန်မာနိုင်ငံနှင့် ဆက်စပ်လျက် တည်ရှိပြီး ထိစပ်နေသောနယ်နိမိတ်မျဉ်းအရှည်မှာ ၂၉၀ ကီလိုမီတာကျော် ရှည်လျားသည်။ နိုင်ငံတော်အဆင့်(၁)၊ နိုင်ငံတော်အဆင့်(၂) နယ်စပ်ဂိတ် သုံးခု၊ နယ်စပ်ဒေသကုန် သွယ်ရေးလမ်းကြောင်း(၁၉)ကြောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိသည့်လမ်းကြောင်း (၅)ကြောင်းနှင့် နယ်စပ်ဒေသပြည်သူပြည်သားဈေးတန်း(၁၃)ခုရှိသည်။ မွန်တင့်ချင်ရွှေဟို နိုင်ငံတော်အဆင့် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာကျောက်ဖြူသို့ တိုက်ရိုက်ရောက်ရှိနိုင် သည်။ ဒေသနှစ်ခုအကြားအကွာအဝေးမှာ (၉၀၀)ကီလိုမီတာထိမျှပင် မရှိပေ။ တရုတ်နိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာချိတ်ဆက်သော အလျင်မြန်ဆုံးသော ကုန်တွင်းလမ်းကြောင်းနှင့် ယူနန်ပြည်နယ်မှ တောင်အာရှနှင့်အရှေ့တောင်သို့ မျက်နှာပြုပြီး အကျယ်အပြန့်အကျိုးပြုသောစင်တာ တည်ဆောက်ရာတွင် ရှေ့တန်းရပ်တည်ရာနေရာ ဖြစ်သည်။

  

လင်ချမ်းစက်မှုဇုန်၏ ပြင်ပမြင်ကွင်း။

လင်ချမ်းစက်မှုဇုန်သည် တရုတ် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု"၊ "ယန်စီမြစ် စီးပွားရေးစင်္ကြံ"၊ "ဘင်္ဂလားဒေ့ရှ်-တရုတ်-မြန်မာစီးပွားရေးစင်္ကြံ" စသည့် ဖွံ့ဖြိုးမှုအခွင့်ကောင်းကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပြီး လင်ချမ်း၏ သဘာဝ၏အစွမ်း အထူးပေးအပ်ထားသော သယံဇာတအရင်းအမြစ်ကို အခြေပြုအသုံးချကာ လုပ်ကိုင်ကြသည်။ စက်မှုဇုန်ဖွံ့ဖြိုးမှုစီမံချက်ကိုရေးဆွဲပြီး အဓိကအားဖြင့် ဂျာမေနီယမ်ပစ္စည်း အချောကိုင်ခြင်းစက်မှုလုပ်ငန်း၊ ဇီဝဆေးဝါးကုသမှုနှင့် မြစိမ်းရောင် ကျန်းမာရေးစားသောက်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ခေတ်မီဝန်ဆောင်မှုလုပ်ငန်း စသည့်လုပ်ငန်းသုံးခုကို အလေးထားဆောင်ရွက်ခြင်းနှင့် "ချမ်းသာကြွယ်ဝသော၊ ထူးခြားချက်ဝိသေသလက္ခဏာရှိသော၊ မြစိမ်းရောင်သဘာဝကျသော"ခေတ်မီလုပ်ငန်းမြို့ အဖြစ် ကြိုးပမ်းဆောင်ရွက် ဖော်ဆောင်လျက်ရှိသည်။

  

လင်ချမ်းယုံကျင့်ဇီဝသိပ္ပံနှင့်နည်းပညာ ကုမ္ပဏီလီမိတက်၏ ကုန်ထုတ်လုပ်မှုအခန်း။

(ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006