Marbury- ကျွန်တော် တရုတ်နိုင်ငံတွင် အသက်ထက်ဆုံးနေချင်ပါသည်

2018-03-20 16:36:07 |သတင်းအရင်းအမြစ် 云桥网

၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပေကျင်းမြို့ Begcl Basketball Club မှ ဧည့်သည် အားကစား သမား Marbury သည် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်ပြိုင်ပွဲရာသီ CBA (China Basketball Association) ပုံမှန်ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်တွင် ပါဝင်ပြီးနောက် သူ၏၂၂ နှစ်ကြာ ဘက်စကတ်ဘောသမားဘဝကို အဆုံးသတ်လိုက်ပြီး တရားဝင်အငြိမ်းစားယူလိုက်သည်။

“နောက်ဆုံးတစ်ကြိမ်အနေနဲ့ ဝူခိုစွန်း ( ပေကျင်းမြို့ရှိ ဒေသတစ်ခု၏အမည်) မှာ ယှဉ်ပြိုင်တဲ့ ဘတ်စကက်ဘောပြိုင်ပွဲက ကျွန်တော်အနေနဲ့ပြောရရင် တကယ်ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ကျွန်တော့်ရဲ့အဓိကပွဲဖြစ်ပြီး ဒီနေရာဟာ ကျွန်တော်ရဲ့အိမ်ဖြစ်လို့ပါပဲ။ ကျွန်တော်နောက်ဆုံး တစ်ကြိမ် ဒီအားကစားကွင်းထဲမှာ ပြေးလွှားနေတဲ့အချိန်ကို သာယာလှပမှုအရှိဆုံးအမှတ်တရတွေအဖြစ် ပြန်တွေးနေမိမှာပါ။ ဒီအကြိမ်က နောက်ဆုံးအကြိမ်လို့ တွေးမိလိုက်တာနဲ့ ကျွန်တော်ဟာ ဒီက မြေကြီး နေရာအနှံ့မှာ ခြေရာတွေ ချန်ရစ်ချင်ပါတယ်” ဟု သူ၏ Microblog (Weibo)၌ စိတ်လှုပ်ရှားစွာ ရေးသား ခဲ့သည်။

“တရုတ်နိုင်ငံကို လာတုန်းက ကျွန်တော့်ကို ဒီလောက်တောင် မေတ္တာတရားတွေ ပေးတဲ့သူတွေနဲ့ တွေ့ရ မယ်လို့ မထင်ခဲ့ဘူး။ ဟုတ်ပါတယ်။ တရုတ်နိုင်ငံက မေတ္တာတရားနဲ့ ပြည့်စုံတဲ့နိုင်ငံဖြစ်ပါတယ်။ အရင် ကကျွန်တော်သွားစရာနေရာမရှိဘူး။ ကျွန်တော် တရုတ်နိုင်ငံကို ရောက်လာတဲ့အခါမှာ ခင်ဗျားတို့ က ကျွန်တော့်ကို နွေးထွေးစွာကြိုဆိုပြီး လမ်းဖွင့်ပေးခဲ့တယ်။ အခုကျွန်တော်တို့ဟာ သွေးကြောချင်း ချိတ်ဆက်နေပါပြီ။ ခင်ဗျားတို့က ကျွန်တော့်ကို ဘဝသစ်ပေးခဲ့တယ်။ ကျွန်တော်က တရုတ်နိုင်ငံပေကျင်း မြို့မှာ မိမိရဲ့ဘတ်စကက်ဘောသမားဘဝကို ပြည့်စုံစွာအဆုံးသတ်ခဲ့တယ်။ အခြားမြို့မှာဆို ကျွန်တော်ဒီလို လုပ်နိုင်မှာ မဟုတ်ပါဘူး”ဟု Marbury က အငြိမ်းစားယူနုတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် Marbury သည် အငြိမ်းစားယူပြီးနောက် တရုတ်နိုင်ငံလူငယ်ဘတ်စကက်ဘောအားကစား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကျိုးပြုပေးမည်ဟုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ “ကျွန်တော်တရုတ် ပြည်မှာ အသက်ထက်ဆုံးနေထိုင်မှာပါ။ အဲဒီလိုဆိုတော့ ကျွန်တော်ဒီက လူငယ်တွေကို ကူညီပေးဖို့ အချိန်တွေ လုံလောက်စွာ ရှိမှာပါ။ တရုတ်နိုင်ငံဘတ်စကက်ဘောအခြေခံကောင်းတည်ဆောက်ရေးမှာ ကျွန်တော်ပါဝင်လိုပါတယ်။ ဒါ့အပြင် ကျွန်တော်က ဒီနေရာရဲ့ ယဉ်ကျေးမှုနဲ့ လုပ်ပုံလုပ်နည်းတွေကို နားလည်တဲ့အတွက် ရှုထောင့်စုံကနေကြည့်ရရင် ကျွန်တော်က ဒီနေရာရဲ့အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် မျိုးဆက်သစ်ဘတ်စကက်ဘောသမားတွေကို သေသေချာချာ သင်ကြားပေးခြင်းက ဘတ်စကက်ဘောနည်းပြတစ်ယောက်ဖြစ်တာထက် ပိုအရေးကြီးတယ်”ဟု
သူကဆက်လက်ပြောကြားခဲ့သည်။

၁၉၉၆ ခုနှစ်တွင် Marbury သည် Milwaukee Bucks ၏ စတုတ္ထအဖြစ် ရွေးချယ်ခြင်းကို ခံရပြီး နောက်တွင် Minnesota Timberwolves၊ New York Knicks၊ Boston Celtics စသည့် ဘတ်စကက် အဖွဲ့များတွင် ကစားခဲ့သည်။ NBA ၏ ပြိုင်ပွဲရာသီ ၁၃ ခုမှာ ဘတ်စကက်ဘောကစားရာတွင် သူသည် ပျမ်းမျှအားဖြင့် ၁၉.၃ မှတ်၊ အကူတိုက်စစ်ဆင်မှု ၇.၆ ကြိမ်၊ Backboard ၃ ကြိမ်နှင့် တားဆီးပေးခြင်း ၁.၂ ကြိမ်ရရှိခဲ့သည်။ ထို့ပြင် Marbury သည် ၂ဝဝ၁ ခုနှစ်နှင့် ၂ဝဝ၃ ခုနှစ်တွင် All-Star စာရင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ ၂ဝ၁ဝ ခုနှစ်တွင် Marbury သည် တရုတ်နိုင်ငံကို လာရောက်ကာ ဘတ်စကက် ဘောက်ကစားသည်။ သူသည် တရုတ်နိုင်ငံစန်းရှီးအသင်းနှင့် ဖူရှန်းအသင်းတွင် ရှေ့ဆင့်နောက်ဆင့်ကစားခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် ပေကျင်းမြို့ Ducks Basketball Club သို့ဝင်ရောက်ကာ ထိုအချိန်တွင် သူသည် CBAအောင်မြင်မှုရလဒ်ကို ရရှိခဲ့ပါသည်။ သူသည် ၄ နှစ်တာအတွင်း အဖွဲ့ကို ဦးဆောင်ပြီး ချန်ပီယံဆု သုံးကြိမ်ဆွတ်ခူးခဲ့ကာ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်ပြိုင်ပွဲရာသီ၏ ပုံမှန်ပြိုင်ပွဲ၊ All-Star ပြိုင်ပွဲနှင့်ဗိုလ်လုပွဲတွင် MVP (National Basketball Association Most Valuable Player Award) ဆွတ်ခူးထားသည်။

၂ဝ၁၇ ခုနှစ်တွင် Ducks Basketball Club မှ Begcl Basketball Club သို့ ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။ ယင်းသည် သူ၏ CBA ဘဝ ကိုးခုမြောက်ပြိုင်ပွဲရာသီဖြစ်ကာ နောက်ဆုံးယှဉ်ပြိုင်ချိန်ကာလလည်း ဖြစ်သည်။ ပြိုင်ပွဲမရှိသည့်အချိန်တွင် သူသည် ပရိသတ်များနှင့် ရင်းနှီးခင်မင် စွာဆက်ဆံပြီး တရုတ်ယဉ်ကျေးမှုတွင် အကျွမ်းတဝင်ကျင့်သားရရန် ကြိုးပမ်းနေထိုင်သည်။ သူသည် မြေအောက်ရထားစီးသည်၊ တရုတ်ရိုးရာပြက်လုံးများကို နားထောင်သည်၊ တရုတ်စာသင်ယူသည်။ ကိုယ်ပိုင်တေးဂီတကဇာတ်နှင့် ရုပ်ရှင်လည်း ရိုက်ခဲ့ဖူးသည်။ ပေကျင်းမှ ပရိသတ်များက သူ့အား“ပေကျင်းယောက်ျားစစ်စစ်”ဟု ရင်းနှီးစွာ ခေါ်ဝေါ်သည်။ Marbury သည် ကြေးရုပ်ထုတစ်ခုအပြင် ပေကျင်းဂုဏ်ထူးဆောင်မြို့သားဟူသော ဘွဲ့ထူးကို ရရှိခဲ့ပြီး တရုတ်နိုင်ငံ၏ Green Card လည်း ရရှိ ခဲ့ပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006