“ကျွန်တော်က မြန်မာ-တရုတ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်တာ (၂)နှစ်ကျော်ရှိပြီ။ ပုံမှန်အတိုင်း ရန်ကုန်၊ မန္တလေးက လယ်ယာထွက်ကုန်တွေကို ဂျယ်ခေါင်သို့ ပို့ဆောင်ပေးတယ်၊ ပြီးနောက် ရွှေလီက နေ့စဉ်သုံးပစ္စည်းအချို့ကို ရန်ကုန်၊ မန္တလေးသို့ ပြန်ပို့ပေးတယ်။ ကျွန်တော့်အနေနဲ့ မြန်မာ-တရုတ်စီးပွားရေး ပိုမိုကောင်းမွန်ထွန်းကားလာနိုင်ဖို့ မျှော်လင့်တာပေါ့။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ကလည်း အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရနိုင်တယ်၊ ပိုက်ဆံလည်းပိုရနိုင်တယ်လေ” ဟု မန္တလေးမြို့သား ကုန်ကားဆရာ ဝင်းဗိုလို(အသံ)မှ သတင်းထောက်အားပြောကြားသည်။
ရွှေလီမြို့ ဂျယ်ခေါင်ကုန်တင်ကုန်ချစခန်းတွင် ကုန်ကားများတန်းစီပြီး ကုန်တင်ကုန်ချပုံကို အမြဲတမ်းတွေ့နိုင်ပြီး ကားဆရာများသည် မြန်မာနိုင်ငံမြို့ပြအသီးသီးမှလာရောက်ကာ ကားပေါ်တွင်လည်း လယ်ယာထွက်ကုန်မျိုးစုံကို အပြည့်တင်ထားသည်။ ဝင်းဗိုလ်သည် ပို့ဆောင်ရေးလုပ်ငန်းမလုပ်ခင်က သူသည် စိုက်ပျိုးရေးကို လုပ်ခဲ့ကြောင်း၊ သူသည် သားသမီး(၃)ယောက်ရှိပြီး အလုပ်လုပ်သူမှာ သူတစ်ယောက်တည်းသာဖြစ်ကြောင်း၊ သူငယ်ချင်းတစ်ယောက်၏ မိတ်ဆက်ပေးခြင်းကြောင့် မြန်မာ-တရုတ် ကုန်စည်ပို့ဆောင်ရေးကို လုပ်ကိုင်လာခြင်းဖြစ်ကြောင်း သူက မိတ်ဆက်ပြောကြားသည်။ “ပုံမှန်အတိုင်း၊ အသွား ဒါမှမဟုတ် အပြန်တစ်ကြောင်းဆိုရင် မြန်မာငွေ(၁.၅)သိန်းလောက် ရနိုင်တယ်။ တစ်လထဲမှာ အသွားအပြန်တစ်ကြိမ်ဆိုရင် မြန်မာငွေ(၃)သိန်း ရနိုင်တယ်။ ဝင်ငွေက မိသားစုအားလုံးရဲ့ နေ့စဉ်စားသောက်စရိတ်အတွက် လုံလောက်ပါတယ်”ဟု သူက ဆက်လက်ပြောကြားသည်။
“မြန်မာ-တရုတ် စီးပွားရေး အသွားအလာကို အခုအချိန်မှာကြည့်ရင် အရမ်းကောင်းတဲ့အခြေအနေကို တွေ့နိုင်တယ်။ နောင်မှာ ပိုမိုထွန်းကားလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ နေထိုင်မှုဘဝကလည်း မြန်မာ-တရုတ်စီးပွားရေးဖြစ်ထွန်းမှုနဲ့အညီ ပိုမိုကောင်းမွန်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟု ဝင်းဗိုလ်က သူ၏ဆန္ဒကို ပြောပြသည်။
သတင်းအရင်းအမြစ်၊ ပေါက်ဖော်သတင်းစာ။ ဘာသာပြန်၊ Yunnan gateway။