''ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး''ဟူသောမျှော်လင့်ချက်

2018-03-26 17:53:48 |သတင်းအရင်းအမြစ် 云桥网

တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံအစီရင်ခံစာနှင့်ဗဟိုကော်မတီ၏ အမှတ်(၁)မှတ်တမ်းတို့သည် “ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ” ဟူသည့် သိန်းထောင် ပေါင်းများစွာသော လယ်သမားများအတွက် မျှော်လင့်ချက်အသစ်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

“ အနှစ်(၃ဝ)ထပ်မံသက်တမ်းတိုးခြင်း” ဖြင့် လယ်သမားများအား စိတ်ငြိမ်ဆေးတိုက်ပေးလိုက် သကဲ့သို့ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးထိပ်ထားဆောင်ရွက်ကာ ချမ်းသာကြွယ်ဝခြင်းလမ်းကြောင်းအား ပိုမိုကျယ်ပြန့်စေသည်။ မည်သည့်အချိန်မဆို လယ်သမားများ အား မမေ့လျော့ပါ။ ကျေးလက်ဒေသလှပခြင်း၊ လယ်သမားများချမ်းသာကြွယ်ဝခြင်းသို့ ကူးပြောင်း လာခြင်းဖြင့် ရွာသူရွာသားများထံပျော်ရွှင်ချမ်းမြေ့မှုများ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးသည် ကျေးရွာသစ်လွင်ဆန်းသစ်မှုနှင့် အားမာန်သစ်များရရှိစေပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်မှုများ အကောင်အထည်ဖော်နိုင်သည့်အတွက်ကြောင့် ကျေးလက်လူဦးရေသန်း (၆ဝဝ) အတွက် သတင်းကောင်းဖြစ်ပါသည်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာသည် “လုပ်ငန်းမြှင့်တင်ရေး၊ နေပျော်သောပတ်ဝန်းကျင်ဖော်ဆောင်ရေး၊ ကျေးလက်ယဉ်ကျေးမှုထိန်းသိမ်းရေး၊ စီမံအုပ်ချုပ် ရေး အကျိုးသက်ရောက်မှုရှိခြင်း၊ ချမ်းသာကြွယ်ဝသောနေထိုင်မှု”စသည့်လိုအပ်ချက်များ ဖြည့်ဆည်း ပေးကာ ကျေးရွာသစ်ဆောက်လုပ်ရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့်မြှင့်တင်ခြင်းများကို ပြုလုပ် ဆောင်ရွက်ပေးမည်ဖြစ်သည်။

ထုတ်လုပ်ရေးတိုးတက်မှုမှသည် လုပ်ငန်းစီးပွားတိုးတက်ခြင်းဆီသို့

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာအား လက်တွေ့နက်ရှိုင်းစွာ အကောင်အထည်ဖော်ရန်အတွက် “ ထုတ်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ နေပျော်သောပတ်ဝန်းကျင်ဖော်ဆောင်ရေး၊ ကျေးလက်တောရွာယဉ်ကျေးမှုပြန့်ပွားရေး၊ စီမံအုပ်ချုပ်ရေးအကျိုးသက်ရောက်မှုရှိခြင်း၊ ချမ်းသာကြွယ်ဝသော နေထိုင်မှု”စသော လိုအပ်ချက်များကို ဖြည့်ဆည်းရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးသည် အဓိကအချက်၊ နေပျော်သော ပတ်ဝန်းကျင်ဖော်ဆောင်ရေးသည် အခြေခံအချက်၊ ကျေးလက်တောရွာယဉ်ကျေးမှုသည် အရေးပါအချက်၊ စီမံအုပ်ချုပ်ရေးအကျိုးသက်ရောက်မှုရှိခြင်းသည် အာမခံချက်၊ ချမ်းသာကြွယ်ဝသောနေထိုင်မှုသည် ရည်မှန်းချက်တို့ဖြစ်ကြောင်း၊ ခေတ်မီလယ်ယာ စိုက်ပျိုးရေးလုပ်ငန်းနှင့် ကျေးလက်ဒေသတည်ဆောက်ရေးလုပ်ငန်းစဉ်တွင် အဆိုပါကဏ္ဍ(၅)ခု ပါဝင်ကြောင်း ချုံချင့်မြို့ လယ်ယာစိုက်ပျိုးရေးကော်မရှင်ညွှန်ကြားရေးမှူး လူဝေက ပြောကြားခဲ့ပါသည်။

ကျေးရွာသစ်ဆောက်လုပ်ရေးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရေးကို ဗဟိုပြုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကျေးရွာသစ်တည်ဆောက်ရေးကို အကောင်အထည် ဖော်နိုင်သောအခြေခံဖြစ်သည်။ ကျေးရွာသစ်ဆောက်လုပ်ရေးစတင်ဆောင်ရွက်စဉ်မှစ၍ ကျေးလက် ဒေသထုတ်ကုန်လုပ်ငန်းများ၊ မိရိုးဖလာမွေးမြူရေး၊ လယ်ယာထုတ်ကုန်များ အချောထည်ထုတ်လုပ် ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာပြီး အဆက်မပြတ်အသွင်ပြောင်းမြှင့်တင်နိုင်ခဲ့သည်။ ကျေးလက်ခရီးသွားလုပ်ငန်း၊ ကျေးလက်အီလက်ထရွန်နစ်ကော်မာရှယ် စသောလုပ်ငန်းအနေအထား သစ်များပေါ်ထွက်လာသည်။ ကျေးရွာသစ်ဆောက်လုပ်ရေး၊ ထုတ်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ခြင်းမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် စက်မှုလုပ်ငန်း အပေါ်မှီခိုနေပြီး စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်မည်ကို သိရှိ ခဲ့သည်။ ကျေးရွာသစ်ဆောက်လုပ်ရေးစတင်ဆောင်ရွက်ချိန်မှစပြီး ဖွံ့ဖြိုးတိုးတက်ခဲ့သော လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများသည် ကျေးလက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ချမှတ် နိုင်ခဲ့သည်။

သန့်ရှင်းသပ်ရပ်သောကျေးရွာမှသည် နေပျော်သောကျေးရွာဆီသို့

ကျေးရွာသစ်ဆောက်လုပ်ရန်လိုအပ်ချက်သည် ကျေးရွာပုံစံပြောင်းလဲခြင်းဖြစ်ပြီး ညစ်ပေသောကျေးရွာ ပတ်ဝန်းကျင်အခြေအနေအားစီမံကုသခြင်းမှတစ်ဆင့် ကျေးရွာသေသပ်သန့်ရှင်းရေးကို အကောင် အထည်ဖော်ကာ ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သောနေထိုင်မှုပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း ဖြစ်သည်။ နေပျော်သည့်ပတ်ဝန်းကျင်ဆိုသည်မှာ လူသားနှင့်သဘာဝတရား အတူယှဉ်တွဲနေထိုင်ရေး ကို အဓိကထားပြီး ပတ်ဝန်းကျင်သာယာလှပခြင်းသာမက သန့်ရှင်းသောလေထု၊ သန့်စင်သောရေအရင်း အမြစ်၊ လုံခြုံသော နယ်မြေများဖြစ်တည်နေရန်လိုအပ်သည်။ ပြာလဲ့လဲ့ကောင်းကင်နှင့် တောတောင် ရေမြေ စိမ်းလန်းစိုပြေသာယာနေသော ကျေးလက်သည် ပြည်သူလူထုကိုကျန်းမာပျော်ရွှင်ချမ်းမြေ့မှုများ ပိုမိုရရှိစေမည်ဖြစ်သည်။

ချောင်လည်သောနေထိုင်မှုမှသည် ချမ်းသြာ<ွကယ်ဝသောနေထိုင်မှုဆီသို့

ကျေးရွာသစ်တည်ဆောက်ရေးတွင် လယ်သမားများဝင်ငွေတိုးမြှင့်ရေး၊ လယ်သမားများ လူနေမှုအဆင့် အတန်းမြင့်မားရေး၊ ချောင်လည်သောဘဝနေထိုင်မှုပိုင်ဆိုင်ရေး စသည့်တောင်းဆိုချက်များရှိ သော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဆင့်ကြောင့် ယေဘုယျအားဖြင့် တောင်းဆိုချက်များ အများ အပြားမရှိပါ။ ကျေးရွာသစ်ဆောက်လုပ်ရေး ဆောင်ရွက်ချိန်မှစ၍ လယ်သမားများ ဝင်ငွေတဟုန်ထိုး မြင့်တက်ခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် ရွာသူရွာသားများ၏ တစ်ဦးချင်းပျမ်းမျှဝင်ငွေ ၃၅၈၇ ယွမ်ရှိခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် ရွာသူရွာသားများ၏ တစ်ဦးချင်းပျမ်းမျှသုံးစွဲနိုင်သောဝင်ငွေ ၁၂၃၆၃ ယွမ်သို့ မြင့်တက် ခဲ့ရာ ၂.၄၅ ဆ မြင့်တက်ခဲ့သည်။ ထိုသို့ဖြင့် ကျေးလက်နေပြည်သူများ ချမ်းသာကြွယ်ဝသောလူနေမှု ဘဝပိုင်ဆိုင်နိုင်ရန် အခြေခံအုတ်မြစ်ချမှတ်နိုင်ခဲ့သည်။ ချမ်းသာကြွယ်ဝသောနေထိုင်မှုသည် ချောင် လည်သောနေထိုင်မှုအပေါ်အခြေခံသည်။ လယ်သမားနေထိုင်မှုအဆင့်အတန်းနှင့် နေထိုင်မှု အရည်အသွေးများမြင့်တက်လာရန် တောင်းဆိုချက်များ ထုတ်ပြန်ခဲ့ခြင်း၏ရည်ရွယ်ချက်မှာ ကျေးလက် နေပြည်သူများ၏ အနာဂတ်လူနေမှုပုံစံ ပိုမိုကောင်းမွန်ရေးအတွက် ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်သည်။

အသင့်အတင့်ချမ်းသာကြွယ်ဝသော လူ့ဘောင်အဖွဲ့အစည်းတည်ဆောက်ရေး၏ နောက်ခံတွင်လယ် သမားများလိုလားတောင့်တသော ပိုမိုကောင်းမွန်သည့် နေထိုင်မှုဘဝကို အကောင်အထည်ဖော် ဆောင်နိုင်ခြင်းသည် ပိုမိုအရေးကြီးလာသည်။ မြို့ပြနှင့်ကျေးလက်ပေါင်းစည်းဖွံ့ဖြိုးတိုးတက်ခြင်း မူဝါဒတည်ဆောက်ခြင်း၊ ကျေးလက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ခြင်းများ ပြုလုပ်မှ သာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်မှုခွန်အားကို အမှန်တကယ် လှုံ့ဆော်ပေးနိုင်မည်ဟု တရုတ်လူမှုရေး သိပ္ပံအကယ်ဒမီကျေးလက်ဒေသဖွံ့ဖြိုးရေးအင်စတီကျုမှကိုယ်စားလှယ် ယမ်ခွင်က ပြောကြားခဲ့ပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006