မောင်မျိုး၊ မာလာဟင်းစားရတာကို ကြိုက်ပြီး မိမိချစ်သူနှင့်အမြဲတမ်း ချမ်းချမ်းသာသာနေထိုင် နိုင်ရန်ဆန္ဒရှိ

2018-03-28 18:59:46 |သတင်းအရင်းအမြစ် 胞波报

ကျွန်တော်က မောင်မျိုး(အသံ)နှင့်သူ၏ချစ်သူ ချစ်ချစ်(အသံ)တို့ ဈေးကအပြန် ဂျယ်ခေါင်တွင် ရှိသော လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ စားသောက်နေစဉ် သူတို့အား တွေ့ဆုံခဲ့သည်။“ကျွန်တော်ရဲ့ ချစ်သူက မူဆယ်မှာရှိတဲ့ KBZ ဘဏ်မှာ အလုပ်လုပ်တယ်။ ပုံမှန်အားဖြင့် သူမက စနေနေ့နဲ့ တနင်္ဂနွေနေ့ မှာ ရုံးပိတ်တော့အားတယ်။ ရုံးပိတ်ရက်မှာ ကျွန်တော်နဲ့တွေ့ကြတယ်”ဟု သူက သတင်းထောက်အား ပြောကြားသည်။ “ကျွန်တော်တို့က တရုတ်နိုင်ငံကို ရောက်လာပြီးနောက်ပိုင်း ရွှေလီ၊ မန်စီ၊ ရင်ကျန်းစတဲ့ နေရာတွေကို ရောက်တယ်။ ကျွန်တော်တို့က တရုတ်အစားအသောက်ကို အရမ်းသဘောကျတယ်။ ဥပမာ-- မာလာဟင်း၊ ဟောပေါ့၊ ဖက်ထုတ်”ဟု သူသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏တရုတ်ပြည် အတွေ့အကြုံ ခံစားချက်ကို ပြောကြားသည်။

မောင်မျိုးသည် တရုတ်နိုင်ငံကို ရောက်သည်မှာ (၅)နှစ်ကျော်ရှိပြီဖြစ်ပြီး ယခုအခါ ကျောက်မျက် ရတနာစီးပွားရေးလုပ်နေသည်။ “ကျွန်တော်က မန္တလေးမြို့မှာ နေတုန်းကလည်း ကျောက်မျက်ရတနာ စီးပွားရေးကို လုပ်ခဲ့တယ်။ ဒါပေမဲ့ အရောင်းအဝယ်ပါးတယ်။ အမြတ်ငွေလည်း နည်းပါးတယ်။ ရွှေလီမှာ အခု စီးပွားရှာတာလည်းမလွယ်ပေမဲ့ မန္တလေးထက်ပိုအဆင်ပြေပါတယ်။ ဒါ့အပြင်၊ ကျွန်တော်က တရုတ် ဈေးတန်းအကြောင်းကို အရမ်းကျွမ်းတယ်လေ။ ဒါကြောင့် ဒီမှာပဲ ဆက်ပြီးစီးပွားရှာမယ်”ဟု သူသည် လက်ဖက်ရည်သောက်ရင်း ပြောသည်။

“အခု ကျွန်တော်က တရုတ်နိုင်ငံရဲ့နေထိုင်မှုပုံစံနဲ့ လိုက်လျောညီထွေဖြစ်လာပြီ။ ကျွန်တော် အတွက် အကြီးမားဆုံးမျှော်လင့်ချက်က စီးပွားရေးပိုမိုအောင်မြင်နိုင်ဖို့ဖြစ်တယ်၊ ချစ်သူနဲ့အတူတူ အေးအေးဆေးဆေး၊ ချမ်းချမ်းသာသာ နေထိုင်ချင်ပါတယ် ”ဟု သူသည် ဆက်လက်ပြောကြားသည်။

(သတင်းအရင်းအမြစ်၊ ပေါက်ဖော်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006