ယခုရက်ပိုင်းတွင် ကျွန်တော်တို့သတင်းထောက်သည် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာ ရွှေရတုတိပိဋကစက္ခုပါလဆေးရုံ သို့ရောက်ရှိပြီး ဆေးရုံတွင် မျက်စိတိမ်ရောဂါဝေဒနာရှင်များ ကြိတ်ကြိတ်တိုးရှိနေသည်ကို တွေ့ခဲ့ရသည်။ ဤဆေးရုံသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် အကြီးမားဆုံးမျက်စိရောဂါကုသရေးဆေးရုံဖြစ်ပြီး ဆေးရုံ၌ နေ့စဉ်တွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသမှ မျက်စိရောဂါဝေဒနာရှင်များစွာက လာရောက်ကုသမှုခံယူကြသည်ကို တွေ့မြင်နိုင်ပါသည်။ တရုတ်နိုင်ငံဆေးကုသရေးအဖွဲ့တို့သည် အဆိုပါဆေးရုံတွင် “အလင်းရောင် ခရီးစဉ်”အစီအစဉ်ဖြင့် မျက်စိတိမ်ရောဂါကုသပေးခံရာ မြန်မာ့မျက်စိရောဂါဝေဒနာရှင်များစွာ သက်သာပျောက်ကင်းကာ ပြန်လည်မြင်တွေ့ခွင့်များ ရရှိခဲ့ကြသည်။
“ဆေးရုံနဲ့လူနာတွေက တရုတ်နိုင်ငံရဲ့ကူညီထောက်ပံ့မှုကို အမြဲတမ်းအမှတ်ရနေပါတယ်”ဟု လူနာ များနှင့် မြန်မာ့ဆရာဝန်များမှ ပြောကြားသည်။
အဆိုပါမျက်စိဆေးရုံသည် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာတွင် တည်ရှိပြီး ရွှေရတုတိပိဋကဓရ၊ တိဋကကောဝိဒ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘဒ္ဒန္တ ၀ံသပါလာလင်္ကာရမှ တည်ထောင်ထားခြင်းဖြစ်ကာ နိုင်ငံကတာနှင့်မြန်မာအလှူရှင်အသီးသီးတို့မှ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါဆေးရုံသည် ၂၀၁၃ ခုနှစ်တည်တောင်ချိန်မှ ယနေ့အထိ မျက်စိ တိမ်ရောဂါစွဲကပ်သူတစ်သိန်းခန့် သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့သည်။ တရုတ်နိုင်ငံ ၏ဆေးကုသရေးအဖွဲ့လည်း အကြိမ်များစွာရောက်ရှိခဲ့ပြီး “အလင်းရောင် ခရီးစဉ်”အစီအစဉ်ဖြင့် မြန်မာ့ မျက်စိတိမ်ရောဂါဝေဒနာရှင်များအား ဆေးကုမှုများ ဆောင်ရွက်ပေးခဲ့သည်။
သတင်းထောက်အဖွဲ့သည် ရှည်လျားစွာတန်းစီလျက်ရှိသော မျက်စိစစ်ဆေးသည့်အခန်းရှေ့တွင် ဆေးရုံ ၏ ဒုအုပ်ချုပ်ရေးမှူးသီတာချိုနှင့်တွေ့ဆုံပြီး မေးမြန်းရာ “ဆေးရုံက နေ့စဉ်နေ့တိုင်း လူနာ(၅၀၀)ကျော် ဆေးကုပေးရတယ်။ အဲဒီအထဲကမှ (၂၀၀)ကျော်လောက်က ဆေးရုံကို ဒုတိယအကြိမ် ရောက်လာ တာဖြစ်ပြီး ခွဲစိတ်ကုသမှု ဒါမှမဟုတ် ပြန်လည်စစ်ဆေးမှုလုပ်ဖို့လာတာပါ”ဟု ပြောပြသည်။
မန္တလေးတိုင်းဒေသကြီး ရီးခင်ခမ်(အသံ)ကျေးရွာတွင် နေထိုင်သည့် အဘွားအိုဒေါ်ဇာသည် ထီးဆောင်းမျက်စိဆေးရုံကိုသွားလျှင် လမ်းခရီးမှာ (၇)နာရီမှ(၈)နာရီခန့်ကြာသည့်အတွက် ဆေးရုံကို တစ်ရက်ကြိုတင်သွားရောက်ရသည်။“ဆေးရုံက ကွန်မတို့အတွက် တည်းခိုခြင်း၊ ဆေးကုခြင်းကို အခမဲ့ဆောင်ရွက်ပေးတယ်။ ဆရာဝန်တွေက ဆေးပညာ တော်တော်ကောင်းကျွမ်းကျင်ကြပါတယ်။ ကျွန်မတို့က ဆေးရုံသွားရတာ လမ်းခရီးကအဆင်မပြေပေမဲ့ ကိစ္စမရှိဘူး။ မျစ်စိပြန်လည်ကောင်းမွန်လာဖို့ကိုပဲ အလေးထားပါတယ်”ဟု သူမပြောကြားသည်။
ခွဲစိတ်ခန်းအပြင်၏ နားနေခန်းမဆောင်တွင် ကပ်ထားသည့်ဓာတ်ပုံကြီးများက ကျွန်တော်တို့၏အာရုံကို ဆွဲဆောင်နေပါသည်။ သီတာချိုသည်“ဒီဓာတ်ပုံတွေထဲကပုဂ္ဂိုလ်တွေက လူနာတွေကို ဆေးကုပေးတဲ့ ဆရာဝန်တွေဖြစ်ပါတယ်၊ အဲဒီထဲမှာ တရုတ်ကလာတဲ့ဆရာဝန်တွေလည်း ပါတယ်”ဟု ပြောသည်။ ရွာသားတစ်ဦးဖြစ်သူ နန်းဆိုင်းပန်(အသံ)သည်လည်း ဓာတ်ပုံတစ်ပုံကို ထိုးပြရင်းပြောသည်မှာ“ဒီပုံထဲမှာ ပါတဲ့ တရုတ်ဆရာဝန်က ကျွန်မမျက်စိ ပြန်လည်မြင်တွေ့နိုင်အောင် ကုသပေးခဲ့တယ်။ အခု ကျွန်မက မြင်ကွင်းကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်တယ်။ မိုးကောင်ကင်ပြာလဲ့လဲ့၊ တိမ်တွေ ဖြူဖွေးဖွေး၊ အကုန်လုံးတွေ့မြင်နိုင်တယ်။ ကလေးတွေရဲ့အပြုံးလည်း တွေ့မြင်နိုင်တယ်။ ကျွန်မတို့က တရုတ်နိုင်ငံကို တကယ် ကျေးဇူးတင်ပါကြောင်း ပြောချင်ပါတယ်။”
တရုတ်မြန်မာနှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေးချိတ်ဆက်ကာ မျက်စိတိမ်ရောဂါနှင့် ငှက်ဖျားရောဂါ အစရှိသည်တို့ကို ပုံမှန်ရောဂါကာကွယ်ခြင်းနှင့် ဆေးကုခြင်းတို့အား အကြိမ်ပေါင်းများစွာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ တရုတ်နိုင်ငံသည် နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသို့ ဆေးကုသရေးအဖွဲ့များ စေလွှတ်ပြီး မြန်မာ့ဒေသခံများအား အခမဲ့ဆေးကုပေးသည်၊ ထို့ပြင်၊ မြန်မာ့အစိုးရနှင့်ပူးပေါင်းပြီး ဆေးကုသရေးစင်တာတည်ဆောက်ခြင်း၊ မြန်မာနိုင်ငံသို့ ဆေးကုသရေးစက်ကိရိယာနှင့် ဆေးများ လှူဒါန်းပေးသည်၊ တစ်ချိန်တည်းတွင် မြန်မာဆရာဝန်နှင့် သူနာပြုများအတွက် မွန်းမံသင်တန်းများ ကိုလည်း စီစဉ်ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် နေထိုင်သော တရုတ်မျိုးနွယ်တို့သည်လည်း ထီးဆောင်းမျက်စိဆေးရုံကြီးသို့ အလှူငွေများစွာ လှူဒါန်းခဲ့ပြီး ဆေးရုံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီပေးကြသည်။ စစ်ကိုင်း တိုင်းမြင်းမူမြို့နယ်၏ ကျန်းမာရေးဌာနဌာနမှူး ခိုင်သီတာ(အသံ)သည် တရုတ်ဆရာဝန်များက မျက်စိ ဆေးရုံသွားပြီး မျက်စိတိမ်ရောဂါအား အခမဲ့ခွဲစိတ်ကုသပေးခြင်း၊ ဆေးကုသရေးစက်ကိရိယာ လှူဒါန်းပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြောကြားပါသည်။
“‘အလင်းရောင်ခရီးစဉ်’က တရုတ်နဲ့မြန်မာလူမျိုးများရဲ့ ညီအစ်ကိုမေတ္တာကို ဖော်ပြနေပါတယ်။ ‘အလင်းရောင်ခရီးစဉ်’ကိုရော၊ အလှူငွေနဲ့ဆေးကုသရန် စက်ကိရိယာလှူဒါန်းပေးတာကိုရော အစစအရာရာတို့ကို ဆေးရုံနဲ့လူနာတို့က မေ့နိုင်မှာမဟုတ်ပါဘူး ”ဟု သီတာချိုမှ ပြောသည်။
“တရုတ်ညီအစ်ကိုတော်တို့ရဲ့ ကူညီထောက်ပံ့မှုက တရုတ်မြန်မာအကြားမှာတည်ရှိတဲ့ ပေါက်ဖော် ချစ်ကြည်ရေးကို ဖော်ပြနေတာပဲဖြစ်ပါတယ်”နန်းဆိုင်းပန် ထောက်ပြပြောခဲ့သည့်ဆရာဝန်သည် ၂၀၁၇ ခုနှစ်နိုဝင်ဘာလက တရုတ်မျိုးနွယ်အသင်းနှင့် ယူနန်မျိုးနွယ်အသင်းပူးတွဲပြီး မျက်စိဆေးရုံသို့ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု၊ တရုတ်မျိုးနွယ် ချစ်မေတ္တာတင်ပို့ခြင်း”လှုပ်ရှားမှုကျင်းပသည့် ဆေးကုသရေးအဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဤ ဆေးကုရေးအဖွဲ့သည် ကူမင်း၏ အိုက်လ်မျက်စိကုသရေးအဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံတွင် မျက်စိ တိမ်ရောဂါဝေဒနာရှင်(၂၀၀)ကျော်အား နေ့ည အိပ်ရန်စားရန်ပင်မေ့နေပြီး ခွဲစိတ်ကုသပေးခဲ့သည်။
၂၀၁၇ ခုနှစ်နိုဝင်ဘာလတွင် ယူနန်ပြည်သူများဖွဲ့စည်းသည့် နိုင်ငံတကာချစ်ကြည်ရေး ဖလှယ်မှု ဖောင်ဒေးရှင်းသည်လည်း အဆိုပါဆေးရုံတွင် “အလင်းရောင်ခရီးစဉ်”ကို ကျင်းပခဲ့ပြီး ယူနန်ပြည်နယ် နံပါတ်(၁)ပြည်သူ့ဆေးရုံမှ ဆေးဆရာဝန်များသည် မျက်စိတိမ်ရောဂါဝေဒနာရှင် (၃၀၀)ကျော်အား အခမဲ့ခွဲစိတ်ကုသပေးခဲ့သည်။
ထို့ပြင်၊ တရုတ်နိုင်ငံခြားရေးရာအသင်း၊ တရုတ်ပရဟိတပူးတွဲအသင်း၊ ယူနန်ပြည်နယ်၏ တရုတ်ပြန် နိုင်ငံရပ်ခြားရောက်ခဲ့သော တရုတ်မျိုးနွယ်အသင်းတို့လည်း ထီးဆောင်းမျက်စိဆေးရုံတွင် “အလင်းရောင်ခရီးစဉ်”ကို ကျင်းပခဲ့ပြီး မြန်မာ့မျက်စိတိမ်ရောဂါဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသ ပေးခဲ့သည်။
၂၀၁၃ ခုနှစ်မှစပြီး တရုတ်နိုင်ငံ၏အသင်းအဖွဲ့အသီးသီးသည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စသည့်ဒေသခံဆေးရုံနှင့်ပူးတွဲပြီး “အလင်းရောင်ခရီးစဉ်”အကြိမ်(၃၀)ကျော်ကို ကျင်းပခဲ့ပြီး မြန်မာမျက်စိတိမ်ရောဂါစွဲကပ်သူအယာက်(၆၀၀၀)ကျော်အတွက် အခမဲ့ခွဲစိတ်ကုသပေးခဲ့သည်ဟု မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ဝမ်ကျူံးယဉ်က ပြောကြားသည်။ တရုတ်ဆေးကုသရေး အဖွဲ့များနှင့် ပရဟိတအသင်းတို့သည် မြန်မာနိုင်ငံသို့ ဆေးကုသရန်စက်ကိရိယာ လှူဒါန်းပေးခြင်း၊ ဆေးပညာမွမ်းမံတင်တန်းဖွင့်လှစ်ပေးခြင်းကို ဆောင်ရွက်ပေးနေသည်။
ဒေါက်တာဝင်းမာ(အသံ)သည် မျက်စိဆေးရုံ၌ အလုပ်လုပ်သည် (၄)နှစ်ရှိပြီဖြစ်ပြီး သူမသည်“မြန်မာ ကျန်းမာရေးဦးစီးဌာနရဲ့ ကိန်းဂဏန်းစာရင်းအရ မျက်စိတိမ်ရောဂါဝေဒနာရှင် သိန်းချီရှိနေတယ်။ တရုတ် ဆရာဝန်နဲ့အတူ ပူးပေါင်းပြီး လူနာတွေကို ဆေးကုပေးရတဲ့အတွက် ကျွန်မတော်တော်ဝမ်းတာ ဂုဏ်ယူမိ ပါတယ်။ ကျွန်မက တရုတ်ဆေးကုရေးအဖွဲ့ နေ့စဉ်လာရောက်နိုင်ဖို့ကို မျှော်လင့်ပါတယ်”ဟု သတင်းထောက်အား ပြောပါသည်။
မန္တလေးမြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဦးပိုမြင့်ကလည်း ဤကဲ့သို့ ပြောကြားခဲ့သည်။ “အခက်အခဲတွေ့တဲ့အခါ အကူအညီပေးနိုင်သူကိုပဲ သူငယ်ချင်းကောင်းလို့ ပြောနိုင်တယ်။ တရုတ် ညီအစ်ကိုတော်က ကူညီထောက်ပံ့မှုပေးနေတယ်။ မြန်မာနဲ့တရုတ်အကြား ချစ်ကြည်ရေးကို ဖော်ပြနိုင် တယ်။ တရုတ်က ကျွန်တော်တို့ရဲ့သူငယ်ချင်းစစ်စစ်ဖြစ်တယ်။”