ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် တည်ရှိပြီး လူဦးရေသည် (၄၇)သန်းကျော် ရှိကာ အကျယ်အဝန်း စတုရမ်းကီလိုမီတာ(၃.၉)သိန်းရှိသည်။ ယူနန်တွင် လူသားများ၏ ယဉ်ကျေးမှု မွေးဖွားရာ အရေးကြီးသည့် အရင်းအမြစ်နေရာများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ပြင် တိုင်းရင်းသား လူမျိုးစု(၂၅)မျိုးသည် ယူနန်တွင် အမြဲနေထိုင်ကာ ၎င်းအနက် လူမျိုးစု(၁၅)မျိုးသည် ယူနန်၌သာရှိပြီး တရုတ်နိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု အများဆုံးနေထိုင်သောပြည်နယ်ဖြစ်သည်။
ယူနန်ပြည်နယ်သည် ကုန်းပြင်မြင့်ဒေသဖြစ်ပြီး မြေအနေအထားသည် အနောက်မြောက်ဖက်က အရှေ့ တောင်ဖက်ထက် ပိုမိုမြှင့်ကာ မြောက်ဖက်မှ တောင်ဖက်သို့ လှေကားထစ်ပုံကဲ့သို့ ဖြည်းဖြည်းခြင်း နိမ့် ဆင်းသွားသည့်အနေအထားဖြစ်သည်။ ယူနန်၏ရာသီဥတုအမျိုးအစားသည် နွေသမပိုင်းဒေသ ကုန်းပြင်မြင့်မုတ်သုန်ရာသီဥတုအမျိုးအစားဖြစ်သည်ဟု ပြောနိုင်သော်လည်း သုံးဖက်မြင်ရှုထောင့်စုံ ရာသီဥတု (Three-dimensional climate )၏ ထူးခြားသောလက္ခဏာလည်း ပါဝင်နေသည်။ ယူနန်ပြည်နယ် ကုန်းပြင်မြင့်အတွင်းတွင် အပူပိုင်းဒေသမိုးသစ်တောရှိသည်၊ ဆီးနှင်းတောင်လည်း ရှိသည်။ ထိုသို့ ထူးခြားသည့်ရာသီဥတု၊ သဘာဝရှုခင်းနှင့် သယံဇာတအရင်းအမြစ်အားသာချက် အများအပြားရှိသောကြောင့် ယူနန်သည် ရှုခင်းသာနေရာများပြားစွာရှိနေကာ ပြည်တွင်းရောပြည်ပကိုပါ ဆွဲဆောင်နိုင်သော နာမည်ကျော်ကြားသည့် ခရီးသွားဒေသဖြစ်သည်။
ယူနန်သည် မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် တောတောင်ရေမြေဆက်စပ်လျှက်ရှိပြီး နယ်နိမိတ် မျဉ်းကြောင်းသည် (၄၀၆၀)ကီလိုမီတာထိရှည်လျားစွာ ထိစပ်လျက်ရှိသည်။ ယူနန်သည် တရုတ်ပြည် တွင်း အရှေ့တောင် အာရှတောင်အာရှနှင့်အနီးစပ်ဆုံးပြည်နယ်ဖြစ်ပြီး အဆိုပါနိုင်ငံနှင့် ဒေသ အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်ပြေဆုံးနေရာလည်းဖြစ်သည်။ ယခုအချိန်တွင် ယူနန်ပြည်နယ်သည် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများအကြား မူဝါဒအပြန်အလှန်ဖလှယ်ခြင်း၊ အခြေခံအဆောက်အဦးချိတ်ဆက်ခြင်း၊ ကုန်သွယ်ရေးနှင့်ဘဏ္ဍရေးစီးဆင်းခြင်း၊ ပြည်သူပြည်သား ကြား အပြန်အလှန်ဖလှယ်ခြင်း စသည်တို့အတွက် တွန်းအားပေးနေပြီး တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ၊ တောင်အာရှအကြား ချိတ်ဆက်ရန်အတွက် အထွေထွေဗဟိုဌာနအဖြစ် တက်ကြွစွာ ဆောင်ရွက် လျက်ရှိသည်။