ပညာတံခွန်အသင်းသုတေသီနှင့်ပါရဂူများက ယူနန်လန်ချန်းခရိုင်မှ လယ်သမားများအား လယ်စိုက်ခင်းအတွင်းမှာပင် လက်တွေ့သင်တန်းကို အောင်မြင်စွာ ပို့ချနိုင်ခဲ့

2018-04-17 18:31:19 |သတင်းအရင်းအမြစ် 云南日报

တမူထူးခြားသောသင်တန်းဆင်းအခမ်းအနားကို ဧပြီလ(၁၄)ရက်နေ့က လန်ချန်းလာဟူ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ"နည်းပညာအခန်း"တွင် ကျင်းပခဲ့သည်။ လယ်သမားကျုံဖူစိန်က (၁.၃၉၅)ကီလိုဂရမ်လေးသောအာလူးနှင့်အတူ စင်မြင့်သို့ လျှောက်လှမ်းခဲ့သည်။ သူ စိုက်ပျိုးရရှိသည့်သီးနှံဖြင့် သူ့အား ပညာသင်ဆုငွေ ယွမ်တစ်သောင်းနှင့် သင်တန်းဆင်းလက်မှတ်ကိုတရုတ်အင်ဂျင်နီယာအကယ်ဒမီမှ ပညာတံခွန်အသင်းသုတေသီ ကျူယုတ်ယုံက ချီးမြှင့်ပေးအပ်ရာ တက်ရောက်လာသော လယ်သမားများက အားပါးတရ လက်ခုတ်တီးရင်း သြဘာပေးခဲ့ကြသည်။

တရုတ် အင်ဂျင်နီယာအကယ်ဒမီ ပညာတံခွန်အသင်းသုတေသီနှင့်ပါရဂူများ ဖွင့်လှစ်သော မွမ်းမံသင်တန်း၏ ပထမအသုတ် သင်တန်းကို လန်ချန်းခရိုင်ရှိ ကျေးရွာအုပ်စု(၂၀)ခုမှ လယ်သမား (၂၄၀)ယောက် ပါဝင်တက်ရောက်ခဲ့ကြပြီး တရုတ်အင်ဂျင်နီယာအကယ်ဒမီ ပညာတံခွန်အသင်း သုတေသီနှင့်ပါရဂူများ၏ ဆင်းရဲမှုလျှော့ချရေး အလုပ်ရုံဌာနနှင့် လန်ချန်းခရိုင်အဆင့်မြင့် အသက်မွေးဝမ်းကျောင်းတို့မှ ချီးမြှင့်ပေးသော သင်တန်းဆင်းလက်မှတ်ကို အသီးသီးဆွတ်ခူးရရှိကြသည်။

တရုတ်အင်ဂျင်နီယာအကယ်ဒမီသည် လန်ချန်းကို အထူးကူညီထောက်ပံ့ပြီးနောက် လွန်ခဲ့သောနှစ်က ပညာတံခွန်အသင်းသုတေသီနှင့်ပါရဂူများ၏မွမ်းမံသင်တန်းကို ပထမအကြိမ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပညာတံခွန်အသင်းသုတေသီ ကျူယုတ်ယုံက ပါရဂူအဖွဲ့ကို ခေါင်းဆောင်ကာ ၎င်းခရိုင် တစ်ခုလုံးရှိကျေးရွာအုပ်စုသို့ သင်တန်းသူသင်တန်းသားများကို ခေါ်ယူခဲ့ပြီး ဆောင်းစိုက်အားလူ နှင့်ဟင်းသီးဟင်းရွက်၊ ရှုဒိုဂျင်စင်း၊ တရုတ်တိုင်းရင်းဆေးပျိုးထောင်ရေးနှင့်မွေးမြူမျိုးပွားရေးဆိုင်ရာ အချိန်တိုမွမ်းမံသင်တန်း(၄)ခုကို ဖွင့်လှစ်ပို့ချခဲ့သည်။ မွမ်းမံသင်တန်းတိုင်းတွင် ကျေးရွာအုပ်စုတိုင်းမှ လယ်သမား(၃)ဦးကို ခေါ်ယူသည့်စီမံချက်အတိုင်း ပညာတံခွန်အသင်းသုတေသီနှင့် ပါရဂူ များမှ တိုက်ရိုက်သင်တန်းပို့ချပေးသည့် သင်တန်းသား(၂၄၀)ဦး တက်ရောက်ခဲ့သည်။

"လယ်စိုက်ခင်းမှာပဲ သင်တန်းပို့ချတာ၊ စိုက်ပျိုးတာနဲ့လေ့လာတာဟာ ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်းပညာရေးနဲ့ ဆင်းရဲမှုလျှော့ချပေးတဲ့ စမ်းသပ်မှုအသစ်ဖြစ်တယ်။ လယ်သမား သင်တန်းသားရဲ့ အခြေခံကောင်းလည်းဖြစ်တယ်"ဟု ယူနန်လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခ ရန်စိန်ချောင်က ပြောပြသည်။ များသောအားဖြင့် သင်တန်းသားများသည် ပညာတံခွန်အသင်းသုတေသီ ကျူယုတ်ယုံနှင့် ယူနန်လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်မှ သက်ဆိုင်ရာပညာရပ်၏ပါရဂူများအလိုက် လယ်စိုက်ခင်းတွင် လက်တွေ့လေ့လာသင်ယူရင်းနှင့် စိုက်ပျိုးကြသည်။ သင်တန်းဆင်းလက်မှတ်၏အဆင့်သတ်မှတ်ရာတွင် သင်တန်းတွင် လေ့လာစိုက်ပျိုးပြီး ထွက်ရှိလာသည့်သီးနှံနှင့် မွေးမြူသောတိရစ္ဆာန်၏ ရှင်သန်ကြီးထွားလာမှုအပေါ်မူတည်ကာ အမှတ်ပေးခြင်းဖြစ်သည်။

"ကျွန်တော်တို့ လယ်သမားအနေနဲ့ အခု ပညာတံခွန်အသင်းသုတေသီ၊ ပါမောက္ခ၊ ဒေါက်တာတို့ရဲ့ တပည့်ဖြစ်တယ်။ ဆရာတွေဟာ ကျွန်တော်တို့ ညွှန်ကြားပေးတဲ့အတွက် တကယ်ကောင်းတယ်။ ပညာရတယ်"ဟု ရွာသား တောင်ကျီယောက အောင်လက်မှတ်ကို ကိုင်ထားပြီး ဂုဏ်ယူစွာ ပြောပြသည်။ လွန်ခဲ့သောနှစ်က မွမ်းမံသင်တန်းဆင်းပြီးနောက် တောင်ကျီယောက ဆောင်းအားလူး တရုတ်ဧက (၃)ဧကကို စိုက်ပျိုးခဲ့သည်။ ယခုရက်ပိုင်းက သီးနှံထွက်နှုန်းကောင်းသည့်အတွက်ကြောင့် သူသည် ၀င်ငွေယွမ်နှစ်သောင်းကို ရရှိသည်။ ထို့ကြောင့် နည်းပညာများကိုဆက်လက်သင်ယူဦးမည်ဖြစ်ကြောင်း၊ နည်းပညာနှင့်အတတ်ပညာဖြင့် ချမ်းသာကြွယ်ဝသောဘ၀ တည်ဆောက်ချင်ကြောင်း သူက ဆက်လက်ပြောပြသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006