ဒုတိယအကြိမ်မြောက် တရုတ်-မြန်မာThink Tank အဆင့်မြင့်ဖိုရမ်ကို တယ်ဟုန်ပြည်နယ်ခွဲတွင် ကျင်းပ

2018-05-09 18:30:50 |သတင်းအရင်းအမြစ် 云桥网

ဒုတိယအကြိမ်မြောက် တရုတ်-မြန်မာThink Tank အဆင့်မြင့်ဖိုရမ်ကို မေလ(၉)ရက်နေ့က တယ်ဟုန်ပြန်နယ်ခွဲတွင် ကျင်းပသည်။ အဆိုပါဖိုရမ်ကို ယူနန်ပြည်နယ် Academy of Social Sciences ၊ တရုတ်(ကူမင်း) တောင်အာရှ-အရှေ့တောင်အာရှ သုတေသနအကယ်ဒမီ၊ တယ်ဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ ရွှေလီမြို့နိုင်ငံတော် အလေးထားဖွံ့ဖြိုးရေးစမ်းသပ်ဇုန်တို့မှ ဦးစီးကျင်းပခြင်းဖြစ်သည်။

အဆိုပါဖိုရမ်အား“တရုတ်-မြန်မာစီးပွားရေးစင်္ကြံ”ဟူသောအဓိကခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး “အတူတကွ ညှိနှိုင်းခြင်း၊ အတူတကွဆောင်ရွက်ခြင်းနှင့် အတူတကွမျှဝေခံစားခြင်း”ကို အခြေပြုပြီး ပေါ်လစီဖလှယ်ရန်လည်းကောင်း၊ စီးပွားရေးအဆင်ပြေရန်လည်းကောင်း၊ ငွေကြေးစီးဆင်းမှုချောမွေ့ ရန်လည်းကောင်း၊ ပြည်သူပြည်သားများ အပြန်အလှန်သဘောပေါက် နားလည်ရန်လည်း ကောင်း ရည်ရွယ်ကာ တရုတ်နှင့်မြန်မာ နှစ်ဦးနှစ်ဖက်မှပညာရှင်များက ဆွေးနွေးကြကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှအဖွဲ့ဝင် ဦးဝင်းလွင်၊ မြန်မာနိုင်ငံ ဦးနု-ဒေါ်မြရီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနု၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ တို့တက်ရောက်ကြပြီး ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ဦးစိုးပိုင်လည်း အထူးဧည့်သည်အဖြစ် ပါဝင်တက်ရောက်ခဲ့သည်။

ဖိုရမ်တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်ရာ၌ အခြေခံအဆောက်အဦးတည်ဆောက်ခြင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ဆောက်ခြင်း၊ စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်လုံး လယ်ယာစိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း၊ လူနေမှုဖွံ့ဖြိုးတိုးတက်ခြင်း၊ နယ်စပ်ဒေသ လုံခြုံရေးပူးပေါင်းဆောင်ရွက်ခြင်း စသည့်အကြောင်းအရာများအား နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006