ဒေါ်သန်းသန်းနု၊ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အစဉ်အလာချစ်ကြည်ရေးကို စဉ်ဆက်မပြတ် တည်တံ့ပါစေဟု ဆန္ဒပြု

2018-05-11 17:42:11 |သတင်းအရင်းအမြစ် 云桥网

“ဒီကနေ့ တရုတ်-မြန်မာချစ်ကြည်ရေးပြတိုက်သို့ ရောက်ရှိလေ့လာရခြင်းဟာ အတိတ်သမိုင်းကြောင်း အထူးချစ်ကြည်ရင်းနှီးမှုရှိတာကို ပြန်လည်အမှတ်ရစေပါတယ်။ ယခုကာလ၊ နောင်လာမယ့်အနာဂတ် ကာလတွေမှာလည်း ဆထက်ထမ်းပိုးတိုး၍ ချစ်ကြည်ရင်းနှီးနိုင်ပါစေ”ဟု မြန်မာနိုင်ငံဦးနု- ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုသည် ဝမ်တိန်ရှိ တရုတ်-မြန်မာ ချစ်ကြည်ရေး ပြတိုက်ကို လှည့်လည်ကြည့်ရှုပြီးနောက် အဆိုပါခံစားချက်ကို အထူးမေတ္တာထားကာ ဧည့်သည်တော်မှတ်တမ်းတွင် ရေးထားခဲ့သည်။

ဒေါ်သန်းသန်းနုသည် ဒုတိယအကြိမ် "တရုတ်-မြန်မာ Think Tank အဆင့်မြင့်ဖိုရမ်”ကို တက်ရောက်ရန် တရုတ်နိုင်ငံကို ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းသည် တရုတ်သို့ (၅)ကြိမ်မြောက် ရောက်ရှိခြင်းဖြစ်သည်။ “ကျွန်မက ၁၉၅၄ ခုနှစ်မှာ မိဘနဲ့အတူ ပထမအကြိမ် တရုတ်ကို ရောက်ခဲ့တယ်။ ဒီနေ့ဒီအချိန်မှာ တရုတ်နိုင်ငံရဲ့ တံခါးဖွင့်မူဝါဒဆောင်ရွက်ခြင်းက အနှစ်(၄၀)ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီတစ်ကြိမ် ကျွန်မလှည့်လည်လေ့လာရာမှာ တရုတ်နိုင်ငံရဲ့စီးပွားရေး တော်တော်ဖြစ်ထွန်းနေတာကို တွေ့မြင်ရတယ်။ ထို့ပြင်လည်း မြန်မာနဲ့ တရုတ်အကြားပူးပေါင်းဆောင်ရွက်မှုတွေ တော်တော်တိုးတက်လာကိုလည်း တွေ့မြင်ခဲ့တယ်”ဟု သူမက ပြောကြားခဲ့သည်။

တရုတ်-မြန်မာချစ်ကြည်ရေးပြတိုက်ကို လှည့်လည်လေ့လာရာတွင် ဒေါ်သန်းသန်းနုသည် သူမဖခင် မြန်မာဝန်ကြီးချုပ် ဦးနုနှင့် တရုတ် နိုင်ငံတော်ဝန်ကြီးချုပ်ကျူအင်လိုင်း၏စုပေါင်းဓာတ်ပုံကို တွေ့ခဲ့ကာ ထိုအချိန်က အတိတ်အကြောင်းအရာများ ပြန်လည်မြင်လာသည်ဟုဆိုသည်။“ဒီဓာတ်ပုံက ဝန်ကြီးချုပ်ကျူအင်လိုင်းက မြန်မာနိုင်ငံသို့ ပထမအကြိမ် တရားဝင်လည်ပတ်ကြည့်ရှုရာမှာ ရိုက်ထားတာဖြစ်တယ်။ ကျွန်မဖခင်က ဝန်ကြီးချုပ် ကျူအင်လိုင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။”ဟု သူမဓာတ်ပုံကြည့်ရင်း မိတ်ဆက်ပေးသည်။ ထိုအချိန်က ဝန်ကြီးချုပ်ကျူအင်လိုင်းကို ကြိုဆိုစေရန် အသက်(၉)နှစ်သာရှိသော ဒေါ်သန်းသန်းနုသည် စန္ဒယားတေးတစ်ပုဒ်ကို တီးပြသခဲ့သည်။ “ကျွန်မ ရဲ့ဖခင်က မြန်မာ-တရုတ်ချစ်ကြည်ရေးအတွက် အကျိုးဆောင်ခဲ့တယ်။ အဲဒါအတွက် ကျွန်မအထူး ဂုဏ်ယူမိပါတယ်”ဟု သူမက ဆက်လက် ပြောကြားခဲ့သည်။

ဤအကြိမ်ခရီးစဉ်သည် ဒေါ်သန်းသန်းနုအတွက် ပထမဦးဆုံးအကြိမ် တယ်ဟုန်ပြည်နယ်ခွဲကို ရောက်ရှိခြင်းဖြစ်သော်လည်း သူမသည် တယ်ဟုန်ကို အထူးမေတ္တာထားစိတ်ဝင်စားသည်။ တယ်ဟုန် ပြည်နယ်ခွဲသည် မြန်မာ-တရုတ်နယ်စပ်ဒေသတွင် တည်ရှိကြောင်း၊ နှစ်ဖက် ပြည်သူ ပြည်သားများ ယဉ်ကျေးမှု၊ စီးပွားရေး၊ လူနေမှုဖလှယ်ရေးမှာ အချိန်ကြာမြင့်ပြီဖြစ်ကာ သံယောဇဉ် ဖြစ်နေကြကြာင်း၊ Think Tank အဆင့်မြင့်ဖိုရမ်မှတစ်ဆင့် ဖလှယ်မှုနှင့်ချစ်ကြည်ရေးကို တိုးမြှင့်သွားနိုင်မည်ဖြစ်ကြောင်း၊ Think Tank အဆင့်မြင့်ဖိုရမ်ကို မန်စီမြို့တွင် ကျင်းပရန် စီစဉ်ထားသည်မှာ အလွန်သင့်တော်ပါကြောင်း၊ ဤအကြိမ်ဖိုရမ်၏ အဓိကခေါင်းစဉ်လည်း အလွန်ကောင်းမွန်ကြောင်း သူမက ပြောသည်။ “ဒီတစ် ကြိမ်Think Tankက မြန်မာ-တရုတ် နှစ်နိုင်ငံအကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တဟုန်ထိုး တိုးတက်စေနိုင်တယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးလည်း ပိုမိုတိုးတက်ဖို့ တွန်းအားပေးနိုင်ပါစေလို့ ဆုတောင်း ပါတယ်”ဟု ဒေါ်သန်းသန်းနုသည် ဆန္ဒပြုပြောကြားသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006