ယူနန်နေထိုင်မှုဘဝများစွာက စွဲဆောင်မှုရှိနေ

2018-05-29 19:30:17 |သတင်းအရင်းအမြစ် 环球旅行

ဤကမ္ဘာပေါ်တွင် အကြိမ်ကြိမ်အဖန်ဖန်သွားသင့်သွားထိုက်သည့် နေရာတစ်ခု တကယ်ရှိပါသည်။ ဤနေရာသည် ယူနန်သာဖြစ်သည်။

လျှို့ဝှက်ချက်များစွာပြည့်နှက်နေသည့် ရှန်ဂရီလာ၊ စိတ်ငြိမ်သော လိကျန်း၊
ပုံရိပ်လွှာစွဲဆောင်စွမ်းအားပေါများသော စစ်ဆောင်ပန်းနား စသည့် အဖွယ်ဖွယ် အရာရာသောနေရာများက လူသားများအား စွဲဆောင်နေသည်။

ယူနန်၏တောင်၊ ယူနန်၏ရေ၊ ယူနန်သူယူနန်သား၊ ယူနန်၏အချစ်မေတ္တာနှင့်ယူနန်၏ နေထိုင်ပုံက လူများစွာကို စွဲဆောင်နေသည်။

ယူနန်၏တောင်တန်းကို တစ်ခေါက်သွားတက်ပါ။

တောင်တန်းများသည် စိမ်းလန်းစိုပြေစွာ လှပနေသည်၊နှင်းတောင်များသည် နေဝင်ဆည်းဆာ၏ ရောင်စုံဖြာခြင်းကို စွဲကပ်မိသည်၊ယူနန်၏တောင်သည် ယူနန်ရှုခင်းအလှများကို သက်သေပြုနေသည်။

ယူနန်လူမျိုးနေအိမ်တွင် တစ်ခေါက်တည်းခိုပါ။

ယူနန်တိုင်းရင်းသားလူမျိုးစု၏ပုံရိပ်လွှာကို ခံစားချင်ပါလျှင် ယူနန်လူမျိုးနေအိမ်တွင် တစ်ညတည်းခိုပါ။

ယူနန်စားသောက်ဖွယ်များကို စားကြည့်ပါ။

စားကောင်းသောက်ဖွယ်အား ကြိုက်နှစ်သက်သူများအတွက် ယူနန်အစားအသောက်များကို မစားမဖြစ် စားသောက်သင့်သည့် ပျော်ဖွယ်ရာတစ်ရပ်ဖြစ်သည်။

ယူနန်၏ရေပူစမ်းမှာ တစ်ခေါက်ရေချိုးပါ၊

ကြည်လင်သောစမ်းရေ၊ ပျံတက်နေသောမြူးနှင်း၊ ယူနန်၏ရေပူစမ်းက ခရီးသည်များ၏ ပင်ပန်းမှုကို ပြေပျောက်နိုင်ပါမည်။

ယူနန်၏ဈေးတန်းကို တစ်ခေါက်သွားလည်ပါ။

စည်ကားသည့်ဈေးတန်းတွင် သူနှင့်အတူ သွားသွားလာလာ လျှောက်လည်ပြီး မတူညီသော ပျော်ရွှင်ဖွယ်ရာကို ရှာတွေ့နိုင်မည်။

ယူနန်ဒေသခံသီချင်းတစ်ပုဒ်ကို သင်ယူကြည့်ပါ။

တောတောင်ရေမြေတို့၏တေးသီချင်းက လူသားများစိတ်အတွင်း ရိုးသားဖြူစင်သော ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်သည်။

ယူနန်၏ဒေသခံအကတစ်ပုဒ်ကို ကလိုက်ပါ။

ယူနန်၏ဒေသခံအကသည် ပြည်သူပြည်သားများ၏နေထိုင်မှုဘဝကို အမှီပြုပြီး တီထွင်သည့်အကဖြစ်ကာ ယင်းအကတို့သည် လူသားများ၏ ဘဝနေထိုင်မှုဖြစ်စဉ်ကို ဖော်ပြနေသည်။

ယူနန်၏ရိုးရာပွဲတော်ကို တစ်ခေါက်ပါဝင်ခံစားပါ။

ယူနန်တွင် တိုင်းရင်းသားလူမျိုးစု များစွာအတူနေထိုင်ကြသောကြောင့် တိုင်းရင်းသား လူမျိုးစုအသီးသီး၏ရိုးရာပွဲတော်လည်း အများအပြားထောပနာပြုနေသည်။

လမ်းဘေးကရှုခင်းများကို ခဏရပ်ပြီး ရှုစားပါ။

အလှပဆုံးရှုခင်းသည် အမြဲတန်းလမ်းဘေးရှိရှုခင်းဖြစ်သည်။ ထို့ကြောင့်၊ ယူနန်တွင် ခရီးသွားဖြစ်ပါက ခရီးသွားလမ်းညွှန်စာအုပ်ကို လွှင့်ပစ်လိုက်ပါ။ ဆိတ်ငြိမ်သည့်နေရာ တစ်ခုရှာလိုက်ပြီး သူ့၏အလှကို အေးဆေးစွာ ခံစားပါ။

ခြေလျင်လျှေက်ခြင်းဖြင့် ခရီးသွားပါ။

ယူနန်သည် ခြေလျင်လျှေက်ခြင်းဖြင့်ခရီးသွားလာသင့်သည့် ရှုခင်းသာသုခမြေတစ်ခုဖြစ်သည်။ မြင့်မားသော၊ အထပ်ထပ်အလွှာလွှာလှပသောတောင်တန်းများရော၊ မြူးနှင်းပျံ့နှံ့ပြီး မှိုင်းမှုန်ရီဝေသောမုတ်သုန်သစ်တောပါ စွဲဆောင်မှုများစွာရှိပါသည်။

ယူနန်တွင် သူငယ်ချင်းတစ်ယောက်ကို သိကျွမ်းအောင် ချိတ်ဆက်ပါ။

ယူနန်တွင် သူငယ်ချင်းတစ်ယောက်ကို သိကျွမ်းပါက ခရီးထွက်ရာတွင် မတူညီသောရှုခင်းအလှကို တွေ့မြင်နိုင်သည်၊ ပိုမိုကောင်းမွန်သော ခံစားချက်ကို ရရှိနိုင်ပေမည်။

မမေ့နိုင်သောသတိရချက်၊

လူများသည် မည်သည့်နေရာသို့ပင်ဖြစ်စေ လှပခြင်း သဘာဝအလှတရားကို ရှာဖွေခံစားနိုင်ရန် ခရီးထွက် ခြင်းဖြစ်သည်။

ရှုခင်းလှပသောနေရာတွင် သဘောထားပေါ့လျော့ပါ။

ယူနန်၏အလှ၊ ယူနန်၏စွဲဆောင်မှုသည် ဦးနှောက်ထဲတွင်သိမ်းထားပြီး နောင်တွင် ပြန်လည်အောက်မေ့သည့်အခါ တမ်းတစိတ်ဖြင့် ဝမ်းသာနိုင်မည်။

ယူနန်နှင့်တွေ့ဆုံပါ၊
တရုတ်နွေဦးရာသီအပြီး နွေရာသီရောက်သည့်အချိန်တွင် ယူနန်နှင့်တွေ့ဆုံပါ။
လှပမှုကို ခံစားရပေမည်။
ဆောင်းပါးအရင်းအမြစ်၊ စာအုပ်--ကမ္ဘာ့လည်ခရီးသွားလာရေး
ဘာသာပြန်၊ Yunnan gateway ကွန်ရက်။

Photo source: stock.dfic.cn

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006