ယူနန်ကျင်ဟုန်မြို့တွင် ရွာသူရွာသားများသည် လယ်ကွင်းများအကြား အယ်ရိုလိုက် ရှာဖွေနေကြ

2018-06-05 16:16:55 |သတင်းအရင်းအမြစ် 云南网

ယခုရက်ပိုင်း ယူနန်ပြည်နယ်ကျင်ဟုန်မြို့တွင် အယ်ရိုလိုက်များ ကျဆင်းသည်ကို တွေ့ရှိကြောင်း၊ အယ်ရိုလိုက်များကျဆင်းသည့်နေရာမှာလည်း သေချာကြောင်းစသည့်သတင်းရရှိပြီးနောက် မွန်ဟိုင် ခရိုင်၏ ရွာသူရွာသားများသည် လယ်ကွင်းများအကြားသို့ အယ်ရိုလိုက်များ သွားရောက်ရှာဖွေကြသည်။

ကျဆင်းလာသည့် အယ်ရိုလိုက်ကို ရှာဖွေတွေ့ရှိကြကြောင်း ယူနန်ကွန်ရက်က ဇွန်လ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးနောက် မွန်ဟိုင်ခရိုင်မန်လွင်ရွာမှရွာသူရွာသားများအကြား အယ်ရိုလိုက်ရှာဖွေခြင်း မှာ ရေပန်းစားလာသည်။ မန်လွင်ရွာလမ်းဘေး၏ကြံပင်စိုက်ခင်းတွင် ရွာသူရွာသားများစွာသည် လယ်မြေအကြားအယ်ရိုလိုက်များကို ရှာဖွေရန် အလုပ်များနေသည့်မြင်ကွင်းကို ရွာသားအချို့က ဗီဒီယို ရိုက်ပြီး အွန်လိုင်းပေါ်တွင် တင်ပြထားကြသည်။

ယခုအချိန်ကာလတွင် မန်လွင်ရွာ၌ အလုပ်လုပ်နေသော Chinese Academy of Sciences မှတာဝန်ခံ တစ်ဦးသည် အယ်ရိုလိုက်(၂၀၀)ကျော်ကို ရှာဖွေတွေ့ရှိပြီး Chinese Academy of Sciences သက် ဆိုင်ရာဌာနထံသို့ အမြန်ချောပို့ဖြင့် ပို့ပေးလိုက်သည်။

“ပထမဦးဆုံးအနေနဲ့ ကြံပင်စိုက်ခင်းတွေကြားမှာ အယ်ရိုလိုက်တစ်ချို့ကို တွေ့ခဲ့တယ်။ အဲဒီနောက် မှာတော့ ရွာသူရွာသားများစုဝေးလာကြတော့တယ်။ အခုအချိန်ထိ ရွာပေါင်း (၅)-(၆)ရွာက ရွာသူ ရွာသားတွေက အယ်ရိုလိုက်တွေကို ဒီမှာလာရှာကြတယ်”ဟု မန်လွင်ရွာ၏ တာဝန်ခံတစ်ဦးမှ ပြောကြား သည်။ သူ၏ဆက်လက်မိတ်ဆက်ခြင်းအရ သိရသည်မှာ -- ယနေ့နံနက်ပိုင်းတွင် ရွာသူရွာသား ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ရွာသူရွာသားများသည် အယ်ရိုလိုက်အား မိမိကိုယ်တိုင် သွားရောက်ရှာဖွေနိုင်သော်လည်း ရှာဖွေပြီးနောက် ယာယီသိမ်းဆည်းထားမည်ဖြစ်ကာ မည်သို့ ဆက်လက်လုပ်ရမည်ဆိုသည်ကို သက်ဆိုင်ရာဌာန၏ အကြောင်းကြားချက်ကို စောင့်ရမည်ဖြစ်သည်။

ရွာသူရွာသားများ အယ်ရိုလိုက်များအား ရှာဖွေနေကြောင်းကို သိရှိပြီးဖြစ်ကာ သက်ဆိုင်ရာ အဆင့်မြင့် ဌာနသို့လည်းအကြောင်းကြားပြီးဖြစ်ပြီး မည်ကဲ့သို့ဆက်လက်လုပ်ရမည်ဆိုသည့် အစီအစဉ်ကို စောင့် နေကြရမည် ဟု မွန်ဟိုင်ခရိုင်ပြန်ကြားရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ခံက ပြောသည်။

သတင်းအရင်းအမြစ်၊ Yunnan Net
ဘာသာပြန်၊ Yunnan Gateway

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006