ယခုနှစ်သည် တရုတ်နိုင်ငံတံခါးဖွင့်မူဝါဒကျင့်သုံးသည့် အနှစ်(၄၀)ပြည့်နှစ်ဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ကျင်းပခြင်းသည် ထိုအချိန်မှစတင်ဆောင်ရွက်ခြင်းဖြစ်ပြီး တံခါးဖွင့်မူဝါဒကျင့်သုံးခြင်း၏ အကျိုးသက်ရောက်မှုအများဆုံး ဆောင်ရွက်ချက်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ အနှစ်(၄၀)အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုကို ပြန်ကြည့်ရာ တံခါးဖွင့်မူဝါဒကျင့်သုံးသည့်အနှစ်(၄၀)အတွင်း အဖွယ်ဖွယ်အရာရာကို မှတ်တမ်းတင်နေသည်ဟု ပြောနိုင်သည်။
ခေတ်ကာလ၏ထင်ဟပ်ပေါ်လွင်ခြင်းမှသည် ပုဂ္ဂိုလ်ရေးဂရုစိုက်ခြင်းသို့ ရွှေ့ပြောင်း။
၁၉၉၇ ခုနှစ်ဆောင်းရာသီတွင် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ကျင်းပခဲ့ပြီး တစ်ပြည် လုံးလူဦးရေ(၅၇)သိန်းသည် အဆိုပါစာမေးပွဲသို့ ၀င်ရောက်ဖြေဆိုခဲ့ကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပခဲ့သည့် ပထမဦးဆုံးဖြေဆိုမှုသည် ထိုခေတ်ကာလအား ထင်ဟပ်ပေါ်လွင်နေစေသည်။ လေဖုန်း ဆိုသူကဲ့သို့ ပြည်သူပြည်သားများအတွက် ဝန်ဆောင်မှုပေးသည့် စိတ်သဘောထားခြင်း၊ ကွန်မြူနစ်ဝါဒ၏ အတူကုံလုံကြွယ်ဝသော နေထိုင်မှုဘဝကို ဖြစ်မြောက်စေရန် အသက်ထက်ဆုံးသောစွမ်းအားကို ဆက်သရမည်ဟူသော အကြောင်းအရာများနှင့်သာ ပြည့်နေသည်။
၁၉၇၉ ခုနှစ်မှ ၁၉၈၉ ခုနှစ်ကာလအတွင်း တရုတ်နိုင်ငံတွင် စက်မှု၊ လယ်ယာစိုက်ပျိုးရေး၊ နိုင်ငံတော်ကာကွယ်ရေးနှင့် သိပ္ပံနှင့်နည်းပညာ စသည့်လုပ်ငန်း(၄)ရပ်မှာ အရှိန်အဟုန်ဖြင့် ခေတ်မီတိုးမြှင့်စေရန် လူတော်လူစွမ်းကောင်း အများကြီးလိုအပ်ခဲ့သည်။ ထိုအချိန်က တက္ကသိုလ်ဝင်စာမေးပွဲမှာ အလွန်ခက်ခဲပြီး သိပ္ပံပညာရပ်မေးခွန်းလွှာကမူ မူလအတိုင်းပင်ဖြစ်ကာ ဖြေကြားရမည်က အမျိုးမျိုးသော ဖော်မြူလာများ ဖြစ်နေသည်။
လွန်ခဲ့သော(၉၀)ဆယ်စုနှစ်ကာလတွင် တက္ကသိုလ်ဝင်စာမေးပွဲသည် ဖြေဆိုသူအပေါ်မူတည်သည့် ပုဂ္ဂိုလ်အကြောင်းကို စတင်ဂရုစိုက်လာခဲ့သည်။ ၁၉၉၃ ခုနှစ်၊ “၃+၂”ဖြေဆိုပုံကို တစ်ပြည်လုံး၌ စတင်ကျင့်သုံးသည်။ တရုတ်စာ၊ သင်္ချာနှင့် အင်္ဂလိပ် စသည့်ဘာသာရပ်(၃)ခုသည် မဖြေမနေဖြေဆိုရမည့် ဘာသာရပ်ဖြစ်သည်။ ထို့ပြင်၊ ဝိဇ္ဇာတွဲယူသူက နိုင်ငံရေးနှင့် သမိုင်းကို ဖြေဆိုရပြီး သိပ္ပံတွဲယူသူက ရူပဗေဒနှင့် ဓာတုဗေဒကို ဖြေဆိုကြရသည်။
၁၉၉၉ ခုနှစ်တွင် တက္ကသိုလ်နှင့်ကောလိပ်များမှ ကျောင်းသူကျောင်းသား ခေါ်ယူလက်ခံသည့်ဦးရေမှာ တိုးများလာပြီး (၂၁)ရာစုအရောက်တွင် “အိမ်ထောင်မပြု၊ အသက် (၂၅)နှစ် မကျော်ရ”ဟူသည့်ကန်သတ်ချက်ကို ဖျက်သိမ်းခဲ့သည်။
တစ်ပြည်လုံးမေးခွန်းလွှာတစ်ခုတည်းဖြင့် ဖြေဆိုခြင်းမှ ပြည်နယ်အသီးသီးမှ မိမိကိုယ်ပိုင် မွေးခွန်းလွှာထုတ်ခြင်းသို့ ရွှေ့ပြောင်း။
၂၀၀၂ ခုနှစ်၊ “၃+x”ဖြေဆိုပုံကို ပထမဦးဆုံးကျင့်သုံးခဲ့သည်။ ကျောင်းသူကျောင်းသား များသည် ဘာသာရပ်(၅)ရပ်ကို ဖြေဆိုခြင်းမှ တရုတ်စာ၊ အင်္ဂလိပ်နှင့် သင်္ချာအပြင်၊ ဝိဇ္ဇာတွဲအထွေထွေနှင့် သိပ္ပံတွဲအထွေထွေဖြေဆိုခြင်းသို့ စတင်ပြောင်းခဲ့သည်။ ထိုနှစ်တွင် ပေကျင်းမြို့သည် မိမိကိုယ်ပိုင်မေးခွန်းလွှာ ရေးသားထုတ်ဝေခြင်းကို စတင်သည့်နှစ်ဖြစ်သည်။
အဓိကအကြောင်းအရာမှန်းဆဖြေဆိုခြင်းမှ အထွေထွေပညာရပ်စုစည်းစာဖြေခြင်းသို့ ရွှေ့ပြောင်း။
လွန်ခဲ့သောရာစုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရမည့် အဓိကအကြောင်းအရာများ ကို အတွေ့အကြုံကြွယ်ဝသော ကျောင်းဆရာက မှန်းဆနိုင်သည်။ ယခုကမူ မူလတန်း ကျောင်းမှ အထက်တန်းကျောင်းထိ (၁၂)နှစ်အတွင်းပညာရပ်ကို ဖြေဆိုရခြင်းဖြစ်ရာ မှန်းဆပြီးဖြေဆိုရန် အလွန်မဖြစ်နိုင်တော့ပေ။ စာမေးပွဲဖြေဆိုမည့် ကျောင်းသူ ကျောင်းသား များ၏ တီထွင်ဖန်တီးမှု၊ နည်းပညာဝေဖန်လိုစိတ်ကို ပိုမိုအလေးထားလာခြင်းဖြစ်သည်။
လူ့ဘောင်လောကရေးရာ ဂရုမစိုက်ခြင်းမှ အလေးထားခြင်းသို့ ရွှေ့ပြောင်း။
အရင်က ကျောင်းသူကျောင်းသားများသည် လူနေမှုဘ၀အားဂရုမစိုက်ပဲ စာမေးပွဲဖြေဆိုရန် စာအုပ်သာဖတ်ကြသည်။ သို့သော် ယခုအချိန်ကာလတွင် အမှတ်ကောင်းရချင်လျှင် အမြဲတမ်းသတင်း ဖတ်ရန်လိုအပ်သည်၊ လူနေမှုဘ၀ကိုလည်း ဂရုစိုက်ရမည်ဖြစ်သည်။
သတင်း၊ ဆင်ဟွာသတင်းဌာနမှ ကောက်နုတ်ထားသည်။
ဘာသာပြန်၊ Yunnan Gateway။