လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံမှ သတင်းထောက်များ၏ လင်ချမ်းခရီးစဉ်မှတ်တမ်း

2018-06-20 17:44:42 |သတင်းအရင်းအမြစ် 云桥网

ပထမအကြိမ်“လန်ချန်း-မဲခေါင်ပြန်ကြားရေးအရာရှိနှင့် မီဒီယာသတင်းထောက်မွမ်းမံသင်တန်း အစီ အစဉ်”တွင် ပါဝင်တက်ရောက်ကြသည့် သင်တန်းသူ သင်တန်းသား(၁၅)ယောက်သည် ဇွန်လ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့ထိ ယူနန်ပြည်နယ်လင်ချမ်းမြို့သို့သွားရောက်ပြီး နယ်စပ်ဂိတ်နှင့် ရှေးခေတ် စက္ကူထုတ်လုပ်နည်းများကို လေ့လာခဲ့ကြသည်။ အဆိုပါခရီးစဉ်နှင့်ပတ်သက်ပြီး ကျွန်မတို့သည် ဆောင်းပါး(၃)စောင်ဖြင့် မှတ်တမ်းတင်လိုက်ရပါသည်။

မှတ်တမ်း(၁) -- လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့အောင်လုပ်ဆောင်၊ ပြည်သူပြည်သားများ အပြန်အလှန်နားလည်ခြင်းလည်းတိုးတက်

(၁၅)ရက်နေ့ညနေပိုင်းတွင် “လန်ချန်း-မဲခေါင်ပြန်ကြားရေးအရာရှိနှင့် မီဒီယာသတင်းထောက် မွမ်းမံ သင်တန်းအစီအစဉ်”တွင် ပါဝင်တက်ရောက်သည့် သင်တန်းသူသင်တန်းသား (အောက်တွင် လန်-မဲအဖွဲ့ဝင်များ အတိုချုံးခေါ်ဝေါ်ထားသည်)များသည် လင်ချမ်းမြို့-- ချင်းဆွေဟော်အမြန်ကားလမ်း လမ်းဖောက်နေရာကို လေ့လာခဲ့သည်။ လမ်းဖောက်လုပ်ယာဉ်များဖြင့် အရှိန်အဟုန်မြင့် အလုပ်ရှုပ် နေပုံကို လန်-မဲအဖွဲ့ဝင်များ တွေ့ခဲ့ပါသည်။

အဆိုပါကုန်းလမ်းပိုင်းသည် လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများအတွက် အလွန်တန်ဖိုးရှိပြီး ယင်းသည် ချင်းဆွေဟော်နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံလားရှိုးမြို့၊ မန္တလေးမြို့၊ မကွေးမြို့တို့ကို ဖြတ်ကျော်ပြီး ကျောက်ဖြူဆိပ်ကမ်းထိရောက်နိုင်သည်။

“တရုတ်နဲ့မြန်မာဟာ ပေါက်ဖော်မိတ်ဆွေတွေဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံမှ ဦးမျိုးမောင်မောင်က ပြော ခဲ့သည်။ သူသည် လင်ချမ်း--ချင်းဆွေဟော်အမြန်ကားလမ်းလမ်းဖောက်နေသည်ကို တွေ့ပြီးနောက် အလွန်စိတ်လှုပ်ရှားသည်ကို သိရသည်။ “ဒီလမ်းကြောင်းကို ဖောက်ပြီးရင် မြန်မာနဲ့တရုတ် အသွား အလာပိုမိုအဆင်ပြေနိုင်တယ်။ တရုတ်ရော မြန်မာပါ လမ်းတစ်လျှောက်က နေရာတိုင်းရဲ့စီးပွားရေး ဖြစ်ထွန်းနိုင်တယ်”ဟု သူသည် ဆက်လက်ပြောသည်။

လာအိုနိုင်ငံမှ Soukthavy Thephavong သည် အဆိုပါလမ်းဖောက်နေကြောင်းတွေ့ပြီးနောက် လာအို နိုင်ငံတွင် ကျင့်သုံးနေသည့် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေအောင် ဆောင်ရွက်ခဲ့သည်ကို ပြန်တွေး မိသည်ဟုဆိုသည်။“တရုတ်နိုင်ငံအကူအညီနဲ့ အခုလာအိုတစ်လမ်းတည်းရှိတဲ့ အမြန်ကားလမ်း Vientiane-- VangVieng ကားလမ်းကို ဖောက်နေတယ်။ နောင်မှာ လာအိုမြောက်ပိုင်းတောတောင် ဒေသကို ဖြတ်ကျော်နိုင်တဲ့အရေးကြီး လမ်းကြောင်းဖြစ်လာမယ်”ဟု သူမပြောကြားသည်။ သူမသည် တည်ဆောက်လျက်ရှိနေသည့် တရုတ်-လာအိုသံလမ်းကိုလည်း အောက်မေ့နေမိသည်။“သံလမ်းပြီး သွားတဲ့နောက်၊ လာအိုနဲ့ တရုတ်ပြည်သူပြည်သားတွေက နှစ်နိုင်ငံရဲ့ ရှုခင်းသာနေရာတွေကနေ အဆင်ပြေစွာသွားလာနိုင်ကြတယ်”ဟု သူမဆက်လက်ပြောခဲ့သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006