အပြန်အလှန်ကူးသန်းရောင်းဝယ်၍ အလုပ်တွင်ကျယ်သည်
၁၆ ရက်နေ့တွင် “လန်ချန်း-မဲခေါင်ပြန်ကြားရေးအရာရှိနှင့် မီဒီယာသတင်းထောက် မွမ်းမံသင်တန်း အစီအစဉ်”တွင် ပါဝင်တက်ရောက်သည့် သင်တန်းသူသင်တန်းသားများ (လန်-မဲအဖွဲ့ဝင်များ) သည် လင်ချမ်းမြို့ ချင်းဆွေဟော်နယ်စပ်ဂိတ်သို့ သွားရောက်လေ့လာခဲ့ကြသည်။ အဆိုပါနယ်စပ်ဂိတ်၏ ကုန်ပစ္စည်းစစ်ဆေးကွင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံမှကားများ စစ်ဆေးမှုခံယူရန်စောင့်နေကြသည်ကို လန်-မဲအဖွဲ့ဝင်များက တွေ့ကြရပါသည်။ ချင်းဆွေဟော်နယ်စပ်ဂိတ်သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့် တရုတ်နိုင်ငံတော်အဆင့် နယ်စပ်ဂိတ်တစ်ခုဖြစ်သည်။
ပို့ကုန်သွင်းကုန်ပစ္စည်းများဆိုင်ရာလျှောက်ထားခြင်း၊ စစ်ဆေးခြင်းနှင့် ဝင်ထွက်ခြင်းများ အားလုံးသည် Electronic Surveillance ဖြင့် စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ပြီး မြန်ဆန်ခြင်း၊ အလုပ်တွင်ကျယ်ခြင်း၊ သဘာဝဆိုးကျိုးထိခိုက်မှုမဖြစ်နိုင်ခြင်း စသည့်အားသာချက်ရှိသည်။ ကြေးမုံသတင်းစာမှ အယ်ဒီတာ ဦးအေဝမ်းစိုးသည် မြန်မာ့ကုန်တင်ကားဆရာနှင့် နယ်စပ်ဂိတ်တွင် အလုပ်လာလုပ်သည့် မြန်မာနိုင်ငံ သားများနှင့် မိတ်ဆက်ကာ အင်တာဗျူးခဲ့သည်။
“ပြည်ဝင်ပြည်ထွက်ခြင်းအတွက် ပုံမှန်အတိုင်း ကျွန်တော်တို့ စစ်ဆေးတာ (၁၅)စက္ကန့်ပဲကြာတယ်။ အများဆုံးစက္ကန့်(၄၀) မကျော်ပါဘူး”ဟု တရုတ်နှင့်မြန်မာ နယ်စပ်ဂိတ် ဖြတ်သန်းသွားလာသူများ မှတ်ပုံတင် စစ်ဆေးသည့်တရုတ်ဝန်ထမ်းတစ်ယောက်က ပြောသည်။
“နယ်စပ်ဖြတ်သန်းမှုစစ်ဆေးခြင်း၊ ပြည်ဝင်ပြည်ထွက်ခြင်းစနစ် အားလုံးက စက်ကိရိယာကို အသုံးပြုတာကြောင့် အလုပ်တွင်ကျယ်တယ်။ ဒီလိုဆောင်ရွက်တာကြောင့် နှစ်နိုင်ငံပြည်သူပြည်သား တွေ အဆင်ပြေစွာ သွားလာနိုင်တယ်”ဟု လာအိုနိုင်ငံမှသတင်းထောက် Visith Teppalath က ပြောကြားသည်။
တရုတ်နှင့်မြန်မာနိုင်ငံအကြား ကူးသန်းရောင်းဝယ်ရေးနှင့် နယ်စပ်ဖြတ်သန်းသွားလာသူများမှာ တစ်နေ့ တစ်ခြား စည်ကားလာသောကြောင့် ချင်းဆွေဟော်နယ်စပ်ဂိတ်၏ အဆောက်အအုံများကိုလည်း အဆက်မပြတ် အဆင့်မြှင့်တင်ကာ ပြုပြင်တည်ဆောက်လျက်ရှိနေသည်။ ယခုအချိန်တွင် နိုင်ငံတော် တံခါးမသစ်ကို တည်ဆောက်နေပြီး ၂၀၂၀ ခုနှစ်တွင် ပြီးမြောက်အောင် တည်ဆောက်လျက်ရှိကာ လင်ချမ်း-- ချင်းဆွေဟော်အမြန်ကားလမ်းသည်လည်း နိုင်ငံတော်တံခါးမကို တိုက်ရိုက်ချိတ်ဆက် ဖြတ်သန်းသွားလာမည်ဖြစ်သည်။
သတင်းအရင်းအမြစ်၊ Yunnan Gateway။