လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှ သတင်းထောက်များ၏ လင်ချမ်းခရီးစဉ်မှတ်တမ်း(၃)

2018-06-22 16:38:19 |သတင်းအရင်းအမြစ် 云桥网

စက္ကူသည် ပါးလွှာသော်လည်း ဖော်ပြသည့်ချစ်ခြင်းမေတ္တာက ရှည်လျားသည်

ဇွန်လ (၁၆)ရက်နေ့ညနေပိုင်းတွင် “လန်ချန်း-မဲခေါင်ပြန်ကြားရေးအရာရှိနှင့် မီဒီယာ သတင်းထောက် မွမ်းမံသင်တန်း အစီအစဉ်”တွင် ပါဝင်တက်ရောက်နေသည့် သင်တန်းသူသင်တန်းသားများ (လန်-မဲ အဖွဲ့ဝင်များ) သည် “တရုတ်တိုင်လူမျိုးစက္ကူထုတ်လုပ်ရေးပထမရွာ”ဟု ချီးကျူးခံနေသော လင်ချမ်းမြို့ ကမာခရိုင်မွန်တင်မြို့နယ် မန်ထွန်ရွာကို ရောက်ခဲ့ပြီး လက်မှုနည်းဖြင့်စက္ကူထုတ်လုပ်သည့်ပညာကို လေ့လာခဲ့ကြသည်။

“ကျွန်တော်တို့ ကမ္ဘာဒီးယား Khétt Battambang ပြည်နယ်ထဲမှာလည်း စက္ကူလက်မှုထုတ်လုပ် ရေးလုပ်ငန်းရှိတယ်။ အဲဒါက တရုတ်ရှေးခေတ်က နည်းပညာအတိုင်းပဲ ကူးစက်ပြန့်နှံ့လာတာ။ အခု တွေ့တဲ့လုပ်ငန်းအစီအစဉ်က ကျွန်တော်တို့ Khétt Battambang နဲ့မတူပေမဲ့တန်ဖိုးက အတူတူပါပဲ” ဟု ကမ္ဘာဒီးယားနိုင်ငံမှ ပြန်ကြားရေးလူကြီး Chhean Leang မှ စက္ကူထုတ်လုပ်ရေးအဖွဲ့သို့ပါဝင် လက်တွေ့ လုပ်ကြည့်ရင်း ပြောဆိုခဲ့သည်။

လာအိုနိုင်ငံမှသတင်းထောက် Souliyo Sengngam သည် လက်မှုပညာဖြင့်ပြုလုပ်ထားသော စက္ကူပေါ် တွင် လာအိုမြေပုံကို ရေးဆွဲခဲ့သည်။ "လာအိုမြောက်ပိုင်းဒေသမှာလည်း တရုတ်က ကူးစက်ပြန့်ပွားလာ တဲ့ စက္ကူလက်မှုထုတ်လုပ်ရေးပညာရှိတယ်။ နောက်ပိုင်းမှာ စက်မှုနည်းပညာနဲ့ စက္ကူထုတ်လုပ်ရေးလုပ်ငန်းထွန်းကားလာပေမဲ့ တန်ဖိုးရှိတဲ့ စက္ကူလက်မှုထုတ်လုပ်ရေးလုပ်ငန်းလည်း တရုတ်နဲ့အရှေ့တောင်အာရှမှာ ခေတ်အဆက်ဆက် ပျံ့နှံ့လက်ဆင့်ကမ်းလာတယ်”ဟု သူက ပြောကြား သည်။ လန်-မဲအဖွဲ့ဝင်များသည် Souliyo Sengngam က မြေပုံရေးဆွဲခြင်းကို တွေ့ပြီးနောက် စက္ကူပေါ်တွင် အမိနိုင်ငံဘာသာစကားဖြင့် ဆုတောင်းစာတမ်းများ ရေးသားခဲ့ကြသည်။

မန်ထွန်ရွာ၏တိုင်လူမျိုးစက္ကူလက်မှုထုတ်လုပ်ရေးပညာသည် ယခုခေတ်ကာလအထိ နှစ်ပေါင်း (၆၀၀)ကျော်ရှိပြီး ယင်းသည် မန်ထွန်ရွာသူရွာသားများအတွက် အရေးကြီးသော စီးပွားရေးလုပ်ငန်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် စက္ကူထုတ်လုပ်ရေးအရေအတွက်သည် (၁၅)သိန်းရှိပြီး ဝင်ငွေသည် တရုတ်ယွမ်ငွေ(၄)သန်းကျော်ကို ရောက်ရှိခဲ့သည်။ ကမ္ဘာဒီးယားနိုင်ငံမှ ပြန်ကြားရေးလူကြီး Long Seng သည် အဆိုပါသတင်းသိရှိပြီးနောက်“ကျေးရွာချမ်းသာလာတဲ့အတွေ့အကြုံကောင်းဖြစ်တယ်နော်၊ ဒီခရီးစဉ်ကနေ ကျွန်တော် အတွေ့အကြုံ အများကြီးရရှိစေတယ်”ဟု ပြောကြားခဲ့သည်။

သတင်းအရင်းအမြစ်၊ Yunnan Gateway။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006