ပေကျင်းအိုလံပစ်အားကစားပွဲတော်အပြီး (၁၀)နှစ်ကာလအတွင်း

2018-08-08 18:20:23 |သတင်းအရင်းအမြစ် 新华网

အချိန်သည် ကုန်မြန်လွန်းသည်။ ၂၀၀၈ ခုနှစ် သြဂုတ်လ(၈)ရက်နေ့က ပေကျင်းအိုလံပစ်အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနေသကဲ့သို့ပင် ခံစားနေမိပါသည်။ ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ကိုမူ လွန်ခဲ့သော (၁၀)နှစ်က စနစ်ကျသော အစီအစဉ်ဖြင့်ပင် ကျင်းပလာမည်ဖြစ်သည်။

ပေကျင်းအိုလံပစ်အားကစားပွဲတော်အပြီး (၁၀)နှစ်ကာလတွင် တရုတ်နိုင်ငံသည် အိုလံပစ် အားကစားပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပသည့်နိုင်ငံမှ အိုလံပစ်အားကစားပွဲတော်၏ အဆင့်မြှင့်တင်ပြောင်းလဲမှုကို လက်တွေ့ကျကျ တွန်းအားပေးသည့်နိုင်ငံအဖြစ် ပြောင်းလဲလာပါသည်။

ပေကျင်းအိုလံပစ်အားကစားပွဲတော်အပြီး (၁၀)နှစ်ကာလတွင် တရုတ်အားကစားလှုပ်ရှားမှုမှာ ဖွံ့ဖြိုးတိုးတက်လာပါသည်။ "ကျန်းမာရေးနှင့်တရုတ်နိုင်ငံ"ဟူသောအတွေးအခေါ်ကို အားပေးထောက်ခံပြီး အားကစားလှုပ်ရှားမှုအင်အားတောင့်တင်းသောနိုင်ငံဖြစ်ရန် အိပ်မက်သည် တရုတ်အိပ်မက် ဖော်ဆောင်ရာတွင် ခေတ်ရေစီးကြောင်းကဲ့သို့ စီးဆင်းလျက်ရှိနေပါသည်။

ပေကျင်းအိုလံပစ်အားကစားပွဲတော်အပြီး (၁၀)နှစ်ကာလတွင် မိုးကောင်းကင် ပိုပြီး ပြာလဲ့လဲ့ ဖြစ်နေသည်။ မြစ်ရေများ ပိုပြီး ကြည်လင်လာသည်။ ပြည်သူလူထုတို့ ယုံကြည်မှုရှိသည့်စိတ်နေသဘောထားမှာ တစ်နေ့တစ်ခြား ပိုမိုရရှိလာပါသည်။ အားကစားလှုပ်ရှားမှုအတွေးအခေါ်သည် တရုတ်လူမျိုးတိုင်း၏ ဘ၀တွင် ရောယှက်နေပြီး ယခုအခါ မရှိမဖြစ်သော အစိတ်အပိုင်းဖြစ်လာပါသည်။

(ဆင်ဟွာသတင်းထောက်-Hao Yuanzheng)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006