အမျိုးသမီးသူနာပြုများမှ မိမိကိုယ်ခန္ဒာဖြင့် နို့စို့ကလေးတို့အား ကာကွယ်ပေးနေသည့်ဓာတ်ပုံ ရေပန်းစားကာ ချီးကျူးခံရ

2018-08-16 15:40:15 |သတင်းအရင်းအမြစ် 云桥网

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ်ယွီရှီးမြို့လက်အောက်ရှိ ထွန်းဟိုင်ခရိုင်သည် ပြင်အား ၅ အဆင့်ရှိ ငလျင်ဒဏ် ခံခဲ့ရသည်။ ထိုငလျင်ဒဏ်ခံရချိန်တွင် ထွန်းဟိုင်ခရိုင် ပြည်သူ့ဆေးရုံ၏ အမျိုးသမီး သူနာပြုအချို့သည် မိမိကိုယ်ခန္ဒာဖြင့် နို့စို့ကလေးတို့ကို ကာကွယ်ပေးပြီး ပြင်ပသို့ ဘေးအန္တရာယ် ရှောင်တိမ်းခဲ့ကြသည်။ အဆိုပါမြင်ကွင်းကို သူနာပြုအမျိုးသမီး လီကျောင်းမှ ဖုန်းဖြင့်ရိုက်ကူးထားပြီး အွန်လိုင်းပေါ်သို့တင်လိုက်ရာ အများကစိတ်ဝင်စားခဲ့ကြပြီး ကြည့်ရှုသူအပေါင်း၏ ချီးကျူးမှုခံရသည်။

ကျွန်တော်တို့၏သတင်းထောက်သည် ထွန်းဟိုင်ပြည်သူ့ဆေးရုံတွင် လီကျောင်းနှင့် ယမန်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။

“ငလျင်လှုပ်တဲ့အချိန်မှာ ကျွန်မက အလုပ်လုပ်နေတယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့က သူမတို့ရဲ့ကိုယ်ခန္ဒာနဲ့ နို့စို့ကလေးတွေကို ကာကွယ်ရင်း အပြင်ပြေးထွက်သွားတာကို ကျွန်မတွေ့တယ်။ ငလျင်ထပ်လှုပ်ဦးမလားဆိုတာကို ကျွန်မတို့ ဘယ်သူမှ မသိနိုင်ပါဘူး။ ကျွန်မတို့အားလုံးလည်း မကြောက်လန့်တာတော့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့က ဆေးဝန်ထမ်းသူနာပြုတွေဖြစ်တယ်။ ဘယ်လိုဘေးအန္တရာယ်မျိုးပဲတွေ့ပါဖြစ်ဖြစ် ကျွန်မတို့က အသက်အတွက် တာဝန်ယူစောင့်ရှောက်ရမယ်။ နို့စို့ကလေးတွေက အရမ်းချစ်စရာကောင်းတယ်။ သူတို့က သူတို့ကိုယ်ကာကွယ်စောင့်ရှောက်ဖို့က မဖြစ်နိုင်သေးဘူးလေ။ ဘေးအန္တရာယ်ဖြစ်ပေါ်တဲ့အခါ ဘယ်သူမဆို ကျွန်မတို့လုပ်ဖော်ကိုင်ဖက်တွေရဲ့ မွန်မြတ်တဲ့လုပ်ရပ်လိုပဲ လုပ်ကြမယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်”ဟု သူမသည် ကျွန်တော်တို့၏ သတင်းထောက်အား ပြောပြသည်။

လူတစ်ယောက်သည် အွန်လိုင်းမှ အဆိုပါဓာတ်ပုံအားတွေ့ရှိပြီး "သူတို့တတွေက ကောင်းကင် တမန်ဖြစ်ကြတယ်။ ချီးကျူးရမယ်" ဟုမှတ်ချက်ပေးခဲ့ကြောင်း သိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006