ယူနန်ပြည်နယ်ထွန်းဟိုင်ခရိုင်မှထွက်သော ဟင်းသီးဟင်းရွက်များ နိုင်ငံကတာဈေးကွက်သို့ ဝင်ရောက်

2018-08-28 18:18:09 |သတင်းအရင်းအမြစ် 云桥网

ယူနန်ပြည်နယ်ထွန်းဟိုင်ခရိုင်အတွင်းရှိ ချီလို့ကန်နားဘေးတွင် ရှုခင်းအင်မတန်လှပပြီး ရေကန်နှင့် မဝေးသောနေရာတွင် ဟင်းသီးဟင်းရွက်စိုက်စခန်းတစ်ခုရှိသည့် စီစီညီညီရှိသောလယ်ယာမြေသည် ရေကန်နှင့်မတူသောအလှတစ်မျိုး ဖြစ်ပေါ်နေပေသည်။

ယခုရက်ပိုင်းတွင် ကျွန်တော်တို့၏သတင်းထောက်တို့သည် ချီလို့ကန်သို့ ရောက်ရှိပြီး ဟင်းသီးဟင်းရွက် စိုက်သော လယ်သမားများနှင့် တွေ့ဆုံကာ အပြန်အလှန်စကားစမြည်ပြောခဲ့ကြသည်။ “ ပြီးခဲ့တဲ့နှစ်က တရုတ်ဟင်းသီးဟင်းရွက်လုပ်ငန်းအစည်းအဝေးကို ကျွန်တော်တို့ဒီနေရာမှာ ကျင်းပခဲ့တယ်။ ဒီအစည်း အဝေးကြောင့် ထွန်းဟိုင်ခရိုင်က နာမည်ပိုကြီးလာပါတယ်” ဟု ဟင်းသီးဟင်းရွက်စိုက် လယ်သမား ဖြစ်သော ရှင်ကျန့်မွန်က သတင်းထောက်အား ပြောကြားခဲ့သည်။ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်သွယ်”အဆိုပြုချက် စဉ်ဆက်မပြတ် ရှေ့သို့ ချီတက်ခြင်းနှင့်အညီ ထွန်းဟိုင်ခရိုင်၏ ဟင်းသီး ဟင်းရွက်သည်လည်း နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ခွင့် ရရှိခဲ့သည်။ ၎င်းအတွက် ရှင်ကျန့်မွန် သည် အလွန်ဂုဏ်ယူမိကြောင်း သူ၏မိတ်ဆက်ခြင်းအရ သိရပါသည်။

စာရင်းကောာက်ယူခြင်းအရ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ၊ ထွန်းဟိုင်ခရိုင်မှ လယ်ယာထွက်ကုန် ပမာဏသည် ဒေါ်လာ(၄၇၆)သန်းသို့ရောက်ရှိပြီး လွန်ခဲ့သောနှစ်အချိန်ကာလတူထက် (၄၁%) တိုးမြင့် လာသည်။

ယခုနှစ်ပိုင်းတွင် ထွန်းဟိုင်ခရိုင်အစိုးရသည် ညွှန်ကြားပေးခြင်းနှင့် ကူညီထောက်ပံ့မှုအင်အားကို တိုးပြီး ကုမ္ပဏီတို့၏ ဦးဆောင်စွမ်းအားကို အသုံးပြုကာ စံချိန်မီထုတ်လုပ်နည်းကို ပြန့်ပွားအသုံးပြုသည်။ ထို့ပြင်၊ လယ်ယာထွက်ကုန်အရည်အချင်း ပြန်လည်စစ်ဆေးစမ်းသပ်ခြင်းစနစ်လည်း ပြည့်စုံအောင် တည်ဆောက်သည်။ ၂၀၁၇ ခုနှစ်တွင် ထွန်းဟိုင်ခရိုင်တစ်ခုလုံးတွင် မှတ်တမ်းတင်ခဲ့သော လယ်ယာ ထွက်ကုန်စိုက်ပျိုးရေးစခန်းကုမ္ပဏီ (၄၇)ခုရှိပြီး ခရိုင်တစ်ခုလုံးအတွင်းရှိ လယ်ယာမြေ၏ (၇၀%)ခန့် သည် လယ်ယာထွက်ကုန်စိုက်ပျိုးရေးစခန်း ဖြစ်သွားသည်။

“ကျွန်တော်က ၁၉၉၀ ခုနှစ်လောက်မှာ ဟင်းသီးဟင်းရွက်တွေကို စတင်စိုက်ခဲ့တယ်။ ခုရက်ပိုင်းမှာ အဓိကထွက်ကုန်ဖြစ်တဲ့ တရုတ်နံနံပင်နဲ့ ကြက်သွန်ဖြူတို့ကို တရုတ်ဧက ၄ ဧက စိုက်ပျိုးထားတယ်။ အခု လယ်မြေမှာ ရေဖျန်းပေးတဲ့စက်ကို တပ်ဆင်ထားတယ်။ လယ်ယာစိုက်ပျိုးရေး၊ သစ်တောစတဲ့ဌာနလည်း နှစ်စဉ်နှစ်တိုင်း မွမ်းမံသင်တန်းဖွင့်ပေးတယ်။ ကျွန်တော်တို့လယ်မြေကို လာပြီး ညွှန်ကြားပေးတယ်။ ဒါကြောင့် ကျွန်တော်တို့ ဟင်းသီးဟင်းရွက်စိုက်နည်းအရည်အသွေးလည်း တိုးမြှင့်လာတယ်လေ”ဟု ရှင်ကျန့်မွန်က ပြောကြားခဲ့သည်။

ကျွန်တော်တို့၏ သတင်းထောက်သည် ထွန်းဟိုင်ကုန်းပြင်မြင့်လယ်ယာထွက်ကုန် ကုမ္ပဏီလီမိတက်သို့ သွားရောက်ပြီး ၎င်းတို့၏ Cold Chain Logistics စင်တာကို လေ့လာခဲ့သည်။ ဝန်ထမ်းများက မကြာ သေးမီကမှ ရောက်လာသော ကုန်တင်ကားများကို ဝိုင်းပြီး ဟင်းသီးဟင်းရွက် သယ်ယူနေကြပုံကို ကျွန်တော်တို့ တွေ့ရှိခဲ့သည်။ သူတို့သည် ဟင်းသီးဟင်းရွက်များ စစ်ဆေးပြီးနောက် သေတ္တာထဲသို့ ထည့်ကာ အအေးသိုလှောင်ခန်းသို့ ပို့ဆောင်သည်။ “Cold Chain Logistics စင်တာထဲမှာ နေ့စဉ် နေ့တိုင်း ကုန်တင်ကား(၆)စီးကနေ (၁၀)စီးထိရှိတယ်။ ရောင်းအကောင်းဆုံးအချိန်မှာ (၁၈)စီးထိရှိ တတ်တယ်။ ကားတစ်စီးမှာ (၂၅)တန်တင်နိုင်တယ်။”ဟု ၎င်းကုမ္ပဏီ၏တာဝန်ခံသူတစ်ဦးမှ မိတ်ဆက် ပေးခဲ့သည်။

ထွန်းဟိုင်ကုန်းပြင်မြင့်လယ်ယာထွက်ကုန် ကုမ္ပဏီလီမိတက်သည် ၂၀၀၃ ခုနှစ်က စတင်တည်ထောင်ပြီး ယခုအချိန်တွင် ဟင်းသီးဟင်းရွက်များအား ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘာဒီးယားစသည့် “ရပ်ဝန်းတစ်ခု၊ လမ်း ကြောင်းတစ်သွယ်”လမ်းတစ်လျှောက်ရှိနိုင်ငံများသို့ တင်ပို့ရောင်းချသည်။ ၂၀၁၇ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီ၏ ဝင်ငွေသည် တရုတ်ယွမ်(၅၀၆)သန်း ရရှိခဲ့သည်။

အဆိုပါကုမ္ပဏီသည် “ကုမ္ပဏီ+ လယ်သမား+ စံချိန်မီထုတ်လုပ်ခြင်း”ပုံစံများကို ကျင့်သုံးပြီး အရည် အသွေး၊ ပြိုင်ဆိုင်စွမ်းအားနှင့် ပျမ်းမျှအားဖြင့် စိုက်ပျိုးရန်အခြေအနေအားနည်းသော ဒေသခံလယ်သမား ပိုင်မြေဧရိယာ တရုတ်ဧက (၀.၇) ဧကအောက်ပိုင်ဆိုင်သော ဒေသခံလယ်သမားများနှင့်အတူ ပြည့်စုံစွာ ပူးပေါင်းဆောင်ရွက်သည်။ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းဆွတ်ခူးခြင်းနှင့် မြေသြဇာကျွေးခြင်း စသည့်အလုပ် များ အတွက် စံချိန်စံညွန်းသတ်မှတ်ခြင်းအရ ဆောင်ရွက်ခဲ့သည်။ ထို့ပြင် တင်ပို့ရမည့်နိုင်ငံ၏ ဈေးကွက် အခြေအနေကို စမ်းသပ်ပြီး မတူညီသော အမျိုးအစား၊ အရည်အသွေးတောင်းဆိုချက်ကို စုံစမ်းခဲ့ပြီး လယ်ယာများထံ အဆိုပါတောင်းဆိုချက်ကို တိုက်ရိုက် အကြောင်းကြားခဲ့သည်။

ယခုအချိန်တွင် ထွန်းဟိုင်ခရိုင်၌ လယ်ယာထွက်ကုန်ကုမ္ပဏီလုပ်ငန်းများ ပုံမှန်အခြေအနေအရ ဝန်ထမ်း ဦးရေသည် (၃၆၀၀၀)ဦးထိ ရှိလာသည်။ တချိန်တည်းတွင် အဆောက်အအုံပစ္စည်းများ၊ စက္ကူသေတ္တာ၊ အမြှပ်သေတ္တာ၊ ပလတ်စတစ်ခြင်းတောင်း၊ တိတ်ခွေ၊ ပိုက်ကွန်များစသည့်လုပ်ငန်းလည်း ဟင်းသီး ဟင်းရွက်စိုက်ပျိုးဖြစ်ထွန်းမှုကြောင့် ထွန်းကားလာလျက်ရှိသည်။

ထို့ပြင် ဟင်းသီးဟင်းရွက်ကုမ္ပဏီလုပ်ငန်းများနှင့် ပြည်ပဈေးကွက်အကြား ပူးပေါင်းဆောင်ရွက်မှု သည်လည်း ပိုပိုဖြစ်ထွန်းအဆင်ပြေလာပြီဖြစ်သည်။ ထွန်းဟိုင်ခရိုင်မှ လယ်ယာထွက်ကုန်ကုမ္ပဏီ လုပ်ငန်း(၁၁)ခုသည် ထိုင်း၊ မလေးရှား၊ ဗီယက်နမ် စသည့်နိုင်ငံတို့တွင် တိုက်ရိုက်ရောင်းချစခန်းများ တည်ဆောက်ထားကြောင်း သိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006