ယူနန်ပြည်နယ်“အလင်းရောင်ခရီးစဉ်”အစီအစဉ်ကို မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးတွင် ကျင်းပ

2018-09-14 18:29:20 |သတင်းအရင်းအမြစ် 云桥网

၂၀၁၈ ခုနှစ် တရုတ်နိုင်ငံယူနန်ပြည်နယ်၊ မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီး “အလင်းရောင်ခရီးစဉ်” ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁၃)ရက်နေ့က မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာ ရွှေရတုတိပိဋက စက္ခုပါလ ကုသိုလ်ဖြစ် မျက်စိကုဆေးရုံ၌ ကျင်းပခဲ့ကြောင်း သိရ ပါသည်။ အဆိုပါအစီအစဉ်သည် (၆)ရက်ကြာအချိန်ကာလတွင် မြန်မာနိုင်ငံမှ မျက်စိအတွင်းတိမ်လူနာ ဦးရေ (၃၀၀)အတွက် အခမဲ့ ခွဲစိတ်ကုသမှုပေးမည်ဖြစ်ပြီး တချိန်တည်းတွင် မြင်းမူထီးဆောင်းဆေးရုံ၏ ဆေးဝန်ထမ်းများအတွက် ဆေးကုသမှုနည်းပညာမွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ ထို့ပြင် ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ဖက်သည် မြင်းမူထီးဆောင်းဆေးရုံအတွက် မြန်မာငွေ (၃၆) သန်းတန်ဖိုးရှိသော ဆေးကုရန်စက်ကိရိယာများနှင့် လူနာဝတ်အင်္ကျီအစုံ(၄၀၀) လှူဒါန်းပေးခဲ့သည်။

“ မြန်မာအဆွေတော်တို့ ပြောဆိုကြတဲ့အတိုင်းပဲ၊ အလင်းရောင် ပေးပို့ခြင်းလို့ခေါ်တဲ့ ပေါက်ဖော်ချစ်ကြည် ရေးတစ်မျိုး ရှိတယ်။ ဒီစကားက ကျွန်မတို့အစီအစဉ်အတွက်လည်း အကောင်းဆုံးရှင်းပြချက် ဖြစ်တယ် လေ”ဟု ယူနန်ဆေးကုသမှုအဖွဲ့၏အဖွဲ့မှူး ကျိုးဟုန်မှ ပြောကြားခဲ့သည်။

ယခုအကြိမ် “အလင်းရောင်ခရီးစဉ်”အစီအစဉ်သည် တရုတ်နိုင်ငံယူနန်ပြည်နယ်ပြည်သူ့အကြား နိုင်ငံတကာချစ်ကြည်ရေးဖလှယ်မှုရံပုံငွေအသင်း၊ ယူနန်ပြည်သူ့အကြားနှင့် လူနေမှုအဖွဲ့ နိုင်ငံတကာ ဖလှယ်ရေးတိုးမြှင့်ရေးအသင်းမှ ဦးစီးကျင်းပခဲ့ကာ ဆေးကုသမှုအဖွဲ့သည် ယူနန်ပြည်နယ် အမှတ်(၂) ပြည်သူ့ဆေးရုံမှ ဆေးဝန်ထမ်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သတင်းအရ ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ယူနန်ပြည်နယ်၏ ဆေးကုသမှုအဖွဲ့သည် မြန်မာနိုင်ငံ၏ အတွင်းတိမ်ရောဂါဝေဒနာရှင် (၁၈၀၀) ဦး အတွက် ခွဲစိတ်ကုသမှုပေးကာ ပြန်မြင်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။

အသက်(၇၃)နှစ်ရှိသော ဒေါ်အေးမြင့်သည် နံနက်ပိုင်း စောစောစီးစီးအချိန်တွင် မန္တလေးမှ ထီးဆောင်း ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။ “ကျွန်မရဲ့ မျက်စိက ဘာကိုပဲကြည့်ကြည့် မှုန်ဝါးဝါးဖြစ်နေတယ်။ ဒါကြောင့် နေရထိုင်ရ တော်တော်လေးကို အဆင်မပြေပါဘူး။ ကျွန်မက မျက်စိကို ရှင်းရှင်းလင်းလင်း ပြန်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်”ဟု သူမ ပြောကြားခဲ့သည်။ ဒေါ်အေးမြင့်သည် ခွဲစိတ်ကုသမှု ဆောင်ရွက် ရန် စောင့်စားရာတွင် မိမိသည် ကံကောင်းသောကြောင့် ယူနန်ဆေးကုသမှုအဖွဲ့၏ အခမဲ့ ဆေးကု ပေးခြင်းကို ခံယူရမည်ဖြစ်ကြောင်း၊ တရုတ်ဆေးဆရာဝန်က သူမပြန်လည်တွေ့မြင်နိုင်အောင် ကုသပေး မည်ကို ယုံကြည်ပါကြောင်း၊ ခွဲစိတ်ကုသမှုဆောင်ရွက်ပြီးနောက် ဇာတိပြန်လျှင် တရုတ်ဆေးဆရာဝန်၏ ကျွမ်းကျင်မှုအကြောင်းအား ဆွေမျိုးနှင့်သူငယ်ချင်းထံ ပြောပြမည်ဖြစ်ကြောင်း ဒေါ်အေးမြင့်သည် သတင်းထောက်ထံ ပြောကြားခဲ့ပါသည်။

မိတ္ထီလာမြို့သား ဦးပွဲအာင်သည် နှစ်ပေါင်းများစွာအတွင်း အတွင်းတိမ်ရောဂါ၏ အနှောင့်အယှက်ကို ငုံ့ခံ နေခဲ့ရသည်။ “အစောပိုင်းက မိမိကိုယ်တိုင် အတွင်းတိမ်ရောဂါ စွဲကပ်နေတာမသိပါဘူး။ ပစ္စည်းတွေ ကြည့်တဲ့အခခါ မှုန်ဝါးဝါးဖြစ်နေပြီး အချိန်ကြာလေ ပြင်းထန်စွာခံစားလေပါပဲ။ နောက်ပိုင်းမှာ အခြေ အနေက ပိုဆိုးသွားပြီ။ ကျွန်တော်က ဘာမဆို ရှင်းရှင်းလင်းလင်း မတွေ့နိုင်တော့ဘူး”ဟု သူက ပြောကြားခဲ့သည်။ မကြာသေးခင်ကမှ သူ၏ ဘယ်ဘက်မျက်စိကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီး ယခု အကြိမ်တွင် ညာဘက်မျက်စိဆေးကုရန် မြင်းမူထီးဆောင်းဆေးရုံကို ရောက်ရှိလာသည်။ “ကျွန်တော်က ဆေးကုသမှုအဖွဲ့ကို အရမ်းကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဘယ်ဘက်မျက်စိကို အခမဲ့ ခွဲစိတ် ကုသမှုဆောင်ရွက်ပြီးနောက် အဝေးကိုလည်း ရှင်းရှင်းလင်းလင်း တွေ့ရပါပြီ။ ဒါကြောင့် ကျွန်တော်က ညာဘက်မျက်စိခွဲစိတ်ကုသမှုခံယူဖို့ကို တော်တော်စောင့်မျှော်နေတယ်။ တရုတ်ဆေးဆရာဝန်တို့က ကျွန်တော်တို့အတွက် အလင်းရောင်နဲ့မျှော်လင့်ချက်ကို သယ်ယူလာတယ်၊ ကျွန်တော်တို့အတွက် အကျိုးကျေးဇူးပေးသူဖြစ်တယ်”ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

မြင်းမူထီးဆောင်းဆေးရုံမှ ဆရာမကြီးဒေါက်တာသီတာချစ်သည် စိတ်ချမ်းသာစွာ ပြုံးနေသော လူနာများ ကို ကြည့်ရင်း ယူနန်ဆေးကုသမှုအဖွဲ့အတွက် ကျေးဇူးတင်ကြောင်း ထပ်မံဖော်ပြနေသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် မြန်မာအတွက် ပရဟိတအစီအစဉ်ကို တက်ကြွစွာ လုပ်ဆောင်နေကြောင်း၊ အလင်းရောင်ခရီးစဉ်လည်း အကြိမ်များစွာကျင်းပခဲ့ပြီး ခွဲစိတ်ကုသမှုအောင်မြင်နှုန်းလည်း (၁၀၀%) ရှိကြောင်း၊ ယူနန်ဆေးကုသမှုအဖွဲ့၏ ကျွမ်းကျင်သော ဆေးကုသမှုနည်းပညာနှင့် ကုသိုလ်ကောင်းမှုများ ကို ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးမှု ခံနေရကြောင်း စသဖြင့် သူမ ပြောကြားခဲ့သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006