တံခါးဖွင့်မူဝါဒကျင့်သုံးသည့်အနှစ်(၄၀)ပြည့်ခရီးတွင် တရုတ်ရထားလမ်း၏ အပြောင်းအလဲကြီးများကို အတူလေ့လာ

2018-09-26 19:01:12 |သတင်းအရင်းအမြစ် 新华网

တရုတ်တံခါးဖွင့်မူဝါဒကျင့်သုံးသည့်အနှစ်(၄၀)ပြည့်ခရီးတွင် ရထားလမ်းအပါအဝင် အခြေခံအဆောက်အဦးများသည် အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။ မျှော်မှန်းအစီအစဉ်အရ ၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ရထားလမ်းသည် စုစုပေါင်းကီလိုမီတာ(၁.၅)သိန်းရောက်ရှိပြီး ၎င်းအနက် အရှိန်မြင့်ရထားလမ်းသည် ကီလိုမီတာ(၃)သောင်းကို ရောက်ရှိမည်ဖြစ်ကာ မြို့ပြကြီး၏(၈၀%)ကို ဖုံးလွမ်းနိုင်မည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်ရောက်ရှိချိန်တွင် အရှိန်မြင့်ရထားလမ်းသည် ကီလိုမီတာ ၃ သိန်း ၈ သောင်းကို ရောက်ရှိမည်ဟု စီစဉ်ထားကြောင်း သိရပါသည်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန(ကွန်ရက်သတင်း)
ဘာသာပြန်၊ Yunnan Gateway.

၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့က တစ်နာရီ ကီလိုမီတာ(၂၀၀) အရှိန်နှုန်းဖြင့်မောင်းနှင်သော အရှိန်မြင့်ရထား ချုံချင့်-ကွေ့ယံ အမြန်ရထားလမ်းကို စတင်အသုံးပြုပြေးဆွဲခဲ့သည်။ ပုံမှာ ကျည်ဆံရထားသည် ဝူးကျန်းမြစ်တံတားကြီးကို ပထမဦးဆုံးအကြိမ် ဖြတ်ကျော်နေစဉ်။

၂၀၀၆ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့က ချင်းဟိုင်-တိဗက်ရထားလမ်းသည် တစ်လမ်းလုံး ပြီးမြောက် ဖွင့်လှစ်ပြေးဆွဲခဲ့သည်။ ပုံမှာ ချင်းဟိုင်ပြည်နယ်တွင်းရှိ ထော်ထော်မြစ်တံတားပေါ်တွင် ဒေသခံများသည် ကော်အယ်မူမြို့မှ ထွက်ခွာသော ချင်းဟိုင်အမှတ်(၁)ရထားတွဲကို ကြိုဆိုနေစဉ်။

၁၉၉၈ ခုနှစ် ဒီဇင်ဘာလ(၆)ရက်နေ့က ပထမဦးဆုံး ဖူးကျိုး-နန်ဖျင်-ဝူရီတောင်ရှုခင်းသာ ခရီးသည် တင်ရထားသည် ဝူရီတောင်ဘူတာရုံသို့ ဆိုက်ရောက်နေစဉ်။

၂၀၀၇ ခုနှစ် ဧပြီလ(၁၈)ရက်နေ့က ယံအမ်း-ရှန်ဟိုင်း K559/560 ရထား ပထမဦးဆုံးအကြိမ် ခရီးသည် တင်ပြေးဆွဲခြင်းအခမ်းအနားကို အသစ်တည်ဆောက်သော ယံအမ်းဘူတာရုံတွင် ကျင်းပခဲ့သည်။ ပုံမှာ မိန်းကလေးတစ်ယောက်သည် ယံအမ်းမှ ရှန်ဟိုင်းသို့သွားသည့် ပထမဦးဆုံးရထားစီးကာ ဆွေမျိုးများနှင့် နုတ်ဆက်စကားပြောနေစဉ်။

၂၀၁၈ ခုနှစ် မေလ(၁၀)ရက်နေ့တွင် ဖူရှင်းအမှတ် (Renaissance EMU) ကျည်ဆံရထား၏ အစိတ်အပိုင်း တပ်ဆင်နေစဉ်။

၂၀၀၉ ခုနှစ် မေလ(၈)ရက်နေ့က ရထားတွဲတစ်တွဲသည် ပေါင်ကြီး-ချင်တူးရထားလမ်းပေါ် အသစ်တည်ဆောက်ထားသော အမှတ် (၁၀၉) လိုဏ်ခေါင်းကို ဖြတ်ကျော်ခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့တွင် ကွမ်ကျိုး-စိန်းကျင်-ဟောင်ကောင် အမြန်ရထားလမ်းပိုင်း တစ်ခုလုံး ဖွင့်လှစ်ပြေးဆွဲနိုင်ခဲ့သည်။ ပုံမှာ အမှတ် G5711 ကျည်ဆံရထားစီးပြီး ဟောင်ကောင်အနောက်ဖက် ကျိုလုံဘူတာရုံသို့သွားသော ခရီးသည်များသည် စိန်းကျင်မြောက်ဖက်ဘူတာရုံတွင် အမှတ်တရဓာတ်ပုံရိုက်စဉ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့က မောင်းမဲ့သူလေယာဉ်ဖြင့် ရိုက်ထားသော ဟိုင်နန်ကျွန်း တစ်ကျွန်းလုံးလည်ပတ်အမြန်ရထားလမ်း စန်းရပ်အပိုင်းကို တွေ့ရစဉ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်စောစောပိုင်းက ကျည်ဆံရထားများကို တရုတ်နှစ်သစ်ကူးပွဲရုံးပိတ်ရက်တွင် ခရီးသည်ပို့ရန် ရထားတွဲအား စစ်ဆေးခြင်းနှင့် အပူချိန်ထိန်းပေးခြင်းကို ဆောင်ရွက်နေစဉ်။

၂၀၀၈ ခုနှစ် မေလ(၃၀)ရက်နေ့တွင် တစ်နာရီ (၃၅၀)ကီလိုမီတာပြေးဆွဲနိုင်သော ပေကျင်း-ထျိန်းကျင်း မြို့ပတ်ရထားတွဲ စမ်းသပ်ပြေးဆွဲခြင်းရထားတွဲသည် ပေကျင်းမြို့ ယုံတင့်တံခါးမရှေ့တံတားကို ဖြတ်ကျော်နေစဉ်။

၂၀၁၇ ခုနှစ် ဇွန်လ(၂၆)ရက်နေ့က တရုတ် စံချိန်မီကျည်ဆံရထားတွဲဖြစ်သော ဖူရှင်းအမှတ် (Renaissance EMU) ကျည်ဆံရထား G123 ရထားတွဲသည် ပေကျင်းတောင်ဖက်ဘူတာရုံးမှ ပထမဦးဆုံးအကြိမ်ထွက်ခွာစဉ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006