ယူနန်ပြည်နယ်သည် တောင်နှင့်လျှိုမြောင်များပြီး မြစ်ချောင်းလည်း နေရာအသီးသီးတွင် ပျံ့နှံ့နေသော ကြောင့် ကုန်းလမ်းတည်ဆောက်ခြင်းသည် အတော်ပင် ခက်ခဲမှုများစွာရှိကာ တရုတ်အခြားပြည်နယ် များနှင့် နှိုင်းယှဉ်လျှင်လည်း နောက်ကျသည်။ ၁၉၉၆ ခုနှစ်ကတည်းက ယူနန်သည် ပြည်နယ်အတွင်း ပထမဦးဆုံး အမြန်ကားလမ်းဖြစ်သော ကူမင်း--စုံးမင် ကားလမ်းကို တည်ဆောက်ခဲ့ကာ (၄၅) ကီလို မီတာ ရှည်လျားသည်။ ထိုအချိန်မှစပြီး ယူနန်သည် အရှိန်အဟုန်ဖြင့် အမြန်ကားလမ်း တည်ဆောက် ရေးကို တွန်းအားပေးပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ လကုန်ထိ (၅၀၈၆)ကီလိုမီတာကို ရောက်ရှိနေပြီဖြစ် သည်။
ယူနန်၏ အမြန်ကားလမ်း (၄၅) ကီလိုမီတာ မှ (၅၀၈၆)ကီလိုမီတာအထိ တိုးများလာသည့်ဖြစ်စဉ်သည် တံခါးဖွင့်မူဝါဒကျင့်သုံးသည့် ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်နှုန်းကို ဖော်ပြနေခြင်းပင်ဖြစ်သည်။
စီးပွားရေးဖြစ်ထွန်းမှုနှင့် တံခါးဖွင့်မူဝါဒကျင့်သုံးခြင်း နက်ရှိုင်းစွာ တွန်းအားပေးသည်ဖြစ်ရာ ယူနန်သည် အမ်းနင်--ချုံရွှင်စသည့် အမြန်ကားလမ်း(၉)ကြောင်းကို တည်ဆောက်ထားခဲ့ကာ စုစုပေါင်းအရှည်သည် ကီလိုမီတာ (၁၁၀၀)ရှိသည်။ ယူနန်လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဦးစီးဌာန၏ ကိန်းဂဏန်း စာရင်းအရ ၂၀၁၈ ခုနှစ် သြဂုတ်လလကုန်တွင် ယူနန်၌ အသုံးပြုပြေးဆွဲနိုင်သော အမြန်ကားလမ်းသည် (၅၀၈၆)ကီလိုမီတာသို့ ရောက်ရှိကြောင်း သိရပါသည်။
ထို့ပြင် ယခုနှစ်သြဂုတ်လလကုန်အထိ “ (၁၃)ကြိမ်မြောက်(၅)နှစ်စီမံကိန်း”တွင် စီစဉ်ထားသည့် အမြန်ကားလမ်းပရောဂျက်(၈၂)ခုအနက် (၁၇)ခုကို ပြီးမြောက်အောင် တည်ဆောက်ထားကာ (၁၀၄၁)ကီလိုမီတာ ရှည်လျားသည်။ ကျန်နေသောပရောဂျက် (၆၅)ခုအနက် ဖူယွမ်-ရှင်းရီ အမြန် ကားလမ်းသည် ရင်းနှီးမြှုပ်နှံခေါ်ယူနေပြီး ကျန်အခြားလမ်းများမှာ စတင်တည်ဆောက်နေကြောင်းလည်း သိရပါသည်။ အစီအစဉ်အရ ၂၀၂၀ ခုနှစ်တွင် ယူနန်တစ်ပြည်နယ်လုံးအတွင်း အမြန်ကားလမ်းသည် ကီလိုမီတာ(၁၀၀၀၀) ရောက်ရှိနိုင်မည်ဖြစ်သည်။
သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway.